အကြောင်းအရာသို့ ကျော်သွားရန်

Jehoshaphat

69 အခန်းငယ် · 9 မိသားစုဝင်

အခြားအမည်: Josaphat

Jehoshaphat ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယောရှဖတ်သည် ကြောက်၍၊ ထာဝရဘုရားကို ရှာခြင်းငှါ သဘောချလျက်၊ အစာရှောင်ရာအချိန်ကို၊ ယုဒပြည်တရှောက်လုံး၌ ကြော်ငြာစေတော်မူ၏။

  2. ယောရှဖတ်သည် ဗိမာန်တော် တန်တိုင်း သစ်ရှေ့၊ ယုဒပြည်သူယေရုရှလင်မြို့သား စည်းဝေးရာ ပရိသတ်အလယ်၌ရပ်လျက်၊

  3. ထိုသူက၊ အိုယောရှဖတ်မင်းကြီးနှင့် ယုဒပြည်သူ၊ ယေရုရှလင်မြို့ သားအပေါင်းတို့၊ နားထောင်ကြလော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုအလုံးအရင်းကြီး ကြောင့် မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ စစ်မှုသည် သင်တို့တာမဟုတ်၊ ဘုရားသခင့်တာဖြစ်၏။

  4. ယောရှဖတ်သည် မြေပေါ်မှာဦးချ၍ ယုဒပြည် သူယေရုရှလင်မြို့သားအပေါင်းတို့သည် ထာဝရဘုရား ရှေ့တော်၌ ပြပ်ဝပ်လျက်၊ ထာဝရဘုရားကို ကိုးကွယ် ကြ၏။

  5. နက်ဖြန်နံနက်စောစောထ၍၊ တေကောတော သို့ ထွက်သွားကြ၏။ သွားကြစဉ်တွင်၊ ယောရှဖတ်သည် ရပ်၍၊ အိုယုဒပြည်သူ ယေရုရှလင်မြို့သားတို့၊ နား ထောင်ကြလော့။ သင်တို့၏ဘုရားသခင်ကို ယုံကြည်ကြ လော့။ သို့ပြုလျှင် တည်ကြည်ကြလိမ့်မည်။ ပရောဖက် တော်တို့ကို ယုံကြည်ကြလော့။ သို့ပြုလျှင် အောင်မြင် ကြလိမ့်မည်ဟု မိန့်တော်မူ၏။

  6. ယောရှဖတ်နှင့် သူ၏လူတို့သည်၊ ရန်သူတို့ဥစ္စာ ကိုလုယူခြင်းငှါ လာကြသောအခါ၊ အသေကောင်တို့၌ များစွာသောဥစ္စာ၊ အဘိုးထိုက်သော တန်ဆာတို့ကို တွေ့သဖြင့်၊ ထမ်း၍မသွားနိုင်အောင်ချွတ်ယူကြ၏။ လက်ရ ဥစ္စာအလွန်များသောကြောင့်၊ သုံးရတ်ပတ်လုံး လုယူထုပ်ထားလျက်နေကြ ၏။

  7. ထိုအခါ သူတို့သည် ရန်သူတို့အပေါ်မှာ ဝမ်း မြောက်သောအခွင့်ကို၊ ထာဝရဘုရားပေးတော်မူသော ကြောင့်၊ ယောရှဖတ်သည် ရှေ့ဦးစွာ ကြွ၍ယုဒပြည်သူ ယေရုရှလင်မြို့သားအပေါင်းတို့သည်၊ ဝမ်းမြောက်သော စိတ်နှင့် ယေရုရှလင်မြို့သို့ ပြန်သွား၍၊

  8. ထိုသို့ဘုရားသခင်သည် အရပ်ရပ်၌ ငြိမ်ဝပ် သော အခွင့်ကိုပေ တော်မူသောကြောင့်၊ ယောရှဖတ်၏ နိုင်ငံတော်သည် သာယာ၏။

