အကြောင်းအရာသို့ ကျော်သွားရန်

Aaron

331 အခန်းငယ် · 9 မိသားစုဝင်

Aaron ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တဖန် အာရုန်သည် ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ဝင်၍၊ သန့်ရှင်းရာဌာနတော်ထဲသို့ အရင် ဝင်သောအခါ၊ ဝတ်သော ပိတ်ချော အဝတ်ကို ချွတ်၍ ထိုအရပ်၌ ထားရမည်။

  2. သင်သည် အာရုန်နှင့် သူ၏သား၊ - ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

  3. တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် အာရုန်၏သား၊ ယဇ်ပုရောဟိတ်တို့အားဆင့်ဆို ရမည်မှာ၊ အမျိုးသားချင်း သေသောအတွက် သင်တို့တွင် အဘယ်သူမျှ ညစ်ညူးခြင်းမရှိရ။

  4. သင်၏ အမျိုးအစဉ်အဆက်တွင် ကိုယ်၌အပြစ်ရှိသောသူသည်၊ မိမိဘုရားသခင်၏ ပွဲတော်ကို ဆက်ကပ်အံ့သောငှါ မချဉ်းမကပ်ရ။

  5. ယဇ်ပုရောဟိတ် အာရုန်အမျိုးတွင်၊ ကိုယ်၌ အပြစ်ပါသောသူ တစုံတယောက်မျှ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်အံ့သောငှါ မချဉ်းမကပ်ရ။ ကိုယ်၌ အပြစ်ပါသောကြောင့်၊ မိမိဘုရားသခင်၏ မုန့်တော်ကို ဆက်ကပ်အံ့သောငှါ မချဉ်းမကပ်ရ။ -

  6. မောရှေသည် အာရုန်နှင့် သူ၏သား ဣသရေလ အမျိုးသားအပေါင်းတို့အား ဆင့်ဆိုလေ၏။

  7. အာရုန်နှင့်သူ၏သားတို့သည် ငါ့အဘို့ သန့်ရှင်းစေသောအရာအားဖြင့်၊ သန့်ရှင်းသော ငါ၏ နာမတော်ကို မရှုတ်မချဘဲ၊ ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသော အရာများနှင့် ကိုယ်ကိုကိုယ် ကွာစေရမည် အကြောင်း ဆင့်ဆိုလော့။ ငါသည် ထာဝရဘုရားဖြစ်၏။

  8. နူနာ၊ ရိနာစွဲသော အာရုန်၏ အမျိုးသား မည်သည်ကား၊ မစင်ကြယ်မှီတိုင်အောင် သန့်ရှင်းသော အရာကို မစားရ။ အသေကောင်နှင့်ဆိုင်၍ မသန့်ရှင်းသောအရာကို ထိသောသူ၊ သုတ်ရည်ထွက်သောသူ၊-

  9. ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌ တည်းနေသော တပါး အမျိုးသားဖြစ်စေ၊ သစ္စာဂတိ ရှိ၍ ပြုသော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာတည်းဟူသော မီးရှို့ရာယဇ်ကို ထာဝရ ဘုရားအား ပူဇော်လိုလျှင်၊-

  10. အာရုန်သည်လည်း၊ ညဦးမှသည် နံနက်တိုင်အောင် ထာဝရဘုရားရှေ့တော်၌ ထိုအမှုကို စီရင်ရမည်။ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော်ဖြစ်သတည်း။

  11. ထိုမုန့်ကို အာရုန်နှင့်သူ၏သားတို့သည် ပိုင်၍၊ သန့်ရှင်းရာ ဌာနတော်၌ စားရကြမည်။ ထာဝရဘုရား အား မီးဖြင့်ပြုသော ပူဇော်သက္ကာထဲက ထိုမုန့်သည်၊ ထာဝရပညတ်တော်အတိုင်း၊ အာရုန်အဖို့ အလွန်သန့်ရှင်းသော အရာဖြစ်သည်ဟု မိန့်တော်မူ၏။

