Skip to content
တောလည်ရာကျမ်း 32:1-12

တောလည်ရာကျမ်း 32:1-12

1
ရုဗင်အမျိုးသားနှင့် ဂဒ်အမျိုးသားတို့သည် အလွန်များပြားသော တိရစ္ဆာန်တို့နှင့် ကြွယ်ဝသည်ဖြစ်၍၊ ယာဇာပြည်၊ ဂိလဒ်ပြည်တို့၌ တိရစ္ဆာန် ကျက်စားစရာကို ကောင်းသည်ကို မြင်ကြလျှင်၊-
2
မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာ အစရှိ သော ပရိသတ်တို့တွင် မင်းများတို့ထံသို့ လာ၍၊
3
အတရုတ်၊ ဒိဘုန်၊ ယာဇာ၊ နိမရ၊ ဟေရှဘုန်၊ ဧလာလေ၊ ရှေဘံ၊ နေဗော၊ ဗောန တည်းဟူသော၊
4
ဣသရေလပရိသတ်ရှေ့မှာ ထာဝရဘုရား လုပ်ကြံတော်မူသော ဤပြည်သည် တိရစ္ဆာန်နှင့် တော်လျော်ပါ၏။ ကိုယ်တော် ကျွန်တို့၌လည်း တိရစ္ဆာန် များပြားပါ၏။
5
သို့ဖြစ်၍ ကျွန်တော်တို့သည် ရှေ့တော်၌ မျက်နှာရလျှင်၊ ဤပြည်ကို ကိုယ်တော် ကျွန်တို့အား အပိုင်ပေးတော်မူပါ။ ကျွန်တော်တို့ကို ယော်ဒန်မြစ်တဘက်သို့ ပို့ဆောင်တော်မမူပါနှင့်ဟု လျှောက်ကြ၏။
6
မောရှေကလည်း၊ သင်တို့သည် ဤအရပ်၌ နေရစ်၍၊ သင်တို့ ညီအစ်ကိုများတို့သည် စစ်တိုက်သွား ရမည်လော။
7
ထာဝရဘုရား ပေးတော်မူသော ပြည်သို့ ဣသရေလအမျိုးသားတို့သည် မကူးမသွားမည် အကြောင်း၊ သူတို့စိတ်ကို အဘယ်ကြောင့် ဖျက်ကြ သနည်း။
8
ပြည်တော်ကို ကြည့်ရှုစေခြင်းငှါ၊ သင်တို့ အဘ တို့ကို ကာဒေရှဗာနာအရပ်က ငါစေလွှတ်သောအခါ ထိုသို့ပြုကြ၏။
9
ဧရှကောလချောင်းသို့ သွား၍ ပြည်တော်ကို ကြည့်မြင်ပြီးမှ၊ ထာဝရဘုရားပေးတော်မူသော ပြည်သို့ ဣသရေလအမျိုးသားတို့သည် မသွားမည်အကြောင်း သူတို့စိတ်ကို ဖျက်ကြ၏။
10
ထိုအခါ ထာဝရဘုရားသည် အမျက်တော်ထွက် လျက်၊ အကယ်စင်စစ် အာဗြဟံ၊ ဣဇာတ်၊ ယာကုပ်တို့ အား ငါကျိန်ဆို၍ ပေးသောပြည်ကို၊ အဲဂုတ္တုပြည်မှ ထွက်လာသောသူတို့တွင် ကေနက်အမျိုး ယေဖုန္နာ၏သား ကာလက်နှင့် နုန်၏သား ယောရှုမှတပါး၊ အဘယ်သူမျှ ငါ့နောက်သို့ လုံးလုံး မလိုက်သောကြောင့်၊ အသက် နှစ်ဆယ်လွန်သောသူ တစုံတယောက်မျှ မမြင်ရ။ ထိုသူ နှစ်ယောက်သာ ထာဝရဘုရားနောက်သို့ လုံးလုံးလိုက်ကြ ပြီဟု ကျိန်ဆိုတော်မူ၏။
11

12

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်

Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options