  9. ယောရှဖတ်သည် အသက်သုံးဆယ်ငါးနှစ် ရှိသော် နန်းထိုင်၍ နှစ်ဆယ်ငါးနှစ်ပတ်လုံး ယေရုရှလင် မြို့မှာနေလျက်၊ ယုဒပြည်ကို စိုးစံလေ၏။ မယ်တော်ကား ရှိလဟိသမီးအဇုဘအမည်ရှိ၏။

  10. ယောရှဖတ်ပြုမူသော အမှုအရာကြွင်းလေသမျှ အစအဆုံးတို့သည်၊ ဣသရေလရာဇဝင်နှင့် ဆက်၍၊ ဟာနန်သားယေဟု စီရင်သောစာ ၌ရေးထားလျက်ရှိ၏။

  11. နောက်တဖန် ယုဒရှင်ဘုရင် ယောရှဖတ်သည်၊

  12. ထိုအခါ မရေရှမြို့သူ၊ ဒေါဒေဝသား ဧလျေဇက၊ မင်းကြီးသည် အာခဇိနှင့် ပေါင်းဘော်သောကြောင့်၊ ထာဝရဘုရားသည် မင်းကြီးပြုသော အမှုကိုဖျက်တော် မူပြီးဟု ယောရှဖတ်တဘက်၌ ဟောသည်နှင့်အညီ၊ ထိုသင်္ဘောတို့သည် တာရှုမြို့သို့ မသွားနိုင်အောင်ကျိုးပဲ့ ကြ၏။

  13. ယောရှဖတ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သား တော်ယဟောရံသည် ခမည်းတော်အရာ၌ နန်းထိုင်၏။

  14. ယုဒရှင်ဘုရင်ယောရှဖတ်သား၊ ယဟောရံညီဟူ မူကား၊ အာဇရိ၊ ယေယလေ၊ ဇာခရိ၊ အာဇရိ၊ မိက္ခေလ၊ ရှေဖတိတည်း။

  15. ပရောဖက်ဧလိယ ပေးလိုက်သောစာသည် ထိုမင်းထံသို့ ရောက်သဖြင့်၊ သင့်အဘဒါဝိဒ်၏ ဘုရား သခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ခမည်းတော်ယောရှဖတ်လမ်းနှင့် ယုဒရှင်ဘုရင်အာသ လမ်းသို့ မလိုက်၊

  16. ရှမာရိပြည်၌ ပုန်လျက်နေသော အာခဇိကို ရှာ၍ ဘမ်မိသောအခါ၊ ယေဘုထံသို့ ဆောင်ခဲ့ပြီးမှ သတ်၍ သင်္ဂြိုဟ်ကြ၏။ အကြောင်းမူကား၊ သူသည် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ရှာသော ယောရှ ဖတ်၏ အမျိုးဖြစ်သည်ဟု ဆိုကြ၏။ ထိုသို့အာခဇိအမျိုး သည် နိုင်ငံကိုအုပ်စိုးခြင်းငှါ မတတ်နိုင်။

  17. ခပ်သိမ်းသော လူမျိုးတကာတို့ကို ငါသည် စုဝေး စေ၍ ယောရှဖတ်ချိုင့်သို့ ခေါ်ခဲ့မည်။ သူတို့သည် ငါ့ပြည် ကို ဝေဖန်၍ အတိုင်းတိုင်းအပြည်ပြည်တို့တွင် ကွဲပြားစေ သော ငါ၏အမွေလူ ဣသရေလအမျိုးဘက်မှာ ငါသည် တရားစီရင်မည်။

  18. တပါးအမျိုးသားတို့သည် ထ၍ ယောရှဖတ်ချိုင့် သို့ တက်လာကြစေ။ ပတ်လည်၌နေသော တပါးအမျိုး သားအပေါင်းတို့ကို စစ်ကြောစီရင်ခြင်းငှာ ထိုအရပ်၌ ငါထိုင်မည်။

  19. အာသသားယောရှဖတ်။ ယောရှဖတ်သား ယဟောရံ။ ယဟောရံသား ဩဇိ။