Skip to content

Year အကြောင်း ကျမ်းစာအခန်းငယ်များ

11 အခန်းငယ် · 6 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. တဖန်ဘုရားသခင်က၊ နေ့နှင့်ညဉ့်ကို ပိုင်းခြားစေခြင်းငှါ မိုဃ်းကောင်းကင်မျက်နှာကြက်၌ အလင်းအိမ် တည်စေ၊ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ရက် အပိုင်းအခြား၊ နှစ်အပိုင်းအခြားဘို့ဖြစ်စေ။

  2. လယ်၌ အလိုလိုပေါက်သော အသီးအနှံကိုမျှ မရိတ်ရ။ မသုတ်သင်သော စပျစ်ဥယျာဉ် အသီးကိုမျှ မဆွတ်ရ။ တပြည်လုံး ငြိမ်ဝပ်စွာ နေရသော နှစ်ဖြစ်၏။

  3. မြို့ထဲ၌ရှိသော အိမ်ကို အိမ်ရှင်ရောင်းလျှင်၊ တနှစ်အတွင်းတွင် ရွေးနှုတ်သော အခွင့်ရှိစေရမည်။

  4. တနှစ်အတွင်းတွင် မရွေးနှုတ်လျှင်၊ ထိုအိမ်ကို ဝယ်သောသူမှစ၍ သားစဉ်မြေးဆက်တို့သည် အမြဲပိုင်ရ ကြမည်။ ယုဘိလနှစ်ရောက်သော်လည်း လက်မလွှတ်ရ။

  5. သင့်စိတ်နှလုံး၌ ဆိုးညစ်သော သဘောရှိ၍၊ သတ္တမနှစ်တည်းဟူသော လွှတ်ရာနှစ်နီးပြီဟု အောက်မေ့ လျက်၊ ထိုဆင်းရဲသော ညီအစ်ကိုကို မနာလိုသောစိတ်ရှိ ၍၊ ဘာမျှမပေးဘဲနေလျှင် သူသည် ထာဝရဘုရားအား အော်ဟစ်သဖြင့်၊ သင်၌ အပြစ်မရောက်မည်အကြောင်း သတိပြုလော့။

  6. ရှေ့တော်၌ အနှစ်တထောင်သည် လွန်ပြီးသော မနေ့ကဲ့သို့၎င်း၊ ညဉ့်ယံတယံကဲ့သို့၎င်း ဖြစ်ပါ၏။

  7. ချစ်သူတို့၊ ထာဝရဘုရားမှာ ကာလတရက် သည်၊ အနှစ် တထောင်ကဲ့သို့၎င်း၊ အနှစ်တထောင်သည် တရက်ကဲ့သို့၎င်းဖြစ်သည် အရာတခုကို မမေ့လျော့ကြ နှင့်။

  8. ရှေးမြွေဟောင်း၊ မာရ်နတ်စာတန်တည်းဟူ သော နဂါးကို ကိုင်ဘမ်း၍၊ အနှစ်တထောင်ဘို့ ချည်နှောင်လေ၏။

  9. အနှစ်တထောင် မကုန်မှီတိုင်အောင်၊ လူအမျိုး မျိုးတို့ကို မလှည့်ဖြားရမည်အကြောင်း၊ အနက်ဆုံးသော တွင်းထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခတ်လေ၏။ အနှစ်တထောင်ကုန်ပြီးမှ တဖန် ခဏလွှတ်ရဦးမည်။

  10. ပလ္လင်များကိုလည်း ငါမြင်၏။ ပလ္လင်ပေါ်မှာ ထိုင်သော သူတို့သည် တရားစီရင်ရသော အခွင့်ကို ရကြ၏။ သားရဲနှင့် သူ၏ရုပ်တုကို မကိုးကွယ်၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌မခံ၊ လက်၌မခံဘဲနေ၍ ယေရှု၏ သက်သေခံတော်မူချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်၊ လည်ပင်းဖြတ်ခြင်းကို ခံရသော သူတို့၏ ဝိညာဉ်များကို ငါမြင်၏။ သူတို့သည် အသက် ရှင်၍ အနှစ်တထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြ၏။

  11. ထိုအနှစ်တထောင်ကုန်ပြီးမှ၊ စာတန်သည် ထောင်ထဲက လွှတ်သောအခွင့်ကိုရ၍၊