အကြောင်းအရာသို့ ကျော်သွားရန်

Joshua

189 အခန်းငယ် · 1 မိသားစုဝင်

အခြားအမည်: Oshea, Jehoshua, Hoshea, Jeshua, Jesus

Joshua ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သူတို့က အကျွန်ုပ်တို့သည် ကိုယ်တော်ကျွန် ဖြစ် ပါ၏ဟု ယောရှုအား လျှောက်ဆိုကြ၏။ ယောရှုကလည်း၊ သင်တို့သည် အဘယ်သို့သောသူနည်း။ အဘယ်အရပ်က လာကြသနည်းဟု မေးလျှင်၊

  2. ယောရှုသည်လည်း သူတို့ကို စစ်မှုနှင့်လွတ်စေ၍၊ အသက်ချမ်းသာစေမည်အကြောင်း မိဿဟာယဖွဲ့၏။ ပရိသတ်မင်းတို့သည်လည်း ကျိန်ဆိုခြင်းကို ပြုကြ၏။

  3. ယောရှုသည်လည်း သူတို့ကိုခေါ်၍၊ သင်တို့ သည် ငါတို့အနားမှာနေလျက်ပင်၊ ဝေးသောအရပ်က လာပါပြီဟုဆို၍ ငါတို့ကို အဘယ်ကြောင့် လှည့်စားကြသ နည်း။

  4. သူတို့ကလည်း၊ ဤပြည်တရှောက်လုံးကို သင်တို့ အားပေး၍၊ ပြည်သူပြည်သားအပေါင်းတို့ကို သင်တို့ရှေ့ မှ ပယ်ရှင်းခြင်းငှါ၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရ ဘုရားသည် မိမိကျွန်မောရှေအား မှာထားတော်မူ ကြောင်းကို ကိုယ်တော်ကျွန်တို့သည် ဆက်ဆက်ကြားသိ ၍၊ သင်တို့လက်၌ အသက်ဆုံးမည်ကို အလွန်ကြောက် သောကြောင့်၊ ဤအမှုကို ပြုပါပြီ။

  5. ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်၌ တည်သော ယဇ်ပုလ္လင်တော်အဘို့နှင့် ပရိသတ်တော်တို့ အဘို့ ထိုသူတို့သည် ယနေ့တိုင်အောင် ထင်းခုတ်၍ ရေ ခပ်ရမည်အကြောင်း၊ ထိုနေ့၌ စီရင်လေ၏။ လျှင်၊

  6. ယောရှုသည် ယေရိခေါမြို့နှင့် မင်းကြီးကို ပြုသ ကဲ့သို့၊ အာဣမြို့နှင့် မင်းကြီးကို တိုက်ယူ၍ ရှင်းရှင်းဖျက် ဆီးကြောင်းကို၎င်း၊ ဂိဗောင်မြို့သားတို့သည် ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့၍ အတူနေကြောင်းကို ၎င်း၊ ယေရုရှလင်မင်းကြီးအဒေါနိဇေဒက်သည် ကြား သောအခါ၊

  7. ဂိဗောင်မြို့သည် ယောရှုမှစ၍ ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့သောကြောင့်၊ ထိုမြို့ကို လုပ်ကြံခြင်းငှါ ငါ့ထံသို့လာ၍ ငါနှင့်အတူ ကူညီကြပါဟု နှိုးဆော်သည်အတိုင်း၊

  8. ဂိဗောင်မြို့သားတို့သည် ယောရှုရှိရာ ဂိလဂါလ မြို့သို့ စေလွှတ်၍၊ ကိုယ်တော်၏ ကျွန်တို့ကို ကြည့်ရှုလျက် နေတော်မမူပါနှင့်။ အလျင်အမြန်ကြွ၍ မစကယ်တင် တော်မူပါ။ တောင်ပေါ်မှာနေသော အာမောရိမင်းကြီး အပေါင်းတို့သည် ကျွန်တော်တို့ကို တိုက်ခြင်းငှါ စည်းဝေး ကြပါပြီဟု လျှောက်ကြ၏။

  9. ယောရှုသည်လည်း၊ စစ်မှု၌ ကျင်လည်သောသူ၊ ခွန်အားကြီးသော သူရဲအပေါင်းတို့နှင့်တကွ၊ ဂိလဂါလမြို့မှ တက်သွားလေ၏။

  10. ထာဝရဘုရားကလည်း၊ သူတို့ကို မကြောက်နှင့်။ သင်၏လက်၌ ငါအပ်မည်။ သင့်ရှေ့မှာ လူတစုံတ ယောက်မျှ မခံမရပ်နိုင်ရာဟု ယောရှုအား မိန့်တော်မူ၏။

  11. ယောရှုသည် ဂိလဂါလမြို့မှ တညဉ့်လုံးချီသွား ၍၊ ရန်သူတို့ကို အမှတ်တမဲ့တိုက်လာသဖြင့်၊

