အကြောင်းအရာသို့ ကျော်သွားရန်

God

11,427 အခန်းငယ် · 2 မိသားစုဝင်

God ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ သင့်ကို ကယ်နှုတ် ဆောင်ယူခဲ့သော ထာဝရဘုရားကို မမေ့လျော့မည် အကြောင်း၊ ကိုယ်ကို ကိုယ်သတိပြုလော့။

  2. သင်၏ဘုရားသခင် ထာဝရဘုရားကို ကြောက် ရွံ့ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။ နာမ တော်အားဖြင့်လည်း ကျိန်ဆိုခြင်းကိုပြုရမည်။

  3. သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ ၌ အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားဖြစ်တော်မူ၏။ သင်၏ ဘုရားသခင်ထာဝရဘုရားသည် သင့်ကို အမျက် ထွက်၍ မြေကြီးပြင်မှာ သုတ်သင်ပယ်ရှင်းတော်မူမည်ဟု စိုးရိမ် စရာရှိ၏။

  4. သင်သည် မဿာအရပ်၌ ပြုသကဲ့သို့၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို အစုံအစမ်းမပြုရ။

  5. သင်၏ဘုရားသခင် ထာဝရဘုရားထားတော်မူ သော သက်သေခံချက်၊ စီရင်ချက်၊ ပညတ်တရားတို့ကို ကြိုးစား၍ စောင့်ရှောက်ရမည်။

  6. သင်သည် ချမ်းသာရခြင်းငှာ၎င်း၊

  7. ထာဝရဘုရား ဂတိတော်ရှိသည်အတိုင်း ရန်သူ အပေါင်းတို့ကို သင့်ရှေ့မှ နှင်ထုတ်သဖြင့်၊ သင်၏ဘိုးဘေး တို့အား ကျိန်ဆိုတော်မူသော ပြည်မြတ်ကို ဝင်စား၍ နေခြင်းငှာ၎င်း၊ ထာဝရဘုရားရှေ့တော်၌ ဖြောင့်မတ် လျောက်ပတ်သောအမှုတို့ကို ပြုရမည်။

  8. နောင်ကာလ၌ သင်၏သားက၊ ငါတို့ဘုရား သခင် ထာဝရဘုရားထားတော်မူသော ဤသက်သေခံ ချက်၊ စီရင်ထုံးဖွဲ့ချက်တို့သည် အဘယ်သို့ ဆိုလိုသနည်းဟု မေးမြန်းလျှင်၊

  9. သင်က၊ ငါတို့သည် အဲဂုတ္တုပြည်၌ ဖါရောဘုရင် ၏ ကျွန်ဖြစ်၍ နေစဉ်အခါ၊ ထာဝရဘုရားသည် အားကြီး သောလက်တော်နှင့် ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူ၏။

  10. ထာဝရဘုရားသည်လည်း၊ ကြီးမားခက်ထန် သော နိမိတ်လက္ခဏာ အံ့ဘွယ်သရဲတို့ကို အဲဂုတ္တုပြည် အပေါ်မှာ၎င်း၊ ဖာရောဘုရင်နှင့် နန်းတော်သားတို့အပေါ်မှာ၎င်း၊ ငါတို့မျက်မှောက်၌ ပြုတော်မူပြီးလျှင်၊

  11. ငါတို့ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပြည်သို့ သွင်း၍ နေရာချခြင်းအလို့ငှာ၊ ထိုပြည်မှ နှုတ်ဆောင်တော်မူ၏။

  12. ထာဝရဘုရားသည် ယနေ့တိုင်အောင် ကျေးဇူး ပြုတော်မူသကဲ့သို့၊ ငါတို့အသက်ကို စောင့်တော်မူမည် အကြောင်း၊ ငါတို့သည် ကိုယ်အကျိုးကို ထောက်၍၊ ငါတို့ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့လျက်၊ ဤ ပညတ်အလုံးစုံတို့ကို ကျင့်စေခြင်းငှာ မှာထားတော်မူ၏။

  13. သို့ဖြစ်၍ ငါတို့ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ဤပညတ်အလုံးစုံတို့ကို ရှေ့တော်၌ ကျင့်စောင့်ခြင်းငှာ သတိပြုလျှင်၊ ဖြောင့်မတ် ရာသို့ ရောက်ရကြလိမ့်မည်ဟု ပြန်ပြောရမည်။

  14. သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင် သွား၍ ဝင်စားလတံ့သောပြည်သို့ သင့်ကို ဆောင်သွင်း လျက်၊ ဟိတ္တိလူ၊ ဂိရဂါရှိလူ၊ အာမောရိလူ၊ ခါနာနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတည်းဟူသော၊ သင့်ထက်ကြီးမြင့် များပြားသော လူမျိုးခုနစ်မျိုးတို့ကို သင့်ထံက နှင်ထုတ်၍၊

