- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
ဆိုးညစ်သော လယ်သမားများ ပုံဥပမာ
ရှင်မဿဲခရစ်ဝင် 21:33-46
ဆိုးညစ်သော လယ်သမားများ ပုံဥပမာ
33
အခြားသော ဥပမာကိုနားထောင်ကြလော့။ အိမ်ရှင်တဦးသည် စပျစ်ဥယျာဉ်ကိုစိုက်ပျိုး၍၊ စောင်ရန်း ကို လုပ်ပြီးမှ စပျစ်သီးနယ်ရာ ကျင်းကိုတူးလေ၏။ မှီခိုရာလင့်စင်ကိုလည်းဆောက်လေ၏။ လုပ်ဆောင်သော သူတို့အား ဥယျာဉ်ကိုငှါး၍ အခြားသောပြည်သို့သွားလေ၏။
34
အသီးသီးချိန်ရောက်သောအခါ၊ အသီးကိုခံစေခြင်းငှါ ငယ်သားတို့ကို ဥယျာဉ်စောင့်တို့ရှိရာသို့ စေ လွှတ်လေ၏။
35
ထိုသူတို့သည် ငယ်သားများကို ဘမ်းပြီးလျှင် တဦးကိုရိုက်၍၊ တဦးကိုသတ်၍၊ တဦးကို ခဲနှင့်ပစ်ကြ၏။
36
နောက်တဖန် အရင်ထက်များသော အခြားငယ်သားတို့ကို စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ရှေ့နည်းတူပြုကြ၏။
37
နောက်ဆုံး၌ ဥယျာဉ်ရှင်က၊ ထိုသူတို့သည်ငါ့သားကို အားနာကြလိမ့်မည်ဟုဆို၍ မိမိသားကို စေလွတ် လေ၏။
38
ဥယျာဉ်စောင့်တို့သည် သားကိုမြင်လျှင် ဤသူသည်အမွေခံဖြစ်၏။ လာကြ၊ သူ့ကိုသတ်၍ သူ၏ အမွေဥစ္စာကို ယူကြကုန်အံ့ဟု အချင်းချင်းတိုင်ပင်၍၊
39
ဥယျာဉ်ရှင်၏သားကို ဘမ်းယူပြီးမှ ဥယျာဉ်ပြင်သို့ထုတ်၍ သတ်ပစ်ကြ၏။
40
သို့ဖြစ်လျှင် ဥယျာဉ်ရှင်သည်လာသောအခါ၊ ဥယျာဉ်စောင့်တို့ကို အဘယ်သို့ ပြုမည်နည်းဟုမေးတော် မူ၏။
41
ပရိသတ်တို့ကလည်း ထိုလူဆိုးတို့အား ဆိုးသောဖျက်ဆီးခြင်းကို စီရင်ပါလိမ့်မည်။ အသီးသီးချိန်တွင် အသီးကို ဆက်အံ့သောအခြားလူတို့အား ထိုဥယျာဉ်ကို ငှါးပါလိမ့်မည်ဟု လျှောက်ကြ၏။
42
ယေရှုကလည်း၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တဖန် တိုက် ထောင့်အထွဋ်ဖျားသို့ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရားပြုတော်မူသောအမှုဖြစ်၏။ ငါတို့ မျက်မှောက်၌ လည်း အံ့ဩဘွယ်ဖြစ်၏ဟူသောစကားကို ကျမ်းစာ၌ သင်တို့သည် တရံတခါမျှမဘတ်ဘူးသလော။
43
ထို့ကြောင့် ငါဆိုသည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့မှနှုတ်၍ နိုင်ငံတော်၏အသီးကို သီး အံ့သောလူမျိုးအား ပေးရလတံ့။
44
အကြင်သူသည် ထိုကျောက်အပေါ်သို့ကျ၏။ ထိုသူသည် ကျိုးလတံ့၊ အကြင်သူ၏အပေါ်သို့ ထို ကျောက်သည်ကျ၏၊ ထိုသူသည် ညက်ညက်ကြေလတံ့ဟု မိန့်တော်မူ၏။
45
ထိုဥပမာစကားကို ယဇ်ပုရောဟိတ်အကြီးနှင့် ဖာရိရှဲတို့သည်ကြားရလျှင်၊ မိမိတို့ကို ရည်ဆောင်၍ ဟောပြောတော်မူသည်ကို သိကြ၏။
46
ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ ရှာကြံသော်လည်း စုဝေးသောသူများကို ကြောက်ကြ၏။ အကြောင်း မူကား၊ ထိုသူတို့သည် ကိုယ်တော်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြ၏။
ဤကျမ်းပိုဒ်တွင်
- မည်သူ
- မည်သည့်နေရာ
- မည်သည့်အချိန်
- About
ဆက်စပ်ကျမ်းချက်များ
ကျမ်းစာ၏ အခြားနေရာများတွင် ဤသို့ဖော်ပြထားသည်။
