ယေရမိအနာဂတ္တိကျမ်း 9:1-11
1
ငါ၏လူမျိုး သတို့သမီးနှင့်ဆိုင်သော အသေ ကောင်များအတွက်၊ ငါသည်နေ့ညဉ့်မပြတ် ငိုရမည် အကြောင်း၊ ငါ့ဦးခေါင်းသည် ရေသက်သက်၊ ငါ့မျက်စိတို့ သည် မျက်ရည်ထွက်သော စမ်းဖြစ်ပါစေသော။
2
ငါသည် ငါ၏ လူမျိုးကို စွန့်၍ ထွက်သွားနိုင် အောင် တော၌ တဲစားခန်းရှိပါစေသော။ အကြောင်းမူ ကား၊ ထိုသူအပေါင်းတို့သည် သူ့မယားကို ပြစ်မှားသော သူ၊ သစ္စာပျက်သော အစည်းအဝေးဖြစ်ကြ၏။
3
သူတို့သည် မိမိတို့လျှာတည်းဟူသော လေးကို မုသာနှင့် တင်ကြ၏။ သစ္စာတရားကို အမှီမပြုဘဲ မြေကြီး ပေါ်မှာ လူကြီးဖြစ်ကြ၏။ အကယ်စင်စစ် ဆိုးသောအမှုအပေါ်မှာ ဆိုးသောအမှု ကို ထပ်၍ပြုကြ၏။ ငါ့ကိုလည်း မသိမမှတ်ကြဟု ထာဝရ ဘုရား မိန့်တော်မူ၏။
4
လူတိုင်းမိမိအပေါင်းအဘော်ကို သတိပြုလော့။ မိမိ ညီအစ်ကိုကို မယုံကြနှင့်။ ညီအစ်ကိုတိုင်း မိမိ ညီအစ်ကိုအရာကို ဆက်ဆက်လုယူမည်။ အပေါင်း အဘော်ရှိသမျှတို့သည် သူ့အသရေကို ဖျက်မြဲဖျက်ကြ လိမ့်မည်။
5
အပေါင်းအဘော်ရှိသမျှတို့သည် တယောက်ကို တယောက် လှည့်စားကြလိမ့်မည်။ သစ္စာစကားကို မပြော ဘဲ မုသာစကားကိုပြောခြင်းငှါ မိမိတို့လျှာကို သွန်သင် ကြပြီ။ မတရားသောအမှုကို ပြုသောအားဖြင့် ကိုယ်ကို ကိုယ် ပင်ပန်းစေကြပြီ။
6
သင်၏ နေရာသည် မုသာအရပ်၌ရှိ၏။ အရပ် သားတို့သည် မုသာကြောင့် ငါ့ကိုမသိလိုဟု ထာဝရဘုရား မိန့်တော်မူ၏။
7
သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား မိန့်တော်မူသည်ကား၊ ငါသည်သူတို့ကို အရည်ကျို ၍စုံစမ်းမည်။ သို့မဟုတ်၊ ငါ၏လူမျိုး သတို့သမီး၌ အဘယ် သို့ ငါပြုရမည်နည်း။
8
သူတို့လျှာသည် သေစေတတ်သောမြှားဖြစ်၏။ ပရိယာယ်စကားကို ပြောတတ်၏။ အပေါင်းအဘော်ချင်း တို့သည် နှုတ်ဖြင့်လောကဝတ်စကားကိုပြော၍၊ နှလုံးဖြင့် ချောင်းမြောင်းတတ်ကြ၏။
9
ထိုသို့သော အပြစ်တို့ကို ငါမစစ်ကြောဘဲနေရ မည်လော။ ထိုသို့သော အမျိုးကို ဒဏ်ပေး၍၊ ငါ့စိတ်ချင်ရဲ မပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့်တော်မူ၏။
10
တောင်များ၊ လွင်ပြင်များတို့အတွက် ငါသည် ငိုကြွေးမြည်တမ်းခြင်းကို ပြုရမည်။ ထိုအရပ်တို့၌ မီးလောင်သောကြောင့်၊ လူသည်မရှောက် မသွားရ။ သိုး နွား မြည်သံကို မကြားရ။ မိုဃ်းကောင်းကင်ငှက်နှင့် သားရဲတို့သည် ထွက်ပြေးရကြပြီ။
11
ငါသည် ယေရုရှလင်မြို့ကို အမှိုက်ပုံ၊ မြေခွေး နေရာတွင်း ဖြစ်စေမည်။ ယုဒမြို့ရွာတို့ကိုလည်း၊ လူ ဆိတ်ညံရာအရပ်ဖြစ်စေမည်။
Settings