အကြောင်းအရာသို့ ကျော်သွားရန်

God

11,427 အခန်းငယ် · 2 မိသားစုဝင်

God ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တဲတော်၌ အစဉ်နေပါမည်။ အတောင်တော်ဖုံးအုပ်ရာ၌ ခိုလှုံပါမည်။

  2. အို ဘုရားသခင်၊ အကျွန်ုပ်ပြုသော သစ္စာဂတိတို့ကို ကြားတော်မူ၏။ နာမတော်ကို ကြောက်ရွံ့သော သူတို့၏အမွေကို အကျွန်ုပ်အား ပေးတော်မူလိမ့်မည်။

  3. ဘုရားသခင် ရှေ့တော်၌ အနန္တကာလပတ်လုံး နေတော်မူစေသတည်း။ ကရုဏာနှင့် သစ္စာတော်သည် သူ့ကို စောင့်မစေသတည်း။

  4. သို့ဖြစ်၍ နေ့ရက်အစဉ်အတိုင်း သစ္စာဝတ်ကို ဖြေခြင်းငှါ၊ နာမတော်ကို အစဉ်အမြဲ ထောမနာသီချင်း ဆိုပါလေအံ့သတည်း။

  5. အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာ နေတတ်၏။ ငါ့ကို ကယ်တင်ခြင်း အကြောင်းသည် အထံတော်က သက်ရောက်ရ၏။

  6. အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ကျောက်၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း၊ ငါ့ခိုလှုံရာဖြစ်တော် မူ၍၊ ငါ၌ လှုပ်ရှားခြင်းများစွာ မရှိရာ။

  7. အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာ နေတတ်၏။ ငါမြော်လင့်ခြင်း အကြောင်းသည် အထံတော်က သက်ရောက်ရ၏။

  8. အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ကျောက်၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း၊ ငါခိုလှုံရာဖြစ်တော် မူ၍၊ ငါသည် လှုပ်ရှားခြင်းမရှိရာ။

  9. ငါ့ကို ကယ်တင်ခြင်းအကြောင်း၊ ငါ၏ဘုန်းပွင့်ခြင်းအကြောင်းကား ဘုရားသခင်ပေတည်း။ ငါ့ကို အားပေးသောကျောက်၊ ငါခိုလှုံရာကား ဘုရားသခင်ပေတည်း။

  10. အိုလူများတို့၊ ဘုရားသခင်၌ အစဉ်မပြတ် ခိုလှုံကြလော့။ ရှေ့တော်၌ စိတ်နှလုံးကို ဖွင့်ပြကြလော့။ ဘုရားသခင်သည် ငါတို့ ခိုလှုံရာဖြစ်တော်မူ၏။

  11. ဘုရားသခင်သည် တကြိမ် ဗျာဒိတ်ပေးတော်မူပြီ။ နှစ်ကြိမ်မြောက် ငါကြားရသော ဗျာဒိတ်တော်ဟူမူ ကား၊ တန်ခိုးသည် ဘုရားသခင်၌ ရှိ၏။

  12. အို ထာဝရဘုရား၊ ကိုယ်တော်သည် ကရုဏာနှင့် ပြည့်စုံတော်မူ၏။ ကိုယ်တော်သည် လူအသီးအသီးတို့ အား သူတို့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူ၏။

  13. အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို ကြိုးစား၍ ရှာပါ၏။ ရေမရှိသွေ့ခြောက်သော လွင်ပြင်၌ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကို ငတ်ပါ၏။ အကျွန်ုပ်၏ ကိုယ်ခန္ဓာသည်လည်း ကိုယ်တော်ကို လွမ်းဆွတ်ပါ၏။

  14. ဘုန်းတန်ခိုးအာနုဘော်တော်ကို မြင်ခြင်းငှါ၊ သန့်ရှင်းရာဌာနတော်၌ ထိုသို့ ကိုယ်တော်ကို ဖူးမျှော်ပါပြီ။

  15. ကရုဏာတော်သည် အသက်ထက်သာ၍ ကောင်းသောကြောင့်၊ အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းရပါမည်။

  16. ထိုသို့ အသက်ရှင်စဉ်တွင် ကိုယ်တော်ကို ကောင်းကြီးပေးပါမည်။ နာမတော်ကို အမှီပြုလျက် လက်ကို ချီပါမည်။

  17. အိပ်ရာပေါ်မှာ ကိုယ်တော်ကို အောက်မေ့၍၊ ညဉ့်ယံတို့၌ ကိုယ်တော်ကို ဆင်ခြင်လျက် နေသောအခါ၊ ဆီဥကို၎င်း၊ ဆူသောအသားကို၎င်း စား၍ ဝသကဲ့သို့၊ အကျွန်ုပ်၏ဝိညာဉ်သည် ဝ၍ ရွှင်လန်းသော နှုတ်ခမ်းနှင့် အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းပါမည်။

  18. အိပ်ရာပေါ်မှာ ကိုယ်တော်ကို အောက်မေ့၍၊ ညဉ့်ယံတို့၌ ကိုယ်တော်ကို ဆင်ခြင်လျက် နေသောအခါ၊ ဆီဥကို၎င်း၊ ဆူသောအသားကို၎င်း စား၍ ဝသကဲ့သို့၊ အကျွန်ုပ်၏ဝိညာဉ်သည် ဝ၍ ရွှင်လန်းသော နှုတ်ခမ်းနှင့် အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းပါမည်။

  19. အကျွန်ုပ်ကို မစတော်မူသောကြောင့်၊ အတောင်တော် အရိပ်၌ ဝမ်းမြောက်ပါမည်။

  20. အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်၌ မှီဝဲ၍၊ လက်ျာလက်တော်သည် အကျွန်ုပ်ကို ထောက်မ တော်မူ၏။

  21. ရှင်ဘုရင်မူကား၊ ဘုရားသခင်၌ ဝမ်းမြောက်လိမ့်မည်။ ဘုရားသခင်ကို တိုင်တည်၍ ကျိန်ဆိုသောသူအပေါင်းတို့သည် ဝါကြွားကြလိမ့်မည်။ မုသာစကားကို ပြောသောသူတို့၏နှုတ်မူကား ပိတ်လျက်ရှိလိမ့်မည်။

  22. အို ဘုရားသခင်၊ အကျွန်ုပ်ဆုတောင်းသော စကားသံကို နားထောင်၍ အကျွန်ုပ်အသက်ကို ရန်သူဘေးမှ ကွယ်ကာစောင့်မတော်မူပါ။

  23. သူတို့၌ ဘုရားသခင် ပစ်တော်မူသော မြှားမှန်၍၊ သူတို့သည် အမှတ်တမဲ့ နာကြလိမ့်မည်။

  24. လူအပေါင်းတို့သည်လည်း ကြောက်ရွံ့၍၊ ဘုရားသခင်စီရင်တော်မူကြောင်းကို နားလည်သဖြင့် အမှုတော်ကို ကြားပြောကြလိမ့်မည်။

  25. ဖြောင့်မတ်သောသူသည် ထာဝရဘုရား၌ ဝမ်းမြောက်၍ ခိုလှုံလိမ့်မည်။ သဘောဖြောင့်သော သူအပေါင်းတို့သည် ဝါကြွားကြလိမ့်မည်။