အကြောင်းအရာသို့ ကျော်သွားရန်

God

11,427 အခန်းငယ် · 2 မိသားစုဝင်

God ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. လူပြုတတ်သော အမှုများမှာ၊ ဖျက်ဆီးတတ် သော သူ၏လမ်းတို့ကို နှုတ်ကပတ်တော်အားဖြင့် အကျွန်ုပ်ရှောင်ပါပြီ။

  2. လမ်းခရီးတော်၌ အကျွန်ုပ်သွားစဉ်တွင် ခြေ မချော်စေခြင်းငှါ ထောက်မတော်မူပါ။

  3. အိုဘုရားသခင်၊ ကိုယ်တော်သည် နားထောင် တော်မူတတ်သောကြောင့် အကျွန်ုပ်သည် တောင်း လျှောက်ပါ၏။ နားတော်ကို လှည့်၍ အကျွန်ုပ်စကားကို နာယူတော်မူပါ။

  4. ကိုယ်တော်ကို ခိုလှုံသောသူတို့ကို သူပုန်တို့လက် မှ၊ လက်ျာလက်တော်အားဖြင့် ကယ်နှုတ်တော်မူသော ဘုရား၊ ထူးဆန်းသော မေတ္တာကျေးဇူးတော်ကို ပြတော် မူပါ။

  5. အကျွန်ုပ်ကို ညှဉ်းဆဲသောလူဆိုးတည်းဟူသော အကျွန်ုပ်ကို ဝိုင်း၍သတ်လိုသော ရန်သူတို့ လက်မှ အကျွန်ုပ်ကို လွှတ်စေခြင်းငှါ၊ မျက်ဆန်ကဲ့သို့ အကျွန်ုပ်ကို စောင့်မတော်မူပါ။ အတောင်တော်အရိပ်ထဲမှာ ဖုံးအုပ် တော်မူပါ။

  6. အိုထာဝရဘုရား၊ ထတော်မူပါ။ သူတို့ကို ဆီးတား၍ လှဲချတော်မူပါ။မတရားသောသူတို့လက်မှ အကျွန်ုပ်အသက်ကို ထားတော်ဖြင့် ကယ်လွှတ်တော်မူပါ။

  7. အိုထာဝရဘုရား၊ လောကီသားဖြစ်သော ထိုလူ တို့လက်မှ အကျွန်ုပ်အသက်ကို လက်တော်ဖြင့် ကယ်လွှတ် တော်မူပါ။ ထိုသူတို့သည် ယခုဘဝမှာ မိမိတို့အဘို့ကို ခံရကြပါ၏။ သူတို့အလိုကို ဘဏ္ဍာတော်နှင့် ပြည့်စုံစေ တော်မူ၏။ သူတို့သားသမီးတို့သည်လည်း ကြွယ်ဝ၍၊ မြေးမြစ်စသည်တို့၌ မိမိတို့ဥစ္စာကို ချန်ထားကြပါ၏။

  8. အကျွန်ုပ်မူကား ဖြောင့်မတ်၍ မျက်နှာတော်ကို ဖူးမြင်ရပါလိမ့်မည်။ နိုးသောအခါ ပုံသဏ္ဍာန်တော် အားဖြင့် အကျွန်ုပ်ကို ပြည့်စုံရပါလိမ့်မည်။

  9. အိုထာဝရဘုရား၊ အကျွန်ုပ်၏ ခွန်အားဗလ တည်းဟူသော ကိုယ်တော်ကို အကျွန်ုပ်ချစ်ပါ၏။

  10. ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကိုကယ်လွှတ်သောသခင်၊ ငါ၏ဘုရား၊ ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏ အကွယ်အကာ၊ ငါ့ကိုကယ်တင်သော ဦးချို၊ ငါ၏ရဲတိုက်ဖြစ်တော်မူ၏။

  11. ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါတောင်း လျှောက်၍ ရန်သူတို့ လက်မှကယ်တင်ခြင်းသို့ ရောက်၏။