  12. စစ်တိုက်နိုင်သော ယောက်ျားအပေါင်းတို့ကို သူတို့အဆွေအမျိုး အသီးသီးအလိုက် စာရင်းယူလျက်၊ တပ်ခင်းကျင်း၍ ရေတွက်လော့။

  13. ထိုသို့နာမည်ဖြင့် ရွေးတော်မူသော ထိုသူတို့ကို၊ မောရှေနှင့် အာရုန်သည်ခေါ်၍၊

  14. ထိုသို့မောရှေနှင့် အာရုန်အစရှိသော ဣသရေ လအမျိုး၌ အဆွေအမျိုးသူကြီးဖြစ်သော မင်းဆယ်နှစ်ပါး တို့သည်

  15. တဖန်ထာဝရဘုရားသည် မောရှေနှင့် အာရုန် အား မိန့်တော်မူသည်ကား၊

  16. ထာဝရဘုရားသည် သိနာတောင်ပေါ်မှာ မောရှအား ဗျာဒိတ်ပေးတော်မူသောအခါ၊ အာရုန်နှင့် မောရှေအမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများကို မှတ်သားသည်တွင်၊

  17. အာရုန်၏သားဟူမူကား၊ သားဦးနာဒပ်၊ ညီအဘိ ဟု၊ ဧလာဇာ၊ ဣသမာတည်း။

  18. ဤသူတို့ကား၊ အဘသည် ယဇ်ပုရောဟိတ်အမှု ကို ဆောင်စေခြင်းငှါ ဆီလောင်းခြင်းဘိသိက်ကို ပေး၍ အရာ၌ခန့်ထားသော အာရုန်၏ သားဖြစ်ကြသတည်း။

  19. နာဒပ်နှင့်အဘိဟုသည်၊ သိနာတောတွင် ထာဝရ ဘုရားရှေ့တော်၌ ထူးခြားသောမီးကို ပူဇော်သောအခါ ထာဝရဘုရားရှေ့တော်၌ သေကြ၏။ သူတို့၌ သားမရှိ သည်ဖြစ်၍၊ ဧလာဇာနှင့် ဣသမာသည်၊ အဘအာရုန် ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ကြ၏။

  20. သင်သည် လေဝိအမျိုးသားတို့ကို ခေါ်ခဲ့၍ ယဇ်ပုရောဟိတ် အာရုန်အမှုကို ဆောင်စေခြင်းငှါ၊ အာရုန်ထံ၌ နေရာချလော့။

  21. လေဝိသားတို့ကို၊ အာရုန်နှင့် သူ၏သားတို့၌ အပ်ရမည်။ ဣသရေလအမျိုးထဲက သူတို့ကိုရွေး၍ ငါ့အား အပိုင်ပေးရမည်။

  22. အာရုန်နှင့် သူ၏သားတို့ကိုလည်း ခန့်ထား၏။ သူတို့သည် ယဇ်ပုရောဟိတ်အမှုကို စောင့်ရကြမည်။ သူ၏အမျိုးမှ တပါးအခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကို ခံရမည်ဟု မိန့်တော်မူ၏။

  23. ယဇ်ပုရောဟိတ်အာရုန်သား ဧလာဇာသည် လေဝိအဆွေအမျိုး သူကြီးတို့ကို အုပ်၍ တဲတော်စောင့် သော သူတို့ကို ကြည့်ရှုစီရင်ရမည်။

  24. မောရှေနှင့် အာရုန်မှစ၍ အာရုန်၏ သားတို့ သည် ဣသရေလအမျိုးသားတို့အဘို့၊ သန့်ရှင်းရာဌာန တော်ကို စောင့်လျက်၊ ပရိသတ်စည်းဝေးရာတဲတော် အရှေ့မျက်နှာ၌ နေရာချရမည်။ သူတို့အမျိုးမှတပါး၊ အခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကို ခံရမည်။

  25. ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မောရှေသည် လေဝိသားတို့ကို အဆွေအမျိုးအလိုက် ရေတွက်၍ အသက်တလကျော်ရှိသော ယောက်ျား အပေါင်းကား၊ နှစ်သောင်းနှစ်ထောင် ရှိသတည်း။