အကြောင်းအရာသို့ ကျော်သွားရန်

God

11,427 အခန်းငယ် · 2 မိသားစုဝင်

God ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ငါသည် သူတို့၏ ဘုရားသခင် ဖြစ်အံ့သောငှါ သာသနာပလူတို့ မျက်မှောက်၌၊ အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သော သူတို့ဘိုးဘေးနှင့် ငါပြုသော ပဋိညာဉ်ကို သူတို့အတွက် ငါအောက်မေ့မည်၊ ငါသည် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။

  2. ဤရွေ့ကား ထာဝရဘုရားသည်၊ သိနာတောင်ပေါ်မှာ ဣသရေလအမျိုးသားတို့အဘို့ မောရှေလက် တွင် ထားတော်မူသော စီရင်ထုံးဖွဲ့ချက် ပညတ်တရား ဖြစ်သတည်း။

  3. တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

  4. လူသည် သစ္စာဂတိပြု၍ ပူဇော်လျှင်၊ ပူဇော်အပ်သော သူသည်၊ သင်အဘိုးပြတ်သည်အတိုင်း ထာဝရ ဘုရား၏ ဘဏ္ဍာတော် ဖြစ်ရမည်။

  5. လူသည် တိရစ္ဆာန်ကို ထာဝရဘုရားအား ပူဇော်လျှင်၊ ပူဇော်သမျှသည် သန့်ရှင်းရမည်။

  6. ထာဝရဘုရားအား မပူဇော်အပ်၊ မစင်ကြယ်သော တိရစ္ဆာန်ဖြစ်လျှင်၊ ယဇ်ပုရောဟိတ်အား ပြ၍၊

  7. လူသည် မိမိအိမ်ကို ထာဝရဘုရားအဘို့ သန့်ရှင်းစေလျှင်၊ ကောင်းမကောင်းရှိသည်အလျောက်၊ ယဇ်ပုရောဟိတ် အဘိုးပြတ်ရမည်။ ယဇ်ပုရောဟိတ်ပြတ်သည်အတိုင်း အဘိုးရှိရမည်။

  8. လူသည် ကိုယ်ပိုင်သော လယ်ယာကို ထာဝရဘုရားအဘို့ သန့်ရှင်းစေလျှင်၊ မုယောမျိုးစေ့ ကြဲရသည် အတိုင်း အဘိုးပြတ်ရမည်။ မျိုးစေ့ တဩမဲကြဲရသော လယ်ကို၊ ငွေအကျပ် ငါးဆယ်နှင့် အဘိုးပြတ် ရမည်။

  9. ယုဘိလနှစ်တွင် ထိုလယ်သည် အမှုလွတ်သောအခါ၊ ကျိန်ဆိုသောလယ်ကဲ့သို့၊ ထာဝရဘုရားအား သန့်ရှင်း၍ ယဇ်ပုရောဟိတ်၏ ဥစ္စာဖြစ်ရမည်။

  10. လူသည် ကိုယ်ပိုင်ရင်းမဟုတ်၊ ဝယ်သော လယ်ယာကို ထာဝရဘုရားအဘို့ သန့်ရှင်းစေလျှင်၊-

  11. ယုဘိလနှစ်တိုင်အောင် ပြတ်သောအဘိုးကို၊ ယဇ်ပုရောဟိတ်ရေတွက်၍၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေသောနေ့၌ အဘိုးပြတ်သောငွေကို ပေးရမည်။

  12. ထာဝရဘုရား ပိုင်ထိုက်သော တိရစ္ဆာန်သားဦးကို၊ အဘယ်သူမျှ မသန့်ရှင်းစေရ။ နွားဖြစ်စေ၊ သိုးဆိတ် ဖြစ်စေ၊ ထာဝရဘုရားဥစ္စာဖြစ်၏။

  13. သို့ရာတွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ ကိုယ်ပိုင်ရင်းလယ်ဖြစ်စေ၊ ထာဝရဘုရားအား ကျိန်ဆို၍ ပူဇော်သမျှကို မရောင်းမရွေးရ။ ကျိန်ဆို၍ ပူဇော်သမျှတို့သည် ထာဝရဘုရားအား အလွန်သန့် ရှင်းရမည်။-

  14. စပါးဖြစ်စေ၊ သစ်သီးဖြစ်စေ၊ မြေကဖြစ်သမျှသော အသီးအနှံ ဆယ်စုတစုသည် ထာဝရဘုရား၏ ဘဏ္ဍာတော် ဖြစ်၏။ ထာဝရဘုရားအဘို့ သန့်ရှင်းရမည်။

  15. နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ ကြိမ်လုံးအောက်၌ သွားသမျှသော အကောင် ဆယ်စုတစုသည်၊ ထာဝရ ဘုရားအဘို့ သန့်ရှင်းရမည်။

  16. ဤရွေ့ကား ထာဝရဘုရားသည်၊ သိနာတောင်ပေါ်မှာ ဣသရေလအမျိုးသားတို့အဘို့ မောရှေ၌ ထားတော်မူသော ပညတ်တော်များ ဖြစ်သတည်း။ ရှင်မောရှေစီရင်ရေးထားသော ဝတ်ပြုရာ ကျမ်းပြီး၏။

  17. ဣသရေလအမျိုးသားတို့သည်၊ အဲဂုတ္တုပြည်မှ ထွက်၍ ဒုတိယနှစ်၊ ဒုတိယလ၊ ပဌမနေ့၌သိနာတောတွင် ပရိသတ်စည်းဝေးရာ တဲတော်မှာ ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊

  18. ထာဝရဘုရားသည် မောရှေအား မှာထားတော် မူသည်အတိုင်း၊ သိနာတော၌ ဣသရေလအမျိုးသားတို့ ကို ရေတွက်လေ၏။

  19. ထာဝရဘုရားသည် မောရှေအား မိန့်တော်မူ သည်ကား

  20. မောရှေအား ထာဝရဘုရားမှာထားတော်မူ သည်အတိုင်း ဣသရေလာအမျိုးသားတို့သည် ပြုကြ၏။

  21. တဖန်ထာဝရဘုရားသည် မောရှေနှင့် အာရုန် အား မိန့်တော်မူသည်ကား၊

  22. ထာဝရဘုရားသည်၊ မောရှအား မှာထားတော်မူ သည်အတိုင်း လေဝိသားတို့ကို ဣသရေလအမျိုးသားတို့ နှင့် ရောနှော၍ မရေတွက်ရ။

  23. ထာဝရဘုရားသည်၊ မောရှေအား မှာထား တော်မူသည်အတိုင်း ဣသရေလအမျိုးသားအသီးသီး တို့သည် မိမိအလံအနားမှာ မိမိနေရာချခြင်းကို၎င်း၊ မိမိဘိုးဘ အမျိုးအလိုက် ချီခြင်းကို၎င်း ပြုရကြ၏။

  24. ထာဝရဘုရားသည် သိနာတောင်ပေါ်မှာ မောရှအား ဗျာဒိတ်ပေးတော်မူသောအခါ၊ အာရုန်နှင့် မောရှေအမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများကို မှတ်သားသည်တွင်၊

  25. နာဒပ်နှင့်အဘိဟုသည်၊ သိနာတောတွင် ထာဝရ ဘုရားရှေ့တော်၌ ထူးခြားသောမီးကို ပူဇော်သောအခါ ထာဝရဘုရားရှေ့တော်၌ သေကြ၏။ သူတို့၌ သားမရှိ သည်ဖြစ်၍၊ ဧလာဇာနှင့် ဣသမာသည်၊ အဘအာရုန် ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ကြ၏။