ဆာလံကျမ်း 118:22
တိုက်ကို တည်လုပ်သော သူများပယ်ထားသော ကျောက်သည် နောက်တဖန် တိုက်ထောင့်အထွဋ်ဖျားသို့ ရောက်ပြန်၏။အခန်းငယ် 42 မှဆာလံကျမ်း 118:23
ထိုအမှုသည် ထာဝရဘုရားပြုတော်မူသော အမှုဖြစ်၏။ ငါတို့ မျက်မှောက်၌လည်း အံ့ဩဘွယ်ဖြစ်၏။အခန်းငယ် 42 မှဟေရှာယအနာဂတ္တိကျမ်း 28:16
အရှင်ထာဝရဘုရားက၊ စုံစမ်းသော အမြစ် ကျောက်တည်းဟူသော၊ မလှုပ်နိုင်အောင် မြဲမြံသော တိုက်ထောင့်အမြစ်ကျောက်မြတ်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူသည် ပြေးရ သောအကြောင်းမရှိ။အခန်းငယ် 42 မှတမန်တော်ဝတ္ထု 4:11
ထိုသခင်ကား၊ သင်တို့သည်တိုက်ကို တည်လုပ်သောအခါ ပယ်ထား၍၊ နောက်တဖန် တိုက်ထောင့် အထွဋ်ဖျားသို့ရောက်ပြန်သော ကျောက်ဖြစ်တော်မူ၏။ ထိုသခင်မှတပါးအဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။အခန်းငယ် 42 မှရှင်ပေတရုဩဝါဒစာပဌမစောင် 2:4
လူတို့ပယ်ထား၍ ဘုရားသခင်ရွေးချယ်တော်မူသော အသက်ကျောက်မြက်တည်းဟူသော ထိုသခင် ထံသို့သင်တို့သည်ရောက်၍၊အခန်းငယ် 42 မှရှင်ပေတရုဩဝါဒစာပဌမစောင် 2:8
နားမထောင်ဘဲ နှုတ်ကပတ်တရားတော်ကို ထိမိ၍ လဲသောသူတို့သည် ထိမိ၍ လဲစရာကျောက်၊ မှားယွင်းစရာကျောက်လည်းဖြစ်၏။ ထိုအမှုနှင့် တွေ့စေခြင်းငှါ ထိုသူတို့ကို ခန့်ထားတော်မူသတည်း။အခန်းငယ် 42 မှဧဖက်ဩဝါဒစာ 2:20
အဘယ်သို့နည်းဟူမူကား၊ တမန်တော်တို့မှစ၍ ပရောဖက်များတည်းဟူသော တိုက်မြစ်အပေါ်၌ သင်တို့သည် ထပ်ဆင့်၍ တည်ဆောက်လျက်ရှိကြ၏။အခန်းငယ် 42 မှရောမဩဝါဒစာ 9:33
ကျမ်းစာ၌လာသည်ကား၊ ထိမိ၍ လဲစရာ ကျောက်၊ မှားယွင်းစရာကျောက်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူ မည်သည်ကား၊ ရှက်ကြောက်ခြင်းမရှိ နိုင်ရာဟုလာသည်နှင့်မညီ၊ ထိုကျောက်ကို ဣသရေလလူတို့သည် ထိမိ၍ လဲကြ၏။အခန်းငယ် 42 မှဟေရှာယအနာဂတ္တိကျမ်း 8:14
ထိုသို့ပြုလျှင်၊ ထိုဘုရားသည် သင်တို့ခိုလှုံရာ ဖြစ်တော်မူလိမ့်မည်။ သို့ရာတွင် ဣသရေလလူနှစ်မျိုးတို့ ထိမိ၍လဲစရာကျောက်၊ မှားယွင်းစရာကျောက်၊ ယေရု ရှလင်မြို့သားတို့၌ ကျော့ကွင်းနှင့် ထောင်ချောက် ဖြစ်တော်မူလိမ့်မည်။အခန်းငယ် 44 မှဟေရှာယအနာဂတ္တိကျမ်း 8:15
ထိုသူအများတို့သည် ထိမိ၍ တိမ်းလဲကျိုးပဲ့ခြင်း၊ ကျော့မိဘမ်းဆီးခြင်းသို့ ရောက်ကြလိမ့်မည်။အခန်းငယ် 44 မှဟေရှာယအနာဂတ္တိကျမ်း 5:1
ငါချစ်ရာသခင်၏ စပျစ်ဥယျာဉ်တော်ကို အကြောင်းပြု၍၊ မေတ္တာသီချင်းကို ရှေ့တော်၌ဆိုပေအံ့။ မြေကောင်းသော တောင်ပေါ်မှာ ငါချစ်ရာသခင်၏ စပျစ်ဥယျာဉ်တော်တဆူရှိ၏။အခန်းငယ် 33 မှဟေရှာယအနာဂတ္တိကျမ်း 5:4
ငါ့စပျစ်ဥယျာဉ်၌ ငါ့ကျေးဇူးပြုနိုင်လျက်၊ မပြု သေးသော အရာတစုံတခုရှိသလော။ စပျစ်သီးကို သီးမည်ဟု မြော်လင့်သည်ရှိသော်။ ဗောရှသီးကို အဘယ် ကြောင့် သီးသနည်း။အခန်းငယ် 33 မှ
ဖြစ်ပွားရာနေရာ



လေ့လာမှုမှတ်စု
Settings