  12. ထိုသို့ငါသည် ဆင်းရဲငြိုငြင်သောအခါ ထာဝရ ဘုရားကိုခေါ်၍၊ ငါ၏ဘုရားသခင်ကို အော်ဟစ်လေ၏။ ခေါ်သောအသံကို ဗိမာန်တော်ထဲ မှာကြားတော်မူ၍၊ အော်ဟစ်သောအသံသည် နားတော်ထဲသို့ ဝင်လေ၏။

  13. ထိုအခါ အမျက်တော်ထွက်သောအားဖြင့် မြေကြီးတုန်လှုပ်၍၊ တောင်အမြစ်တို့သည် တရွေ့ရွေ့ လှုပ်ရှားကြ၏။

  14. နှာခေါင်းတော်ထဲက မီးခိုးထွက်၍၊ နှုတ်တော် ထဲက မီးလောင်သောအားဖြင့်၊ မီးခဲတောက်လေ၏။

  15. မိုဃ်းကောင်းကင်ကိုညွှတ်သဖြင့် ဆင်းသက် တော်မူ၍၊ ခြေဘဝါးတော်အောက်၌ မှောင်မိုက်ဖြစ်လေ ၏။

  16. ခေရုဗိမ်ကိုစီးလျက် ပျံတော်မူ၏။ လေ၏ အတောင်တို့အပေါ် မှာလျင်စွာ ပျံတော်မူ၏။

  17. မှောင်မိုက်ထဲမှာ ပုန်းကွယ်တော်မူ၍၊ တခဲနက် သောရေနှင့်ထူထပ်သော မိုဃ်းတိမ်တို့သည် ကိုယ်တော် ကို ကာရံလျက်ရှိကြ၏။

  18. ရှေ့တော်၌ ရောင်ခြည်ကြောင့်တိမ်ထပ်တို့သည် မိုဃ်းသီးနှင့် မီးခဲပါလျက် လွင့်ကြ၏။

  19. ထာဝရဘုရားသည်လည်း၊ ကောင်းကင်ပေါ်မှာ မိုဃ်းချုန်း၍၊ အမြင့်ဆုံးသော ဘုရားသည် အသံတော်ကို လွှင့်တော်မူ၏။

  20. လေးမြှားတော်တို့ကိုပစ်၍ လျှပ်စစ်ပြက်စေ သဖြင့်၊ ရန်သူတို့ကို အရပ်ရပ်သို့ခွဲ၍ ရှုံးစေတော်မူ၏။

  21. ထိုအခါ အိုထာဝရဘုရား၊ ကိုယ်တော်သည် အပြစ်တင်၍ နှာခေါင်းတော်ထဲက အသက်ရှုတော်မူ သောအားဖြင့်၊ သမုဒ္ဒရာအောက်ပြင်နှင့် လောကတိုက် မြစ်တို့သည်ပွင့်လစ် ထင်ပေါ်လျက်ရှိကြ၏။

  22. ထာဝရဘုရားသည် အထက်အရပ်က လက် တော်ကို ဆန့်၍၊ တခဲနက်သောရေထဲက ငါ့ကို ဆယ်ယူ တော်မူ၏။

  23. ဘေးဥပဒ်ရောက်သောကာလ၌ သူတို့သည် ဆီးတားသော်လည်း၊ ထာဝရဘုရားသည်ငါမှီခိုရာဖြစ်၍၊

  24. ငါ့ကိုကျယ်ဝန်းရာအရပ်သို့ ပို့ဆောင်တော်မူ၏။ ငါ့ကိုနှစ်သက်သောကြောင့် ကယ်လွှတ်တော်မူ၏။

  25. ငါဖြောင့်မတ်ခြင်းရှိသည်အလျောက်၊ ထာဝရ ဘုရားသည် အကျိုးကို ပေး၍၊ ငါ့လက်စင်ကြယ်ခြင်း၏ အကျိုးကို စီရင်တော်မူ၏။