အကြောင်းအရာသို့ ကျော်သွားရန်

Jehu

47 အခန်းငယ် · 2 မိသားစုဝင်

Jehu ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. နိမ်ရှိသား ယေဟုကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။ အာဗေလ မဟောလမြို့နေ၊ ရှာဖတ်သားဧလိရှဲကို သင့်ကိုယ်စား ပရောဖက်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။

  2. သို့ဖြစ်၍ ဟာဇေလထားနှင့်လွတ်သောသူကို ယေဟုသတ်လိမ့်မည်။ ယေဟုထားနှင့်လွတ်သောသူကို ဧလိရှဲသတ်လိမ့်မည်။

  3. ရောက်သောအခါ၊ နိမ်ရှိသားယောရှဖတ်၏သား ယေဟုကို ရှာ၍သူ့ထံသို့ ဝင်လျက်၊ သူ့ကိုသူ၏အပေါင်း အဘော်စုထဲက ထွက်စေ၍၊ အတွင်းအခန်းထဲသို့ ခေါ်ပြီး လျှင်၊

  4. ရောက်သောအခါ၊ ဗိုလ်မင်းတို့သည်အတူ ထိုင်လျက် ရှိကြ၏။ ပရောဖက်က၊ အိုဗိုလ်မင်း၊ ကိုယ်တော်အား ပြောစရာရှိသည်ဟု ဆိုလျှင်၊ ယေဟုက၊ ငါတို့အပေါင်းတွင် အဘယ်သူအား ပြောစရာရှိသနည်းဟု မေးသော်၊ အိုဗိုလ်မင်း၊ ကိုယ်တော်အား ပြောစရာရှိသည် ဟု ပြန်ဆို၏။

  5. ထိုအခါ ယေဟုသည် မိမိသခင်၏ ကျွန်တို့ရှိရာ သို့ ထွက်၍၊ တယောက်က၊ ရှိသမျှကောင်းသလော။ ထိုအရူးသည် အဘယ်ကြောင့် လာသနည်းဟု မေးလျှင်၊ ယေဟုက၊ သင်တို့သည် ထိုသူကို၎င်း၊ သူပြောသော စကားကို၎င်း သိကြ၏ဟုဆိုသော်၊

  6. သူတို့သည် အလျင်အမြန်ထသဖြင့်၊ အသီး အသီးမိမိတို့ ဝတ်လုံကိုယူ၍ လှေကားထိပ်ပေါ် ယေဟု အောက်မှာခင်းလျက်၊ ယေဟုသည် ရှင်ဘုရင်ဖြစ်တော်မူ ၏ဟု တံပိုးမှုတ်၍ ဟစ်ကြော်ကြ၏။

  7. ထိုသို့နိမ်ရှိသားယောရှဖတ်၏ သားယေဟုသည် ယောရံမင်း တဘက်သင်းဖွဲ့လေ၏။ ထိုအခါ ရှုရိရှင်ဘုရင် ဟာဇေလကြောင့်၊ ယောရံမင်းနှင့် ဣသရေလလူ အပေါင်းတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့ကို စောင့်ရှောက် ကြ၏။

  8. သို့ရာတွင် ယောရံမင်းသည် ရှုရိရှင်ဘုရင် ဟာဇေလကို စစ်တိုက်သောအခါ၊ ရှုရိလူထိခိုက်သော အနာကို ပျောက်စေခြင်းငှါ ယေဇရေလမြို့သို့ ပြန်သွား နှင့်ပြီ။ ယေဟုကလည်း၊ သင်တို့အလိုရှိလျှင်၊ ယေဇရေလ မြို့သို့သွား၍ သိတင်းကြားပြောရသော သူတစုံ တယောက်ကိုမျှ မြို့ထဲက မထွက်မသွားစေနှင့်ဟုစီရင်၏။

  9. ထိုသို့ယောရံမင်းသည် ယေဇရေလမြို့၌ ရှိနေ သောကြောင့်၊ ယေဟုသည် ရထားကိုစီး၍ ထိုမြို့သို့ သွား၏။ ထိုအခါ ယုဒရှင်ဘုရင်အာ ခဇိသည်လည်း၊ ယောရံမင်းကို ကြည့်ရှုအံ့သောငှါ ရောက်လာပြီ။