  12. ထိုသို့ အာမောရိလူတို့ကို ဣသရေလအမျိုးသား တို့၌ အပ်တော်မူသောနေ့မှာ၊ ယောရှုသည် ထာဝရဘုရား ကို ဆုတောင်းပြီးလျှင်၊ အိုနေ သင်သည် ဂိဗောင်မြို့၌ ၎င်း၊ အိုလ သင်သည် အာယလုန်ချိုင့်၌၎င်း ငြိမ်ဝပ်စွာ နေလော့ဟု ဣသရေလအမျိုးသားများရှေ့တွင် မြွက်ဆို သည်အတိုင်း၊

  13. ထိုနောက်၊ ယောရှုသည်၊ ဣသရေလလူအပေါင်း တို့နှင့်တကွ၊ ဂိလဂါလတပ်သို့ ပြန်သွား၏။

  14. မက္ကဒါလိုင်ခေါင်း၌ ပုန်းလျက်နေသော မင်းကြီး ငါးပါးကို တွေ့ပါပြီဟု ယောရှုအား ကြားလျှောက်လျှင်၊

  15. ယောရှုက၊ လိုင်ခေါင်းဝပေါ်မှာ ကြီးစွာသော ကျောက်တို့ကို လှိမ့်ပုံ၍ လူစောင့်တို့ကို ထားကြလော့။

  16. ယောရှုနှင့် ဣသရေလလူတို့သည် ရန်သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သုတ်သင်ပယ်ရှင်းပြီးမှ၊ ကျန်ကြွင်းသောသူအချို့တို့သည် ခိုင်ခံ့သောမြို့သို့ ဝင်၍ နေကြ၏။

  17. လူအပေါင်းတို့သည် ယောရှုရှိရာ မက္ကဒါတပ်သို့ ငြိမ်ဝပ်စွာ ပြန်လာကြ၏။ ဣသရေလလူ တစုံတယောက် ကို အဘယ်သူမျှ အပြစ်မတင်ရ။

  18. ယောရှုကလည်း၊ လိုင်ခေါင်းကို ဖွင့်ပြီးလျှင်၊ ထို မင်းကြီးငါးပါးတို့ကို လိုင်ခေါင်းထဲကထုတ်၍ ငါ့ထံသို့ ဆောင်ခဲ့ကြဟု မှာလိုက်သည်အတိုင်း၊

  19. ယောရှုထံသို့ ရောက်ပြီးမှ၊ ယောရှုသည် မိမိနှင့် အတူ စစ်ချီသော ဗိုလ်မင်းတို့နှင့် ဣသရေလလူအပေါင်း တို့ကို ခေါ်လျှင်၊ ချဉ်းလာကြ။ ဤမင်းကြီးတို့၏ လည်ကုပ် အပေါ်၌ ခြေကို တင်ကြဟု ဗိုလ်မင်းတို့အား ဆိုသည် အတိုင်း၊ သူတို့သည် ချဉ်းလာ၍ ထိုမင်းကြီးတို့၏ လည် ကုပ်အပေါ်၌ ခြေကို တင်ကြ၏။

  20. ယောရှုကလည်း သင်တို့တိုက်ရသော ရန်သူ အပေါင်းတို့ကို ထာဝရဘုရားသည် ဤကဲ့သို့ပြုတော်မူ မည်ဖြစ်၍ မကြောက်ကြနှင့်၊ စိတ်မပျက်ကြနှင့်။ အားယူ ၍ ရဲရင့်ခြင်းရှိကြလော့ဟု ဆိုပြီးမှ၊

  21. ထိုမင်းကြီးတို့ကို ထားနှင့်ကွပ်မျက်၍ သစ်ပင် ငါးပင်တို့၌ ဆွဲထားလေ၏။ ညဦးတိုင်အောင် သစ်ပင်၌ ဆွဲထားပြီးမှ၊

  22. နေဝင်ချိန်ရောက်သောအခါ၊ ယောရှုစီရင်သည် အတိုင်း သစ်ပင်မှချပြီးလျှင်၊ သူတို့ပုန်းလျက်နေရာ လိုင် ခေါင်း၌ ပစ်ထား၍၊ လိုင်ခေါင်းဝပေါ်မှာ ကြီးစွာသော ကျောက်တို့ကို စုံပုံကြ၏။ ထိုကျောက်ပုံသည် ယနေ့တိုင် အောင်ရှိ၏။

  23. ထိုနေ့၌ ယောရှုသည် မက္ကဒါမြို့ကို တိုက်ယူ၍ မြို့နှင့် မင်းကြီးကို ထားနှင့်လုပ်ကြံပြီးလျှင်၊ မင်းကြီးနှင့် တကွ မြို့သားအပေါင်းတို့ကို တယောက်မျှ မကျန်ကြွင်းရ ဘဲ ရှင်းရှင်းဖျက်ဆီးလေ၏။ ယေရိခေါမင်းကြီးကို ပြုသကဲ့ သို့ မက္ကဒါမင်းကြီးကို ပြုသတည်း။

  24. ထိုနောက် ယောရှုသည်၊ ဣသရေလလူအပေါင်း တို့နှင့်တကွ၊ မက္ကဒါမြို့မှ လိဗနမြို့သို့ချီသွား၍ တိုက်သဖြင့်၊

  25. ယောရှုသည် ဣသရေလလူအပေါင်းတို့နှင့် တကွ၊ လိဗနမြို့မှ လာခိရှမြို့သို့ ချီသွား၍ တပ်ချလျက် တိုက်ကြ၏။