အကြောင်းအရာသို့ ကျော်သွားရန်

Simeon

40 အခန်းငယ် · 20 မိသားစုဝင်

Simeon ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. စာရေးတံပြု၍ ကောဟတ်အဆွေအမျိုးတို့သည် အမွေခံရာတွင်၊ လေဝိသား ယဇ်ပုရောဟိတ် အာရုန်၏ သားမြေးတို့သည် စာရေးတံပြုသောအားဖြင့်၊ ယုဒခရိုင်၊ ရှိမောင်ခရိုင်၊ ဗင်္ယာမိန်ခရိုင်ထဲက ဆယ်သုံးမြို့ကို ရကြ၏။

  2. ယုဒအမျိုးသားခရိုင်၊ ရှိမောင်အမျိုးသားခရိုင်ထဲ က ပေး၍ လေဝိသားဖြစ်သော ကောဟတ်အဆွေအမျိုး၊

  3. ယုဒသည် မိမိအစ်ကိုရှိမောင်အား၊ ခါနနိလူတို့ကို တိုက်ခြင်းငှါ ငါ့အမွေမြေသို့ ငါနှင့်အတူ လိုက်ပါ။ သင့်အမွေမြေသို့လည်း သင်နှင့်အတူ ငါလိုက်သွားမည်ဟုဆိုသည်အတိုင်း ရှိမောင်သည် လိုက်သွား လေ၏။

  4. တဖန် ယုဒသည် အစ်ကိုရှိမောင်နှင့်အတူ သွား၍ ဇေဖတ်မြို့၌နေသော ခါနနိလူတို့ကို လုပ်ကြံ၍ မြို့ကို ရှင်းရှင်းဖျက်ဆီးပြီးလျှင်၊ ထိုမြို့ကို ဟော်မာအမည်ဖြင့် သမုတ်ကြ၏။

  5. ဣသရေလ၏သားများဟူမူကား၊ ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန်၊

  6. ရှိမောင်သားကား ယေမွေလ၊ ယာမိန်၊ ယာရိပ်၊ ဇေရ၊ ရှောလတည်း။

  7. တဖန် ရှိမောင်အမျိုးသားယောက်ျားငါးရာတို့ သည် ဣရှိသား၊ ဗိုလ်ပေလတိ၊ နာရိ၊ ရေဖာယ၊ ဩဇေလ နှင့်တကွ၊ စိရတောင်သို့ ချီသွား၍၊

  8. အထက်ဆိုခဲ့ပြီးသော မြို့တို့ကို စာရေးတံပြု၍၊ ယုဒအမျိုးသားခရိုင်၊ ရှိမောင်အမျိုးသားခရိုင်၊ ဗင်္ယာမိန် အမျိုးသားခရိုင်ထဲကပေးကြ၏။

  9. ခွန်အားကြီးသော စစ်သူရဲ၊ ရှိမောင်အမျိုးသား ခုနစ်ထောင်တရာ၊

  10. ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသားအပေါင်းတို့ကို၎င်း၊ ဧဖရိမ်ခရိုင်၊ မနာရှေခရိုင်၊ ရှိမောင်ခရိုင်ထဲက ထွက်သော တပါးအမျိုးသားတို့ကို၎င်း စုဝေးစေ၏။ အာသမင်၏ ဘုရားသခင်ထာဝရဘုရားသည်၊ သူနှင့် အတူ ရှိတော်မူကြောင်းကို၊ ဣသရေလအမျိုးသား အများတို့သည် သိမြင်လျှင်၊ ထိုမင်းဘက်သို့ ဝင်စားကြ၏။

  11. ထိုအတူ မနာရှေခရိုင်၊ ဧဖရိမ်ခရိုင်၊ ရှိမောင် ခရိုင်၊ နဿလိခရိုင် တိုင်အောင်၊ အရပ်ရပ်မြို့များတို့၌ ပေါက်တူးနှင့်လုပ်လျက်၊

  12. ဗယာင်္မိန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင်ရှိမောင် ခရိုင်ရှိရမည်။

  13. ရှိမောင်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဣသခါခရိုင်ရှိရမည်။

  14. မြို့တောင်ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ရှိမောင်တံခါး၊ ဣသခါတံခါး၊ ဇာဗုလုန်တံခါးတည်း ဟူသော တံခါးသုံးပေါက်ရှိရမည်။

  15. ရှိမောင်အမျိုးထဲက တသောင်းနှစ်ထောင်၊ လေဝိ အမျိုးထဲက တသောင်းနှစ်ထောင် ၊ ဣသခါ အမျိုး ထဲက တသောင်းနှစ်ထောင်၊