  10. ယေဇရေလမြို့၌ မျှော်စင်ပေါ်မှာ စောင့်သော သူသည်ရပ်လျက်၊ ယေဟုနှင့် လိုက်လာသော အလုံး အရင်းကို မြင်သောအခါ၊ လူအလုံးအရင်းကို ငါမြင် သည်ဟု ဆိုလျှင်၊ ဆီးကြိုခြင်းငှါ သွား၍ ငြိမ်သက်ခြင်း ရှိသလောဟု မေးမည်အကြောင်း၊ ယောရံသည် မြင်းစီး သူရဲတယောက်ကို စေလွှတ်သည်အတိုင်း၊

  11. မြင်းစီးသူရဲသည် ဆီးကြိုခြင်းငှါသွား၍၊ ငြိမ် သက်ခြင်းရှိသလောဟု ရှင်ဘုရင်မေးတော်မူကြောင်းကို ပြောဆိုသော်၊ ယေဟုက၊ သင်သည် ငြိမ်သက်ခြင်းနှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့နောက်သို့လှည့်၍ လိုက်လော့ ဟုဆို၏။ စောင့်သောသူကလည်း၊ မြင်းစီးသူရဲသည် အလုံးအရင်းသို့ ရောက်၍ ပြန်မလာပါဟုဆိုသော်၊

  12. ရှင်ဘုရင်သည် အခြားသော မြင်းစီးသူရဲ တယောက်ကို စေလွှတ်ပြန်၍၊ သူသည်ရောက်သောအခါ၊ ငြိမ်သက်ခြင်းရှိသလောဟု ရှင်ဘုရင် မေးတော်မူကြောင်း ကို ပြောဆိုသော်၊ ယေဟုက၊ သင်သည် ငြိမ်သက်ခြင်း နှင့် အဘယ်သို့ဆိုင်သနည်း။ ငါ့နောက်သို့လှည့်၍ လိုက် လော့ဟု ဆို၏။

  13. စောင့်သောသူကလည်း၊ မြင်းစီးသူရဲသည် ရောက်၍ ပြန်မလာပါ။ လာသောသူသည် နိမ်ရှိသား ယေဟုနှင့် တတ်သကဲ့သို့ အလွန်ပြင်းထန်စွာနှင်၍ လာပါ သည်ဟုဆို၏။

  14. ယောရံမင်းကလည်း၊ မြင်းရထားကို ပြင်ဆင် လော့ဟုဆိုသည်အတိုင်း၊ မြင်းရထားကို ပြင်ဆင်ကြ၏။ ဣသရေလရှင်ဘုရင်ယောရံနှင့် ယုဒရှင်ဘုရင် အာခဇိတို့ သည် ရထားတော်တခုစီစီးလျက်ယေဟုကို ဆီးကြို မည်ဟု ထွက်သွား၍၊ ယေဇရေလမြို့သား နာဗုတ်၏ မြေကွက်တွင် တွေ့ကြ၏။

  15. ယောရံသည် ယေဟုကိုမြင်လျှင်၊ ယေဟု ငြိမ်သက်ခြင်းရှိသလောဟု မေးသော်၊ ယေဟုက။ သင့်အမိယေဇ ဗေလပြုသော အဓမ္မမေထုန်အမှု၊ ပြုစားသော အမှုများ သော ကာလအတွင်းတွင်၊ အဘယ်သို့သော ငြိမ်သက် ခြင်းရှိလိမ့်မည်နည်းဟု ပြန်ပြောသော်၊

  16. ယေဟုသည်လည်း လေးကိုတင်၍ ပစ်သဖြင့်၊ ယောရံကို ပခုံးကြားမှာမှန်၏။ မြှားသည်လည်း နှလုံးကို ထုတ်ချင်းဖောက်၍၊ ယောရံသည် ရထားတော်ပေါ်မှာ လဲနေ၏။

