Skip to content
ယောရှုမှတ်စာ 11:11-23

ယောရှုမှတ်စာ 11:11-23

11
ထိုမြို့သူမြို့သားအပေါင်းတို့ကို ထားနှင့်ကွပ် မျက်သဖြင့် တယောက်ကိုမျှ အသက်ရှင်စေခြင်းငှါမထား။ ရှင်းရှင်းဖျက်ဆီး၍ မြို့ကိုလည်း မီးရှို့လေ၏။
12
ထာဝရဘုရား၏ကျွန် မောရှေမှာထားသည် အတိုင်း၊ ထိုမင်းကြီးများအစိုးရသော မြို့ရှိသမျှတို့နှင့် မင်းကြီးအပေါင်းတို့ကို ယောရှုတိုက်ယူ၍ ထားနှင့်လုပ်ကြံ သဖြင့် ရှင်းရှင်းဖျက်ဆီးလေ၏။
13
သို့ရာတွင်၊ ဟာဇော်မြို့မှတပါး၊ တောင်ပေါ်၌ တည်သောမြို့တို့ကို ဣသရေလလူတို့သည် မီးမရှို့ကြ။ ဟာဇော်မြို့ တမြို့ကိုသာ ယောရှုမီးရှို့သတည်း။
14
ထိုမြို့များ၌ လက်ရဥစ္စာနှင့် တိရစ္ဆာန်ရှိသမျှတို့ ကို ဣသရေလလူတို့သည် ကိုယ်အဘို့ သိမ်းယူကြ၏။ လူတို့ကို မဖျက်ဆီးမှီတိုင်အောင် ရှိသမျှတို့ကို ထားနှင့် လုပ်ကြံကြ၏။ တယောက်ကိုမျှ အရှင်မကျန်ကြွင်းစေကြ။
15
ထာဝရဘုရားသည် မိမိကျွန်မောရှေကို မှာထား တော်မူသည်အတိုင်း၊ မောရှေသည် ယောရှုကို ဆင့်ဆို၏။ ယောရှုလည်း ထိုသို့ ပြုလေ၏။ ထာဝရဘုရားသည် မောရှေကို မှာထားတော်မူသမျှသောအမှု တစုံတခုကို လှပ်၍မထား။
16
ထိုသို့ စိရလမ်းတွင်ရှိသော ဟာလက်တောင်မှ စ၍ ဟေရမုန်တောင်ခြေရင်း၊
17
လေဗနုန်ချိုင့်၌ရှိသော ဗာလဂဒ်မြို့တိုင်အောင်၊ တောင်ပေါ်အရပ်၊ တောင်မျက်နှာအရပ်၊ ဂေါရှင်ပြည်၊ ချိုင့်များ၊ လွင်ပြင်များ၊ ဣသရေလတောင်၊ ဣသရေလ ချိုင့်နှင့်တကွ ထိုပြည်အလုံးစုံကို ယောရှုသည် သိမ်းယူ၍၊ မင်းကြီးအပေါင်းတို့ကို အောင်သဖြင့် လုပ်ကြံကွပ်မျက် လေ၏။
18
ထိုမင်းကြီးအပေါင်းတို့ကို ကာလကြာမြင့်စွာ စစ် တိုက်ရ၏။
19
ဟိဝိလူ၊ ဂိဗောင်မြို့သားမှတပါး ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့သော မြို့တမြို့မျှမရှိ။ အခြားသော မြို့ရှိသမျှတို့ကို တိုက်၍ အနိုင်သိမ်းယူရကြ ၏။
20
အကြောင်းမူကား၊ ထာဝရဘုရားသည် မောရှေ ကို မှာထားတော်မူသည်အတိုင်း၊ ထိုလူမျိုးတို့ကို ကျေးဇူး မပြု အကုန်အစင် သုတ်သင်ပယ်ရှင်းစေမည် အကြောင်း၊ သူတို့သည် ဣသရေလအမျိုးသားတို့ကို ဆီး၍ တိုက်ဝံ့ သည်တိုင်အောင် သူတို့စိတ်နှလုံး ခိုင်မာစေခြင်းငှါ ထာဝရ ဘုရားအလိုရှိတော်မူသတည်း။
21
ထိုကာလအခါ ယောရှုသည် ချီသွား၍၊ အာနက လူတို့ကို တောင်ပေါ်အရပ် ဟေဗြုန်မြို့၊ ဒေဗိရမြို့၊ အာ နပ်မြို့၊ ယုဒတောင်၊ ဣသရေလတောင် ရှိသမျှတို့မှ ပယ် ရှား၍၊ သူတို့မြို့များနှင့်တကွ ရှင်းရှင်းဖျက်ဆီးလေ၏။
22
ဂါဇမြို့၊ ဂါသမြို့၊ အာဇုတ်မြို့မှတပါး၊ ဣသ ရေလတိုင်းနိုင်ငံတွင် ကျန်ကြွင်းသော အာနကလူတ ယောက်မျှမရှိ။
23
ထာဝရဘုရားသည် မောရှေကို မိန့်တော်မူသမျှ အတိုင်း၊ ယောရှုသည် ထိုပြည်တရှောက်လုံးကို သိမ်းယူ၍ ဣသရေလအမျိုးအနွယ် အသီးသီးတို့အား အမွေပေး သဖြင့်၊ တပြည်လုံးစစ်ငြိမ်းလေ၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options