အကြောင်းအရာသို့ ကျော်သွားရန်

God

11,427 အခန်းငယ် · 2 မိသားစုဝင်

God ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဣသရေလအမျိုးသားတို့သည် သန့်ရှင်းစေ၍ ထာဝရဘုရားအား ဆောင်ခဲ့သော ပူဇော်သက္ကာရှိသမျှ တို့ကို သင်နှင့်သင်၏ သားသမီးတို့အား ထာဝရပညတ် တရားအားဖြင့် ငါပေးပြီ။ သင်အစရှိသော သင်၏အမျိုး အနွယ်နှင့်ဆို၍ ထာဝရဘုရား ရှေ့တော်၌ ဆားနှင့်ယှဉ် သော ထာဝရပဋိညာဉ်ဖြစ်သတည်းဟု မိန့်တော်မူ၏။

  2. တဖန် ထာဝရဘုရားသည် အာရုန်အား မိန့် တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့ နေရာပြည်၌ သင့်အမွေခံရာမြေ၊ သူတို့နှင့်ရော၍ ပိုင်သောအဘို့ မရှိရ။ ငါသည်ကား သူတို့တွင် သင်ပိုင်သောအဘို့ သင့်အမွေ ဥစ္စာဖြစ်၏။

  3. လေဝိသားတို့သည် ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်သောကြောင့်၊ သူတို့အမွေခံ စရာ ဣသရေလအမျိုးသားတို့၏ ဥစ္စာဆယ်ဘို့တဘို့ကို ငါပေးပြီ။

  4. ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား အား ပူဇော်သကာပြုသော ကိုယ်ဥစ္စာဆယ်ဘို့တဘို့ကို၊ လေဝိသားအမွေခံစရာဘို့ ငါပေးပြီ။ ထို့ကြောင့် သူတို့ သည် ဣသရေလအမျိုးသားတို့နှင့် ရော၍ အမွေမခံရဟု ငါ့အမိန့်တော်ရှိ၏။

  5. တဖန် မောရှေအား ထာဝရဘုရားက၊ သင် သည် လေဝိသားတို့အား ဆင့်ဆိုရမည်မှာ၊

  6. သင်တို့အမွေခံစရာ ငါပေးသော ဣသရေလ အမျိုးသားတို့၏ ဥစ္စာဆယ်ဘို့တဘို့ကို သင်တို့သည် ခံယူ သောအခါ၊ ထိုအဘို့ကို ဆယ်ဘို့ဘို့ ပြန်၍ တဘို့ကို ထာဝရ ဘုရားအား ပူဇော်သက္ကာပြုရကြမည်။

  7. ထိုသို့ သင်တို့သည် ဣသရေလအမျိုးသားတို့မှ ခံယူသော ဆယ်ဘို့တဘို့ထဲက၊ ထာဝရဘုရားအား ပူဇော် သက္ကာပြုရကြမည်။ ထိုပူဇော်သက္ကာကိုလည်း၊ ယဇ်ပုရော ဟိတ်အာရုန်အား လှူရကြမည်။

  8. သင်တို့ခံရသမျှသော အလှူတို့အထဲက အကောင်းဆုံးသောအဘို့ သန့်ရှင်းသောအဘို့ကို နှုတ်ယူ ၍ထာဝရဘုရားအား ပူဇော်သက္ကာပြုရကြမည်။

  9. တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန် တို့ကို ခေါ်၍ ထာဝရဘုရား စီရင်ထုံးဖွဲ့တော်မူသော ပညတ်တရားဟူမူကား၊

  10. အပြစ်မပါ၊ တခါမျှ ထမ်းဘိုးမတင်၊ ကွက်ကျား ခြင်းမရှိ၊ အဆင်းနီသော နွားမပျိုကို၊ ဣသရေလအမျိုး သားတို့သည် ဆောင်ခဲ့မည်အကြောင်း ဆင့်ဆိုလော့။

  11. လူသေကောင်ကိုထိ၍ ကိုယ်ကို မသန့်ရှင်းစေ သောသူသည်၊ ထာဝရဘုရား၏ တဲတော်ကို ညစ်ညူးစေ ၏။ ထိုသူကို ဣသရေလအမျိုးမှ ပယ်ရှင်းရမည်။ စင် ကြယ်စေသောရေဖြန်းခြင်းကို မခံသောကြောင့် မစင် ကြယ်ဖြစ်၏။ စင်ကြယ်ခြင်းသို့ မရောက်သေး။