  15. တဖန်သင့်လက်၌ အပ်တော်မူသောအခါ၊ သူတို့ ကို လုပ်ကြံ၍ အကုန်အစင် သုတ်သင်ပယ်ရှင်းရမည်။ သူတို့နှင့် မိဿဟာယမဖွဲ့ရ၊ ကရုဏာကို မပြရ။

  16. အကြောင်းမူကား၊ သူတို့သည် သင်၏သားကို ငါ၌ မဆည်းမကပ်စေဘဲ၊ အခြားတပါးသော ဘုရားအား ဝတ်ပြုစေခြင်းငှာ သွေးဆောင်ကြလိမ့်မည်။ ထိုအခါ အမျက်ထွက်၍ သင်တို့ကို ချက်ခြင်း ဖျက်ဆီးတော်မူ လိမ့်မည်။

  17. အကြောင်းမူကား၊ သင်သည် သင်၏ ဘုရား သခင် ထာဝရဘုရားအဘို့ သန့်ရှင်းသောအမျိုး ဖြစ်၏။ မြေကြီးပေါ်မှာ ရှိသမျှသော လူမျိုးထက် သင်၏ဘုရား သခင် ထာဝရဘုရားပိုင်ထိုက်သော အမျိုးဖြစ်စေခြင်းငှာ သင့်ကို ရွေးချယ်တော်မူပြီ။

  18. သင်သည် အခြားသောလူမျိုးထက် သာ၍ များသောကြောင့်၊ ထာဝရဘုရားသည် သင့်ကို ချစ်၍ ရွေးချယ်တော်မူသည်မဟုတ်။ သင်သည် အခြားသော လူမျိုးတကာတို့ထက် သာ၍နည်း၏။

  19. ထာဝရဘုရားသည် သင့်ကိုချစ်သောကြောင့် ၎င်း၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော အကျိတ်ကို မဖျက်လိုသောကြောင့်၎င်း၊ ကျွန်ခံနေရာ အဲ ဂုတ္တုပြည်ကို အစိုးရသော ဖါရောဘုရင်လက်မှ အားကြီး သော လက်တော်နှင့် သင့်ကို ရွေးနှုတ်ဆောင်ယူခဲ့တော် မူပြီ။

  20. သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရား သည် မှန်သောဘုရား၊ သစ္စာစောင့်သောဘုရား၊ ကိုယ် တော်ကို ချစ်၍ ပညတ်တော်တို့ကို စောင့်ရှောက်သော သူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်း တိုင်အောင် ပဋိညာဉ်စကားတည်၍ ကရုဏာကို ပြသောဘုရား၊

  21. ကိုယ်တော်ကို မုန်းသောသူတို့ကို ဖျက်ဆီးခြင်း ငှာ၊ သူတို့မျက်မှောက်၌ အပြစ်ပေးသော ဘုရားဖြစ်တော် မူကြောင်းကို သိမှတ်လော့။ ကိုယ်တော်ကို မုန်းသော သူတို့ကို အားမနာဘဲ၊ သူတို့မျက်မှောက်၌ အပြစ်ပေး တော်မူမည်။

  22. ထိုပညတ်တို့ကို သင်သည် ကျင့်ဆောင်အံ့သော ငှာ နားထောင်လျှင်၊ သင်၏ဘုရားသခင် ထာဝရဘုရား သည် သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပဋိညာဉ်နှင့် ကရုဏာတော်ကို စောင့်တော်မူမည်။

  23. သင့်ကိုချစ်သဖြင့် ကောင်းကြီးပေး၍ များပြား စေတော်မူမည်။ သင့်အား ပေးခြင်းငှာ၊ သင်၏ဘိုးဘေးတို့ အား ကျိန်ဆိုတော်မူသောပြည်၌ သင်ဘွားမြင်သော သားတို့ကို ၎င်း၊ သင်၏မြေ အသီးအနှံ၊ စပါး၊ စပျစ်ရည်၊ ဆီ၊ နွား အစီးအပွား၊ သိုးစုတို့ကို၎င်း ကောင်းကြီးပေး တော်မူမည်။

  24. ထာဝရဘုရားသည်လည်း၊ အနာရောဂါရှိသမျှ တို့ကို သင့်ဆီက ပယ်ရှား၍၊ သင်သိသော အဲဂုတ္တုပြည်၏ အနာဆိုးကို သင်၌ စွဲစေတော်မမူ။ သင့်ကိုမုန်းသောသူ မပေါင်းတို့၌ စွဲစေတော်မူမည်။

  25. သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင်၌ အပ်ပေးတော်မူသော လူမျိုးအပေါင်းကို ဖျက်ဆီး ရမည်။ သင်၏မျက်စိသည် သူတို့ကို မသနားရ။ သူတို့ ဘုရားအား ဝတ်မပြုရ။ ဝတ်ပြုလျှင်၊ ထိမိ၍ လဲစရာ အကြောင်း ဖြစ်လိမ့်မည်။-