Skip to content
ယေရမိအနာဂတ္တိကျမ်း 9:12-16

ယေရမိအနာဂတ္တိကျမ်း 9:12-16

12
ဤအမှုကိုနားလည်နိုင်သော ပညာရှိကား၊ အဘယ်သူနည်း။ ထာဝရဘုရား၏ နှုတ်တော်ထွက်ကိုခံ၍၊ ဤအမှု၏အကြောင်းကို ပြောနိုင်သောသူကား၊ အဘယ် သူနည်း။ အဘယ်သူမျှ ရှောက်၍မသွားနိုင်အောင်၊ တပြည်လုံးသည် တောကဲ့သို့ မီးလောင်၍၊ အဘယ် ကြောင့် ပျက်စီးသနည်း။
13
ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့သည် ငါ့စကားကို နားမထောင်၊ သူတို့၌ ငါပေးသောတရားကို မကျင့်မစောင့်ဘဲ စွန့်ပစ်၍၊
14
မိမိတို့ စိတ်နှလုံး ခိုင်မာခြင်းသို့၎င်း၊ မိရိုးဘလာ အတိုင်း ဗာလဘုရားတို့နောက်သို့၎င်း လိုက်ကြသော ကြောင့်၊
15
ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့ကို ဒေါနနှင့် ငါကျွေးမည်။ ဆေးခါးနှင့်ရောသော ရေကို တိုက်မည်။
16
သူတို့မသိ၊ ဘိုးဘေးမသိဘူးသော လူမျိုးတို့တွင် အရပ်ရပ်၌ ကွဲပြားစေမည်။ ရှင်းရှင်းမဖျက်ဆီးမှီတိုင် အောင်၊ သူတို့နောက်သို့ ထားဘေးကို စေလွှတ်မည်။
Settings

Reading Style

Typeface

Font Size 19px

Options