အကြောင်းအရာသို့ ကျော်သွားရန်

God

11,427 အခန်းငယ် · 2 မိသားစုဝင်

God ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သင်အောက်မေ့စရာသက်သေကို တံခါးနှင့် တိုင်နောက်မှာ ထားပြီး။ ငါမှတပါး အခြားသူတို့အား အဝတ်ကို ချွတ်၍၊ အိပ်ရာပေါ်သို့ တက်လေပြီ။ မိမိ ခုတင်ကို ကျယ်စေ၍ သူတို့နှင့် ဝန်ခံပြီ။ သူတို့ခုတင်ကို လည်း တပ်မက်၍၊ နေရာအရပ်ကို ရှာလေပြီ။

  2. သင်သည် သစ္စာပျက်သည်တိုင်အောင်၎င်း၊ ငါ့ ကို မေ့လျော့၍ သတိမပြုဘဲ နေသည်တိုင်အောင်၎င်း၊ အဘယ်သူကို ကြောက်ရွံ့သနည်း။ ငါသည် ရှေးကာလမှ စ၍ တိတ်ဆိတ်စွာနေသောကြောင့်၊ သင်သည် ငါ့ကို မကြောက်ဘဲနေသည်မဟုတ်လော။

  3. သင်၏ကုသိုလ်နှင့်၊ သင်ပြုသော အမှုတို့ကို ငါဘော်ပြမည်။

  4. ထိုသို့သော အမှုသည် အကျိုးကို မပေးနိုင်။ သင်သည် အော်ဟစ်သောအခါ၊ သင်၏အလုံးအရင်းတို့ သည် ကယ်နှုတ်ကြစေ။ လေသည် သူတို့ကို တိုက်သွားလိမ့် မည်။ လေတမှုတ်နှင့် လွင့်ကြလိမ့်မည်။ ငါ့ကို ကိုးစား သော သူမူကား၊ ပြည်တော်ကို ပိုင်၍၊ ငါ၏သန့်ရှင်းသော တောင်ကို အမွေခံရလိမ့်မည်။

  5. ထိုအခါ မြေကို ဖို့ကြ။ မြေကို ဖို့ကြ။ လမ်းကို ပြင်ကြ။ ငါ့လူတို့၏ လမ်းခရီး၌ အဆီးအတားမရှိစေနှင့် ဟု ငါပြောဆိုရ၏။

  6. အကြောင်းမူကား၊ သန့်ရှင်းခြင်းဟု နာမရှိတော် မူထသော၊ အနန္တကာလတည်းဟူသော ဘုံဗိမာန်၌ စံတော်မူထသော၊ အထွဋ်အမြတ်ဖြစ်တော်မူသော ဘုရားမိန့်တော်မူသည်ကား၊ ငါသည် မြင့်မြတ်သန့်ရှင်း သော အရပ်၌နေ၏။ စိတ်နှိမ့်ချသောသူနှင့်၊ နှလုံးကြေကွဲ သော သူတို့၏စိတ်ဝိညာဉ်အသက်ရှင်စေခြင်းငှါ၊ ကြေကွဲ နှိမ့်ချသော စိတ်သဘောရှိသောသူတို့၌လည်း ငါနေ၏။

  7. ငါသည် အစဉ်မပြတ်တရားတွေ့မည်မဟုတ်။ အစဉ်မပြတ်အမျက်ထွက်မည်မဟုတ်။ ထိုသို့ဟုတ်လျှင်၊ အသက်သည် ငါ့ရှေ့မှာ ပျောက်၍၊ ငါဖန်ဆင်းသော ဝိညာဉ်သည် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။

  8. သူ၏လောဘလွန်ကျူးခြင်း အပြစ်ကြောင့်၊ ငါသည် အမျက်ထွက်၍ ဒဏ်ခတ်လေ၏။ အမျက်ထွက်၍ မျက်နှာကို လွှဲလေ၏။ သူသည်လည်း မိမိအလိုရှိရာ လမ်း သို့ လွှဲသွားလေ၏။

