အကြောင်းအရာသို့ ကျော်သွားရန်

Worship အကြောင်း ကျမ်းစာအခန်းငယ်များ: In private homes

11 အခန်းငယ် · 14 ရှုထောင့်

In private homes အကြောင်း အခန်းငယ်များ

  1. ရောက်ကြလျှင်၊ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ ရှိမုန်ဇေလုတ်၊ ယာကုပ်ညီ ယုဒတို့သည် တည်းနေရာအိမ်အထက်ခန်းသို့တက်ကြ၏။

  2. ထိုသူအပေါင်းတို့သည် ယေရှု၏မယ်တော်မာရိမှစ၍ မိန်းမတို့နှင့်၎င်း၊ ညီတော်တို့နှင့်၎င်း၊ တညီ တညွတ်တည်းကြိုးစား၍ ဆုတောင်းပဌနာပြုလျက် နေကြ၏။

  3. ဗိမာန်တော်၌၎င်း၊ အိမ်၌၎င်း နေ့တိုင်းအစဉ် ဆုံးမသွန်သင် လျက်၊ ယေရှုသည်ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိတရားကို မပြတ်ဟော ပြောလျက်နေကြ၏။

  4. လူများစုဝေး၍ ဆုတောင်းရာ၊ မာကုအမည် သစ်ကိုရသော ယောဟန်၏အမိဖြစ်သော မာရိ၏ အိမ်သို့ရောက်၍၊

  5. ခုနစ်ရက်တွင် ပဌမနေ့ရက်၌ မုန့်ကိုဖဲ့ခြင်းငှါ စည်းဝေးကြသောအခါ၊ ပေါလုသည် နက်ဖြန်နေ့၌ ထွက်သွားမည်ဖြစ်၍၊ သန်းခေါင် တိုင်အောင် ဟောပြော လျက် နေလေ၏။

  6. စည်းဝေးရာအထက်ခန်း၌ မီးခွက်များရှိ၏။

  7. ဥတုခုအမည်ရှိသော လုလင်တယောက်သည် ပြတင်းပေါက် နားမှာထိုင်၍ အိပ်ပျော် ကျူးလွန်လျက် နေ၏။ ပေါလုသည် ကြာမြင့်စွာ ဟောပြောသည်တွင်၊ ထိုသူသည် အိပ်ပျော်လျက် အိမ်သုံးဆင့်အထက်မှ အောက်သို့လျော့ကျ၍ သေသည်ကို သူတို့သည်ချီ ကြွကြ၏။

  8. သူတို့အိမ်၌ ရှိသောအသင်းတော်ကိုလည်း နှုတ်ဆက်ကြလော့။ အာရှိပြည်တွင် ခရစ်အဘို့ အဦးသီးသော အသီးဖြစ်သော ငါ့ချစ်သားဧပဲနက်ကို နှုတ်ဆက်ကြလော့။

  9. အာရှိပြည်၌ အသင်းတော်များတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ အာကုလနှင့်ပြစ်ကိလတို့သည် သူတို့ အိမ်၌ရှိသော အသင်းတော်နှင့်တကွ၊ သခင်ဘုရားကို ထောက်၍ သင်တို့ကို များစွာနှုတ်ဆက်ကြ၏။

  10. လောဒိကိမြို့၌ရှိသော ညီအစ်ကိုတို့ကို၎င်း၊ နံဖမှ စ၍ သူ၏အိမ်၌ရှိသော အသင်းတော်ကို၎င်း နှုတ်ဆက်ကြလော့။

  11. ငါတို့ချစ်သော နှမအပ္ပိ၊ ငါတို့စစ်သူရဲချင်း အာခိပ္ပုမှစ၍ သင်၏ အိမ်၌ရှိသော အသင်းတော်ကို ကြားလိုက်ပါ၏။