အကြောင်းအရာသို့ ကျော်သွားရန်

God

11,427 အခန်းငယ် · 2 မိသားစုဝင်

God ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သစ္စာလမ်းကို အကျွန်ုပ်ရွေးပါပြီ။ စီရင်တော် မူချက်တို့ကို အကျွန်ုပ်ရှေ့မှာ ထားပါပြီ။

  2. သက်သေခံတော်မူချက်တို့၌ မှီဝဲပါပြီ။ အို ထာဝရဘုရား၊ အရှက်ကွဲစေတော်မမူပါနှင့်။

  3. အကျွန်ုပ်ဉာဏ်ကို ပွင့်စေတော်မူသည်ဖြစ်၍၊ ပညတ်တော်လမ်းသို့ အလျင်အမြန် လိုက်ပါမည်။

  4. အို ထာဝရဘုရား၊ အထုံးအဖွဲ့တော်လမ်းကို အကျွန်ုပ်အား သွန်သင်တော်မူပါ။ အဆုံးတိုင်အောင် လိုက်သွားပါမည်။

  5. ဉာဏ်ကို ပေးတော်မူပါ။ တရားတော်ကို စောင့် ပါမည်။ စိတ်နှလုံး အကြွင်းမဲ့စောင့်ပါမည်။

  6. ပညတ်တော်လမ်း၌ အကျွန်ုပ်ကို ပို့ဆောင်တော် မူပါ။ ထိုလမ်းကို နှစ်သက်ပါ၏။

  7. အကျွန်ုပ်စိတ်နှလုံးကို လောဘဘက်သို့မဟုတ်၊ သက်သေခံတော်မူချက်တို့ ဘက်သို့ ဆွဲတော်မူပါ။

  8. အနတ္တကို ပမာဏမပြုစေခြင်းငှါ အကျွန်ုပ် မျက်စိကို အခြားသို့ လွှဲတော်မူပါ။ လမ်းခရီးတော်၌ အကျွန်ုပ်အသက်ရှင်စေတော်မူပါ။

  9. ကိုယ်တော်ကို ကြောက်ရွံ့သော ကိုယ်တော်၏ ကျွန်၌ ဗျာဒိတ်တော်ကို တည်စေတော်မူပါ။

  10. အကျွန်ုပ်ကြောက်သော ကဲ့ရဲ့ခြင်းကို ပယ် ပျောက်စေတော်မူပါ။ စီရင်တော်မူချက်တို့သည် ကောင်း မွန်ကြပါ၏။

  11. ပေးတော်မူသော ဩဝါဒများကို တောင့်တပါ၏။ ဖြောင့်မတ်ခြင်းတရားတော်အားဖြင့် အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။

  12. အို ထာဝရဘုရား၊ ဗျာဒိတ်တော်အတိုင်း ကရုဏာတော်တည်းဟူသော ကယ်တင်တော်မူခြင်း ကျေးဇူးတော်သည် အကျွန်ုပ်၌ ရောက်ပါစေသော။

  13. ထိုသို့ အကျွန်ုပ်သည် နှုတ်ကပတ်တော်ကို ကိုးစားသည်ဖြစ်၍၊ ကဲ့ရဲ့သော သူ၏စကားကို ချေစရာ အကြောင်း ရှိရပါလိမ့်မည်။

  14. စီရင်တော်မူချက်တို့ကို အကျွန်ုပ် မြော်လင့်သည် ဖြစ်၍၊ အကျွန်ုပ်၏ နှုတ်ထဲက သစ္စာစကားကို အလျှင်း ရုပ်သိမ်းတော်မမူပါနှင့်။

  15. ကိုယ်တော်၏တရားကို မခြားမလပ် အစဉ်အမြဲ ကျင့်စောင့်ပါမည်။

  16. ပေးတော်မူသော ဩဝါဒများကို အကျွန်ုပ်ရှာဖွေ မေးမြန်းသည်ဖြစ်၍၊ အဆီးအတားမရှိဘဲ သွားလာရ ပါ၏။

  17. သက်သေခံတော်မူချက်တို့ကို မင်းများထံမှာ ပြန်ပြော၍၊ ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ပါလိမ့်မည်။

  18. အကျွန်ုပ်သည် နှစ်သက်သော ပညတ်တော်တို့၌မွေ့လျော်ပါမည်။

  19. နှစ်သက်သော ပညတ်တော် တို့အား လက်တို့ကို ချီ၍၊ အထုံးအဖွဲ့တော်တို့ကို ဆင်ခြင် အောက်မေ့ပါမည်။

  20. အကျွန်ုပ် မြော်လင့်စရာအကြောင်း၊ ကိုယ်တော် ၏ကျွန်၌ ထားတော်မူသော နှုတ်ကပတ်တော်ကို အောက်မေ့တော်မူပါ။

  21. ဗျာဒိတ်တော်အားဖြင့် အကျွန်ုပ်အသက်ရှင် သည် ဖြစ်၍၊ ဆင်းရဲကိုခံရစဉ်တွင်၊ ထိုနှုတ်ကပတ်တော် သည် အကျွန်ုပ်သက်သာစရာအကြောင်း ဖြစ်ပါ၏။

  22. မာနကြီးသောသူတို့သည် အကျွန်ုပ်ကို အလွန် ကဲ့ရဲ့သော်လည်း၊ ကိုယ်တော်၏ တရားလမ်းကို အကျွန်ုပ် မရှောင်ပါ။

  23. အို ထာဝရဘုရား၊ ရှေးကာလ၌ စီရင်တော်မူ ချက်တို့ကို အကျွန်ုပ် အောက်မေ့၍၊ ကိုယ်ကိုကိုယ် နှစ်သိမ့် စေပါ၏။

  24. တရားတော်ကို စွန့်ပယ်သော အဓမ္မလူတို့ ကြောင့်၊ အကျွန်ုပ်၌ ပူလောင်သော စိတ်စွဲလန်းလျက် ရှိပါ၏။

  25. အို ထာဝရဘုရား၊ ညဉ့်အချိန်၌ နာမတော်ကို အကျွန်ု အောက်မေ့၍ တရားတော်ကို စောင့်ပါ၏။