  9. သူ၏အကျင့်ဓလေ့တို့ကို ငါမြင်ပြီ။ သူ့ကို အနာ ပျောက်စေ၍ လမ်းပြဦးမည်။ သူ့ကို၎င်း၊ သူနှင့်အတူ စိတ်ညှိုးငယ်သော သူတို့ကို၎င်း၊ ချမ်းသာပေးဦးမည်။

  10. ငါသည် နှုတ်ခမ်းအသီးကို ဖန်ဆင်း၏။ ဝေး သောသူ၌၎င်း၊ နီးသောသူ၌၎င်း ငြိမ်သက်ခြင်းဖြစ်စေ၊ ငြိမ်သက်ခြင်းဖြစ်စေ၊ သူ၏အနာကို ငါပျောက်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

  11. မတရားသော သူတို့၌ ငြိမ်သက်ခြင်းမရှိဟု ငါ၏ဘုရားသခင် မိန့်တော်မူ၏။

  12. အသံမလျော့ဘဲ ကြွေးကြော်လော့။ တံပိုးသံကဲ့ သို့ အသံကိုလွှင့်၍၊ ယာကုပ်အမျိုးသားဖြစ်သော ငါ၏ လူတို့အား၊ သူတို့ဒုစရိုက်အပြစ်ကို ဘော်ပြလော့။

  13. သူတို့သည် တရားကျင့်သောအမျိုး၊ မိမိဘုရား သခင်၏ပညတ်တို့ကို မစွန့်သောအမျိုးကဲ့သို့၊ နေ့တိုင်း ငါ့ကိုရှာ၍ ငါ၏တရားလမ်း၌ မွေ့လျော်ကြသည်တကား။ ဖြောင့်မတ်စွာ တရားစီရင်ချက်တို့ကို ငါ့ထံမှာ အစဉ် မေးမြန်း၍၊ ဘုရားသခင့်ထံသို့ ချဉ်းကပ်ရာ၌ မွေ့လျော် ကြသည်တကား။

  14. ငါနှစ်သက်သော အစာရှောင်ခြင်းသည် ထိုသို့ သော လက္ခဏာရှိသလော။ လူသည် တရက်တွင် ခြိုးခြံစွာ ကျင့်ခြင်း၊ ကိုင်းပင်ကဲ့သို့ ဦးချခြင်း၊ အိပ်ရာဘို့ လျော်တေ နှင့်ပြာကို ခင်းခြင်း၊ လက္ခဏာရှိလျှင်၊ အစာရှောင်ခြင်း ဟူ၍၎င်း၊ ထာဝရဘုရားနှစ်သက်တော်မူသော နေ့ရက် ဟူ၍၎င်း မှည့်အပ်သလော။

  15. ငါနှစ်သက်သောအစာရှောင်ခြင်းဟူမူကား၊ မတရားသော အချည်အနှောင်ကို ချွတ်ခြင်း၊ လေးသော ဝန်ကိုချခြင်း၊ ညှဉ်းဆဲခံရသော သူတို့ကို လွှတ်ခြင်း၊ ထမ်းဘိုးရှိသမျှကို ချိုးခြင်းမဟုတ်လော။

  16. သို့ပြုလျှင် သင်၏အလင်းသည် မိုဃ်းသောက် သော အလင်းကဲ့သို့ ပေါ်ထွန်း၍၊ အလျင်အမြန် ကျန်းမာ ခြင်းသို့ ရောက်လိမ့်မည်။ သင်၏ဖြောင့်မတ်ခြင်း ပါရမီ သည် သင့်ရှေ့၌ သွား၍၊ ထာဝရဘုရား၏ဘုန်းတော် သည် နောက်၌ လုံခြုံစေလိမ့်မည်။

