အကြောင်းအရာသို့ ကျော်သွားရန်

Joshua

189 အခန်းငယ် · 1 မိသားစုဝင်

အခြားအမည်: Oshea, Jehoshua, Hoshea, Jeshua, Jesus

Joshua ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဤကျောက်သည် ငါတို့အား သက်သေဖြစ်ရ လိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသော စကားအလုံးစုံ ကို ကြားရပြီ။ သို့ဖြစ်၍ သင်တို့သည် ဘုရားသခင်ကို ငြင်းပယ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သင်တို့အား သက်သေဖြစ်ရလိမ့်မည်ဟု လူအပေါင်းတို့အား ပြောဆို ပြီးမှ၊

  2. အသီးအသီး မိမိတို့အမွေခံရာအရပ်သို့ ပြန်သွား ရသောအခွင့်ကို ပေးလေ၏။

  3. ထိုနောက်မှ ထာဝရဘုရား၏ကျွန်၊ နုန်၏သား ယောရှုသည် အသက်တရာတဆယ်ရှိသော် အနိစ္စ ရောက်လေ၏။

  4. ယောရှုလက်ထက်ကာလပတ်လုံး ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားကို ဝတ်ပြုကြ၏။ ထာဝရဘုရားသည် ဣသရေလအမျိုးအဘို့ ပြုတော်မူ သမျှတို့ကို သိ၍ ယောရှုမရှိသည်နောက် အသက်ရှင်သေး သော အသက်ကြီးသူတို့လက်ထက်၌လည်း ထာဝရဘုရား ကို ဝတ်ပြုကြ၏။

  5. ယောရှု အနိစ္စရောက်သောနောက်၊ ဣသရေလအမျိုးသားတို့က၊ အကျွန်ုပ်တို့တွင် အဘယ်သူသည် ခါနနိလူတို့ရှိရာသို့ ရှေ့ဦးစွာ ချီသွားရပါမည်နည်းဟု ထာဝရဘုရားအား မေးလျှောက်ကြလျှင်၊

  6. အထက်က ယောရှုသည် လူများတို့ကို လွှတ်လိုက်သောအခါ၊ ဣသရေလအမျိုးသားတို့သည် အသီးအသီး မိမိတို့အမွေခံရာမြေကို သိမ်းယူခြင်းငှါ သွားကြ၏။

  7. ယောရှုလက်ထက်ကာလပတ်လုံး၊ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားကို ဝတ်ပြုကြ၏။ထာဝရဘုရားသည် ဣသရေလအမျိုးအဘို့ ပြုတော်မူသော အမှုကြီးအလုံးစုံတို့ကို သိမြင်၍၊ ယောရှုမရှိသောနောက် အသက်ရှင်သေးသော အသက်ကြီးသူတို့လက်ထက်၌လည်း ထာဝရဘုရားကို ဝတ်ပြုကြ၏။

  8. ထာဝရဘုရား၏ကျွန်၊ နုန်၏သား ယောရှုသည် အသက်တရာတဆယ်ရှိသော် အနိစ္စရောက်လေ၏။

  9. ယောရှုသေသောနောက် ကျန်ကြွင်းရစ်သော လူမျိုးတစုံတမျိုးကို သူတို့ရှေ့မှ နောက်တဖန် ငါမနှင်ထုတ်။

  10. ထိုလူမျိုးကို ယောရှုလက်၌ မအပ် အလျင်အမြန် မနှင်ထုတ်ဘဲ နေတော်မူ၏။

  11. အာဟပ်လက်ထပ်၌ ဗေသလမြို့သားဟိဧလသည် ယေရိခေါမြို့ကို တည်၏။ ထာဝရဘုရားသည် နုန်၏သားယောရှုအားဖြင့် မိန့်တော်မူသော စကားနှင့် အညီ၊ သားဦးအဘိရံလက်ထက်၌ မြို့ရိုးအမြစ်ကိုတည်၍၊ သားထွေး စေရပ်လက်ထက်၌ မြို့တံခါးတို့ကို ထောင်၏။

  12. သူ၏သားနုန်၊ သူ၏သားယောရှုတည်း။

  13. ထိုသို့သိမ်းသွားခြင်းကို ခံရရာထဲကထွက်လာ သော ပရိသတ်အပေါင်းတို့သည် သစ်ခက်တဲတို့ကို လုပ်၍ ထိုင်နေကြ၏။ နုန်သား ယောရှုလက်ထက်မှစ၍ ဣသ ရေလအမျိုးသားတို့သည် တခါမျှ ထိုသို့မပြုကြ။ အလွန် ဝမ်းမြောက်လျက်နေကြ၏။

  14. နောက်ကျသော ငါတို့အဘများသည် ထိုတဲ တော်ကို တပါးအမျိုးသားတို့ ပိုင်သော မြေထဲသို့ ယောရှုနှင့်အတူ ဆောင်သွင်းကြ၏။ ထိုတပါး အမျိုးသား တို့ကို ဘုရားသခင်သည် ဒါဝိဒ်မင်းလက်ထက်တိုင်အောင် ငါတို့အဘများထံမှ နှင်ထုတ်တော်မူ၏။