အကြောင်းအရာသို့ ကျော်သွားရန်

God

11,427 အခန်းငယ် · 2 မိသားစုဝင်

God ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သင်တို့ကျင့်စရာဘို့ မှာထားတော်မူသော ပဋိ ညာဉ်တရားတည်းဟူသော ပညတ်တော်ဆယ်ပါးတို့ကို မိန့်မြွက်၍ ကျောက်ပြားနှစ်ပြားပေါ်၌ ရေးထားတော်မူ ၏။

  2. သင်တို့သည် သွား၍ ဝင်စားသောပြည်၌ သင်တို့အား ငါသွန်သင်ရသော စီရင်ထုံးဖွဲ့ ချက်တို့ကို လည်း၊ ထိုအခါ ထာဝရဘုရားသည် ငါ့အား မှာထား တော်မူ၏။

  3. ဟောအရပ်အရပ်၌ ထာဝရဘုရားသည် မီးထဲက သင်တို့အား မိန့်မြွက်တော်မူသောအခါ၊ မည်သည့် အဆင်းသဏ္ဍာန်ကိုမျှ မမြင်ရသည်ဖြစ်၍၊

  4. မိုဃ်းကောင်းကင်ကို မြော်၍၊ နေ၊ လ၊ ကြယ်များ တည်းဟူသော မိုဃ်းကောင်းကင် တန်ဆာရှိသမျှတို့ကို မြင်သောအခါ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ မိုဃ်းကောင်းကင်အောက်၌ ရှိသမျှသော လူမျိုးတို့ အား ဝေငှပေးကမ်းတော်မူသော ထိုတန်ဆာတို့ကို ဝတ်ပြုကိုးကွယ်စေခြင်းငှာ၊ သူတပါးတို့သည် သွေးဆောင် ၍ မရနိုင်မည်အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြု ကြလော့။

  5. သင်တို့သည် ယနေ့၌ ဖြစ်သကဲ့သို့၊ ထာဝရ ဘုရား အမွေခံတော်မူသော လူမျိုးဖြစ်စေခြင်းငှာ၊ သင်တို့ ကို အဲဂုတ္တုပြည် သံမီးဖိုထဲကနှုတ်၍ ယူဆောင်တော်မူပြီ။

  6. ထိုမှတပါး၊ ထာဝရဘုရားသည် သင်တို့အတွက် ငါ့ကို အမျက်တော်ထွက်၍၊ ငါသည် ယော်ဒန်မြစ် တဘက်သို့ မကူးရမည်အကြောင်းနှင့် သင်တို့၏ ဘုရား သခင် ထာဝရဘုရားသည် သင်တို့အမွေခံစရာဘို့ ပေးတော်မူသော ထိုပြည်မြတ်သို့ မဝင်စားရမည် အကြောင်း ကျိန်ဆိုတော်မူပြီ။

  7. သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့၌ ထားတော်မူသော ပဋိညာဉ်တရားကို မေ့လျော့ ၍၊ သင်တို့ဘုရားသခင် ထာဝရဘုရား မြစ်တားတော်မူ သော အရာတို့၏ သဏ္ဍာန်ရှိသော ရုပ်တုကို မလုပ်မည် အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြုကြလော့။

  8. အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် လောင်သောမီး၊ အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားဖြစ်တော်မူ၏။

  9. သင်တို့သည် သားမြေးတို့ကို ဘွားမြင်၍၊ ထိုပြည်၌ ကြာမြင့်စွာ နေပြီးမှ၊ တဖန် ဖောက်ပြန်သဖြင့်၊ သဏ္ဍာန်တစုံတခုရှိသော ရုပ်တုကို လုပ်၍၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား အမျက်တော်ကို နှိုးဆော် ခြင်းငှာ ရှေ့တော်၌ ဒုစရိုက်ကို ပြုလျှင်၊

  10. ထာဝရဘုရားသည်လည်း၊ သင်တို့ကို တပါး အမျိုးသားတို့တွင် အရပ်ရပ်ကွဲပြားစေ၍၊ နှင်ထုတ်တော် မူသော သာသနာပလူတို့တွင် သင်တို့သည် နည်းနည်း ကျန်ကြွင်းရကြလိမ့်မည်။

  11. သို့သော်လည်း၊ ထိုအရပ်တို့၌ သင်တို့၏ဘုရား သခင် ထာဝရဘုရားကို တဖန်ရှာလိုသောအခါ၊ စိတ်နှလုံး အကြွင်းမဲ့ရှာလျှင် တွေ့ရကြလိမ့်မည်။

  12. သင်တို့သည် နောင်ကာလ၌ ဒုက္ခဆင်းရဲကို ခံရ၍၊ ဤအမှုအလုံးစုံတို့နှင့် တွေ့ကြုံသောအခါ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လာ၍ စကား တော်ကို နားထောင်လျှင်၊

