Skip to content

Whoredom အကြောင်း ကျမ်းစာအခန်းငယ်များ

10 အခန်းငယ် · 2 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ကိုယ်သမီးကို ပြည်တန်ဆာဖြစ်စေခြင်းငှါ မရှုတ်မချရ။ သို့ပြုလျှင် တပြည်လုံးသည် မတရားသော မေထုန်သို့လိုက်၍၊ အဓမ္မအမှုနှင့် ပြည့်လိမ့်မည်။

  2. တဖန် မောရှေအား ထာဝရဘုရားက၊ သင် သည် ဘိုးဘေးတို့နှင့် အိပ်ပျော်သောအခါ၊ ဤလူမျိုးသည် ထ၍ ယခုသွားသောပြည်၌နေသော တပါးအမျိုးသား ကိုးကွယ်သော ဘုရားတို့နှင့် မှားယွင်း၍ ငါ့ကိုစွန့်လျက်၊ ငါဖွဲ့ထားသော ပဋိညာဉ်တရားကို ဖျက်လိမ့်မည်။

  3. ထိုတရားသူကြီးတို့ စကားကိုလည်း သူတို့သည် နားမထောင်၊ အခြားတပါးသော ဘုရားတို့နှင့် မှားယွင်း၍ ဦးညွှတ်ကြ၏။ ဘိုးဘေးတို့သည် ထာဝရဘုရား၏ ပညတ်တော်တို့ကို ကျင့်၍ လိုက်သော လမ်းမှ သူတို့သည် အလျင်အမြန်လွဲသွားသဖြင့်၊ ဘိုးဘေးကျင့်သည်အတိုင်း မကျင့်ကြ။

  4. ယောရံသည် ယေဟုကိုမြင်လျှင်၊ ယေဟု ငြိမ်သက်ခြင်းရှိသလောဟု မေးသော်၊ ယေဟုက။ သင့်အမိယေဇ ဗေလပြုသော အဓမ္မမေထုန်အမှု၊ ပြုစားသော အမှုများ သော ကာလအတွင်းတွင်၊ အဘယ်သို့သော ငြိမ်သက် ခြင်းရှိလိမ့်မည်နည်းဟု ပြန်ပြောသော်၊

  5. ဖလားခုနစ်လုံးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့တွင် တပါးသည်လာပြီးလျှင် ၊ ငါ့ကိုနှုတ်ဆက် ၍၊ လာခဲ့ပါ။ ရေအပေါ်မှာ ထိုင်သော ပြည်တန်ဆာကြီး၌ စီရင်ခြင်းအမှုကို ငါပြမည်။

  6. လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ။ မြေကြီးသားတို့သည် သူ၏ မတရားသောမေထုန်၏ စပျစ်ရည်နှင့် ယစ်မူးကြပြီဟု ပြောဆိုလျက်၊

  7. ငါ့ကို ဝိညာဉ်တော်အားဖြင့် တောသို့ဆောင်သွားလေ၏။ ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍၊ ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသောနာမတို့နှင့် အပြည့်ရှိသော သားရဲနီအပေါ်မှာ ထိုင်လျက်ရှိသော မိန်းမတဦးကို ငါမြင်၏။

  8. ထိုမိန်းမသည် အဝတ်နီ၊ အဝတ်မောင်းကို ဝတ်လျက်၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲ တန်ဆာကို ဆင်လျက်ရှိ၏။ စက်ဆုတ်ရွံ့ရှာဘွယ်သော အရာနှင့်၎င်း၊ မိမိမတရားသော မေထုန်၏ ညစ်ညူးခြင်း နှင့်၎င်း ပြည့်သောရွှေဖလားကို ကိုင်လျက်ရှိ၏။

  9. နဖူး၌အက္ခရာတင်သော ဘွဲ့မူကား၊ နက်နဲသော အရာ၊ ဗာဗုလုန်မြို့ကြီး၊ ပြည်တန်ဆာတို့၏ အမိ ၊ မြေ၌ စက်ဆုပ်ရွံ့ရှာဘွယ်သော အရာတို့၏ အမိပေတည်း။

  10. ထိုမိန်းမသည် သန့်ရှင်းသူတို့၏ အသွေး၊ ယေရှု၏ သက်သေခံတို့၏ အသွေးနှင့် ယစ်မူးသည်ကို ငါမြင်၏။ ထိုသို့မြင်သောအခါ အလွန်အံ့ဩမိန်းမော၍ နေ၏။