  12. မစင်ကြယ်သောသူသည် ကိုယ်ကို သန့်ရှင်း စေခြင်းငှါမပြုလျှင်၊ ထာဝရဘုရား၏ သန့်ရှင်းရာဌာန တော်ကို ညစ်ညူးစေသောကြောင့်၊ ပရိသတ်မှ ပယ်ရှင်း ခြင်းကို ခံရမည်။ စင်ကြယ်စေသော ရေဖြန်းခြင်းကို မခံသောကြောင့်၊ မစင်ကြယ်ဘဲနေ၏။

  13. ထာဝရဘုရားရှေ့မှာ ငါတို့အစ်ကိုများသေသော အခါ၊ ငါတို့လည်း မသေပါလေ။

  14. ငါတို့နှင့် ငါတို့တိရစ္ဆာန်များကို သေစေခြင်းငှါ၊ ထာဝရဘုရား၏ပရိသတ်ကို ဤတောသို့ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။

  15. မောရှေနှင့် အာရုန်တို့သည် လူအစုအဝေးမှ ထွက်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝသို့ သွား သဖြင့်၊ ပြပ်ဝပ်လျက် နေကြစဉ်၊ ထာဝရဘုရား၏ ဘုန်း တော်သည် ထင်ရှားလေ၏။

  16. ထာဝရဘုရားကလည်း၊

  17. မောရှေအား မိန့်တော်မူသည်အတိုင်း၊ မောရှေ သည် လှံတံတော်ကို ထာဝရဘုရားရှေ့တော်ကယူ၍၊

  18. ထာဝရဘုရားကလည်း၊ သင်တို့သည် ငါ့ကို မယုံ ကြည်၊ ဣသရေလအမျိုးသားတို့ရှေ့မှာ ငါ့ကိုမရိုမသေ ပြုသောကြောင့်၊ ဤပရိသတ်တို့အား ငါပေးသောပြည်သို့ သင်တို့သည် ပို့ဆောင်သောအခွင့်ကို မရကြဟု မောရှေ နှင့် အာရုန်တို့အား မိန့်တော်မူ၏။

  19. ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား ကို ဆန့်ကျင်ဘက်ပြုသော်လည်း၊ သူတို့တွင် ရိုသေ လေးမြတ်ခြင်းကို ခံတော်မူသောကြောင့်၊ ထိုရေသည် မေရိဘရေဖြစ်သတည်း။

  20. အကျွန်ုပ်တို့သည် ထာဝရဘုရားကို အော်ဟစ် သောအခါ၊ ကောင်းကင်တမန်ကို စေလွှတ်၍၊ အကျွန်ုပ် တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူကြောင်းကို ကိုယ်တော်သိပါ၏။ ယခုမှာ အကျွန်ုပ်တို့သည် ကိုယ်တော် ၏ နိုင်ငံအစွန်အနား၊ ကာဒေရှအရပ်၌ ရှိကြပါ၏။

  21. ဧဒုံပြည်စွန်နား၊ ဟောရတောင်ပေါ်မှာ ထာဝရ ဘုရားသည် မောရှေနှင့်အာရုန်တို့ကို ခေါ်၍၊

  22. သင်တို့သည် မေရိဘစမ်းရေနားမှာ ငါ့စကားကို ဆန့်ကျင်သောကြောင့်၊ ဣသရေလအမျိုးသားတို့အား ငါပေးသော ပြည်သို့အာရုန်သည် မဝင်ရ။ မိမိလူမျိုးစည်း ဝေးရာသို့ သွားရမည်။

  23. မိန့်တော်မူသည်အတိုင်း၊ မောရှေပြု၍၊ သူတို့ သည် ပရိသတ်အပေါင်းတို့ရှေ့မှာ ဟောရတောင်ပေါ်သို့ တက်ကြ၏။

  24. ဣသရေလအမျိုးကလည်း၊ ကိုယ်တော်သည် ဤလူမျိုးကို အကျွန်ုပ်တို့လက်သို့ အပ်တော်မူလျှင်၊ သူတို့ မြို့များကို ရှင်းရှင်းဖျက်ဆီးပါမည်ဟု ထာဝရဘုရားအား သစ္စာဂတိပြုလေ၏။

  25. ထာဝရဘုရားသည်လည်း၊ ဣသရေလအမျိုး၏ စကားကို နားထောင်၍၊ ထိုခါနာန်အမျိုးသားတို့ကို အပ်တော်မူ၏။ သူတို့နှင့် သူတို့မြို့များကို ဣသရေလ လူတို့သည် ရှင်းရှင်းဖျက်ဆီး၍၊ ထိုအရပ်ကို ဟော်မာ အမည်ဖြင့် သမုတ်ကြ၏။