  13. သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် သနားတတ်သောဘုရား ဖြစ်တော်မူသောကြောင့် သင်တို့ကို စွန့်ပစ်ဖျက်ဆီးတော်မမူ။ သင်တို့ဘိုးဘေးတို့ အား ကျိန်ဆိုတော်မူသော ပဋိညာဉ်တရားကို မေ့လျော့ တော်မမူ။

  14. ဘုရားသခင်သည် မြေကြီးပေါ်မှာ လူကို ဖန်ဆင်းတော်မူသော နေ့မှစ၍၊ သင်တို့ မဖြစ်မှီ လွန်လေပြီးသော ကာလပတ်လုံး၊ မိုဃ်းကောင်းကင် တဘက်မှ တဘက်တိုင်အောင် မေးမြန်းကြလော့။ ဤမျှလောက် ကြီးသောအမှု ဖြစ်ဘူးသလော။ ဤကဲ့သို့ သော အမှု၏ သိတင်းကို ကြားဘူးသလော။

  15. ဘုရားသခင်သည် မီးထဲက မိန့်မြွက်တော်မူ သံကို သင်တို့သည် ကြားသကဲ့သို့၊ အခြားသောလူမျိုးသည် ကြား၍၊ အသက်ချမ်းသာ ရဘူးသလော။

  16. သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ အဲဂုတ္တုပြည်မှာ သင်တို့မျက်မှောက်၌ ပြုတော်မူသကဲ့သို့၊ စုံစမ်းခြင်းနိမိတ်လက္ခဏာနှင့် အံ့ဘွယ်သောအမှုတို့ကို ပြခြင်း၊ စစ်မှုကိုရောက်စေခြင်း၊ အားကြီးသော လက်ရုံး တော်ကို ဆန့်ခြင်း၊ ကြောက်မက်ဘွယ်သော ရူပါရုံတို့ကို ပြခြင်းအားဖြင့်၊ အခြားတပါးသော ဘုရားသည် သွား၍ လူတမျိုးထဲက တမျိုးကို မိမိအဘို့ နှုတ်ယူဘူးသလော။

  17. ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ ကြောင်းကို၎င်း၊ ကိုယ်တော်မှတပါး အခြားသောဘုရား မရှိကြောင်းကို၎င်း၊ သင်တို့သိစေခြင်းငှာ၊ ထိုအခြင်းအရာ တို့ကို သင်တို့အား ပြတော်မူပြီ။

  18. သင်တို့ကို သွန်သင်၍ ကောင်းကင်ထဲက စကား တော်သံကို ကြားစေတော်မူပြီ။ မြေကြီးပေါ်မှာ ကြီးစွာ သော မီးတော်ကိုလည်း ပြတော်မူ၍၊ သင်တို့သည် မီးထဲက စကားတော်ကို ကြားရကြပြီ။

  19. သင်တို့ဘိုးဘေးများကို ချစ်တော်မူသောကြောင့်၊ သူတို့ အမျိုးအနွယ်ကို ရွေးကောက်တော်မူပြီ။

  20. သို့ဖြစ်၍ ထာဝရဘုရားသည် အထက်ကောင်း ကင်ပေါ်၊ အောက်အရပ် မြေကြီးပေါ်မှာ ဘုရားသခင် ဖြစ်တော်မူကြောင်းကို၎င်း၊ အခြားတပါးသောဘုရား မရှိ ကြောင်းကို၎င်း၊ ယနေ့သိမှတ်၍ နှလုံး၌ သွင်းမိကြလော့။

  21. သင်တို့နှင့်တကွ သားမြေးတို့သည် ချမ်းသာရ ခြင်းငှာ၎င်း၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားပေး တော်မူသောပြည်၌ အသက်တာရှည်စေခြင်းငှာ၎င်း၊ ယနေ့ငါမှာထားသော ပညတ်တရားတော်တို့ကို စောင့် ရှောက်ရကြမည်ဟု မောရှေသည် ဟောပြောလေ၏။

  22. ငါတို့ဘုရားသခင် ထာဝရဘုရားသည် ဟောရပ် တောင်၌ ငါတို့နှင့် ပဋိညာဉ်ပြုတော်မူ၏။

  23. ထိုပဋိညာဉ်တရားကို ထာဝရဘုရားသည် ငါတို့ ဘိုးဘေးများနှင့်သာ ပြုတော်မူသည်မဟုတ်။ ယနေ့ပင် အသက်ရှင်၍ ဤအရပ်၌ ရှိသမျှသော ငါတို့နှင့် ပြုတော်မူ၏။

  24. ထာဝရဘုရားသည် တောင်ပေါ်မှာ မီးထဲက သင်တို့နှင့် မျက်နှာချင်းဆိုင်၍ မိန့်မြွက်တော်မူ၏။

  25. ထိုအခါ သင်တို့သည် မီးကိုကြောက်၍ တောင် ပေါ်သို့ မတက်ဝံ့သောကြောင့်၊ ငါသည် ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုခြင်းငှာ၊ ထာဝရဘုရားနှင့် သင်တို့ စပ်ကြားမှာ ရပ်နေ၏။