  17. သို့ပြုလျှင်၊ ထာဝရဘုရားသည်၊ သင်ခေါ်သော အခါ ထူးတော်မူလိမ့်မည်။ အော်ဟစ်သောအခါ၊ ငါရှိ သည်ဟု မိန့်တော်မူလိမ့်မည်။ သင်သည် သင်၏အထဲက ထမ်းဘိုးကို၎င်း၊ လက်ညှိုးထိုးခြင်းကို၎င်း၊ ကဲ့ရဲ့သော စကားကို၎င်း ပယ်ရှား၍၊

  18. ထာဝရဘုရားသည် သင့်ကို အစဉ် ပဲ့ပြင်တော် မူမည်။ အစာခေါင်းပါးသည် ကာလ၌ ဝစွာ ကျွေး၍၊ သင်၏အရိုးတို့ကို ခိုင်ခံ့စေတော်မူမည်။ သင်သည် ရေလောင်းသော ဥယျာဉ်ကဲ့သို့၎င်း၊ ရေမပြတ်နိုင်သော စမ်းရေတွင်းကဲ့သို့၎င်း ဖြစ်လိမ့်မည်။

  19. သင်သည် ဥပုသ်နေ့ကို မရှုတ်ချ။ ငါသန့်ရှင်း သော နေ့မှာ ကိုယ်အလိုသို့မလိုက်၊ ဥပုသ်နေ့ကို မွေ့လျော် ရာနေ့၊ ထာဝရဘုရားအဘို့ သန့်ရှင်းသောနေ့၊ ရိုသေ ဘွယ်သောနေ့ဟူ၍ ခေါ်သဖြင့် ကိုယ်အမှုကိုမပြု၊ ကိုယ် အလိုသို့မလိုက်၊ ကိုယ်စကားကို မပြောဘဲ နေ၍ ထိုနေ့ကို ရိုသေလျှင်၊

  20. သင်သည် ထာဝရဘုရား၌ ပျော်မွေ့ရလိမ့်မည်။ မြေကြီးပေါ်မှာ မြင့်သော အရပ်တို့ကို ငါစီးစေ၍၊ သင့် အသယာကုပ်၏အမွေဥစ္စာနှင့် ငါကျွေးမည်ဟု ထာဝရ ဘုရား၏ နှုတ်တော်ထွက်အမိန့်တော်ရှိ၏။

  21. ကြည့်ရှုလော့။ ထာဝရဘုရားသည်မကယ်မတင် နိုင်အောင် လက်တော်တိုသည်မဟုတ်။ မကြားနိုင်အောင် နားတော်ထိုင်းသည်မဟုတ်။

  22. သင်တို့ ဒုစရိုက်သည် သင်တို့ကို ဘုရားသခင်နှင့် ကွာစေပြီ။ ကြားတော်မမူစေခြင်းငှါ၊ သင်တို့အပြစ်သည် မျက်နှာတော်ကို လွှဲစေပြီ။

  23. ငါတို့အပြစ်တို့သည် ရှေ့တော်၌ များပြားကြ၏။ ဒုစရိုက်တို့သည် ငါတို့တဘက်၌ သက်သေခံကြ၏။ ကိုယ် အပြစ်တို့သည် ကိုယ်၌ စွဲကပ်လျက်၊ ကိုယ်ပြုမိသော ဒုစရိုက်များကို ကိုယ်သိကြ၏။

  24. ထာဝရဘုရားကို ပြစ်မှားခြင်း၊ ငြင်းပယ်ခြင်းကို ပြု၍၊ ငါတို့၏ဘုရားသခင်ကို စွန့်ကြပြီ။ ညှဉ်းဆဲသော စကား၊ ပုန်ကန်သော စကားကို ပြောခြင်း၊ မဟုတ်မမှန် သောစကားကို အောက်မေ့၍၊ စိတ်နှလုံးထဲက မြွက်ဆို ခြင်းကို ပြုကြပြီ။

  25. သစ္စာသည် ပျက်ခဲ့ပြီ။ ဒုစရိုက်ကို ရှောင်သောသူ သည် လုယူခြင်းကို ခံရ၏။ ထိုအမှုကို ထာဝရဘုရားသည် မြင်လျှင်၊ တရားမရှိသောကြောင့် မုန်းတော်မူ၏။