  17. ယေဟုကလည်း၊ သူ့ကိုဆွဲ၍ ယေဇရေလမြို့ သားနာဗုတ်မြေကွက်၌ ချပစ်လော့။ သင်နှင့်ငါသည် သူ့အဘအာဟပ်နောက်သို့ မြင်းစီး၍ လိုက်သောအခါ၊ ဤအမှုကို ထာဝရဘုရား ဗျာဒိတ်ထားတော်မူသည်ကို မမှတ်မိသလော။

  18. ထိုအမှုကို ယုဒရှင်ဘုရင် အာခဇိသည်မြင်လျှင်၊ ဥယျာဉ်စံနန်းလမ်းဖြင့် ပြေး၏။ ယေဟုကလည်း၊ သူ့ကို ရထားပေါ်မှာ ထိုးတော့ဟု လိုက်လျက်ဆိုသည်အတိုင်း၊ ဣဗလံမြို့နား၊ ဂုရမြို့သို့သွားလောလမ်းတွင် ပြုကြသဖြင့်၊ သူသည်မေဂိဒ္ဒေါမြို့သို့ပြေး၍ သေ၏။

  19. ယေဟုသည် ယေဇရေလမြို့သို့ရောက်သည်ကို ယေဇဗေလသည် ကြားလျှင်၊ မျက်ခမ်းတို့ကို ဆေးသုတ်၍ ဆံပင်ကိုတန်ဆာဆင်ပြီးမှ၊ ပြတင်းပေါက်ဝ၌ ကြည့်ရှု လျက် နေ၏။

  20. ယေဟုသည် တံခါးဝသို့ဝင်သောအခါ ယေဇ ဗေလက၊ မိမိသခင် ကိုသတ်သောဇိမရိသည် ချမ်းသာ ရသလောဟု မေးလျှင်၊

  21. အာဟပ်၏သားခုနစ်ကျိပ်တို့သည် ရှာမရိမြို့၌ ရှိသည်ဖြစ်၍၊ ယေဟုသည် ယေဇရေလမြို့အုပ်များ၊ အသက်ကြီးသူများ၊ အာဟပ်သားတို့ ကိုလုပ်ကျွေးသော သူများရှိရာ၊ ရှမာရိမြို့သို့ စားရေး၍ ပေးလိုက်လေ၏။

  22. နန်းတော်အုပ်၊ မြို့အုပ်၊ အသက်ကြီးသူ၊ အာဟပ် သားတို့ကို လုပ်ကျွေးသော သူတို့ကလည်း၊ ကျွန်တော်တို့ သည် ကိုယ်တော်ကျွန်ဖြစ်ပါ၏။ မိန့်တော်မူသည်အတိုင်း ပြုပါမည်။ ကျွန်တော်တို့သည် ရှင်ဘုရင် ကိုမချီးမြှောက်ပါ။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူပါဟု ယေဟုထံသို့ ပြန်စာကို ပေးလိုက်ကြ၏။

  23. ယေဇရေလမြို့၌ ကျန်ကြွင်းသော အာဟပ် အမျိုးသားအပေါင်းတို့နှင့် သူ၏ လူကြီးပေါက်ဘော်၊ ယဇ်ပုရောဟိတ်အပေါင်းတို့ကို တယောက်မျှမကျန်စေဘဲ သတ်လေ၏။

  24. ယုဒရှင်ဘုရင်အာခဇိ၏ ပေါက်ဘော်တို့ကို တွေ့လျှင်၊ သင်တို့သည် အဘယ်သူနည်းဟု မေးသော်၊ ငါတို့သည် အာခဇိမင်း၏ ဆွေတော်မျိုးတော်ဖြစ်၏။ ရှင်ဘုရင်၏ သားတော်တို့နှင့် မိဖုရား၏ သားတော်တို့ကို နှုတ်ဆက်အံ့သောငှါ သွားသည်ဟု ဆိုကြ၏။

  25. တဖန်ယေဟုသည် လူအပေါင်းတို့ကို စုဝေး စေ၍၊ အာဟပ်သည် ဗာလဘုရားကို အနည်းငယ်သာ ဝတ်ပြု၏။ ငါယေဟုမူကား များစွာပြုမည်။