Vision အကြောင်း ကျမ်းစာအခန်းငယ်များ: Peter, James, and John, of the transfiguration of Jesus and the appearance of Moses and Elijah
Peter, James, and John, of the transfiguration of Jesus and the appearance of Moses and Elijah အကြောင်း အခန်းငယ်များ
ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်၊ ယာကုပ်ညီ ယောဟန်တို့ကိုခေါ်၍၊ မြင့်လှ စွာသော တောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ၏။
သူတို့ရှေ့၌ ထူးခြားသောအဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍၊ မျက်နှာတော်သည် နေကဲ့သို့ထွန်း တောက်လျက်၊ အဝတ်တော်သည် အလင်းကဲ့သို့ဖြူလျက်ရှိ၏။
မောရှေနှင့်ဧလိယသည် ထင်ရှား၍ ကိုယ်တော်နှင့်အတူစကားပြောလျက်နေကြ၏။
ထိုအခါ ပေတရုက၊ သခင်၊ ဤအရပ်၌နေဘွယ်ကောင်းပါ၏။ ကိုယ်တော်ဘို့တဲတဆောင်၊ မောရှေဘို့ တဆောင်၊ ဧလိယဘို့တဆောင်၊ တဲသုံးဆောင်ကို အလိုတော်ရှိလျှင် အကျွန်ုပ်တို့သည် ဆောက်လုပ်ပါမည်ဟု လျှောက်လေ၏။
ထိုသို့လျှောက်စဉ်တွင်၊ ထွန်းလင်းသောမိုဃ်းတိမ်သည် ထိုသူတို့ကိုလွှမ်းမိုး၍၊ ဤသူသည် ငါနှစ်သက် မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်။ သူ၏စကားကို နားထောင်ကြလော့ဟု မိုဃ်းတိမ်ကအသံတော်ဖြစ်လေ၏။
တပည့်တော်တို့သည် ကြားရလျှင်၊ ပြပ်ဝပ်၍ အလွန်ကြောက်လန့်ခြင်းရှိကြ၏။
ယေရှုသည်လာ၍ သူတို့ကို လက်နှင့်တို့တော်မူလျက်၊ ထကြ၊ မကြောက်ကြနှင့်ဟု မိန့်တော်မူသော်၊
သူတို့သည် ကြည့်မြော်သဖြင့်၊ ယေရှုတယောက်တည်းမှတပါး၊ အဘယ်သူကိုမျှ မမြင်ကြ။
တောင်ပေါ်မှဆင်းကြသောအခါ ယေရှုက၊ လူသားသည်သေခြင်းမှ မထမြောက်မှီတိုင်အောင်၊ သင်တို့ ယခုမြင်သော ရူပါရုံကို အဘယ်သူအားမျှမပြောကြနှင့်ဟု တပည့်တော်တို့ကို ပညတ်တော်မူ၏။
ထိုသို့မိန့်တော်မူသည်နောက်၊ ရှစ်ရက်လောက်လွန်သောအခါ၊ ယေရှုသည်ပေတရု၊ ယောဟန်၊ ယာကုပ် တို့ကိုခေါ်၍ ဆုတောင်းခြင်းငှါ တောင်ပေါ်သို့ တက်ကြွတော်မူ၏။
ဆုတောင်းတော်မူစဉ်တွင် မျက်နှာတော်သည် ထူးခြားသောအဆင်းအရောင်ရှိ၍၊ အဝတ်တော်လည်း ပြောင်ပြောင်လက်လက်ဖြူ၏။
မောရှေနှင့်ဧလိယတည်းဟူသော လူနှစ်ယောက်တို့သည် ဘုန်းအသရေနှင့်ထင်ရှား၍၊
ကိုယ်တော်နှင့်အတူဆွေးနွေးလျက် ယေရုရှလင်မြို့၌ စုတေ့တော်မူမည်အကြောင်းအရာကို ပြော ကြ၏။
ပေတရုနှင့် သူ၏အဘော်တို့သည် မျက်စိလေးလန်သဖြင့် တငိုက်ငိုက်ရှိကြ၏၊ နိုးသောအခါ ဘုန်း အသရေတော်ကို၎င်း၊ ကိုယ်တော်နှင့် ရပ်နေသောလူနှစ်ယောက်ကို၎င်း မြင်ကြ၏။
ထိုသူတို့သည် အထံတော်မှသွားကြစဉ်၊ ပေတရုက၊ သခင်၊ ဤအရပ်၌နေဘွယ်ကောင်းပါ၏။ ကိုယ် တော်ဘို့တဲတဆောင်၊ မောရှေဘို့တဆောင်။ ဧလိယဘို့တဆောင်၊ တဲသုံးဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ် ပါရစေဟု ယောင်ယမ်း၍ လျှောက်လေ၏။
ထိုသို့လျှောက်ပြီးမှ မိုဃ်းတိမ်သည် သူတို့ကိုလွှမ်းမိုး၍၊ မောရှေနှင့် ဧလိယသည်တိမ်ထဲသို့ဝင်သည်ကို တပည့်တော်တို့သည် ကြောက်ခြင်းရှိကြသည်ဖြစ်၍၊
ဤသူကား ငါ၏ချစ်သားပေတည်း။ သူ၏ စကားကိုနားထောင်ကြလော့ဟု မိုဃ်းတိမ်က အသံတော် ဖြစ်လေ၏။
ထိုအသံတော်ဖြစ်သည် ခဏခြင်းတွင်၊ ယေရှုသည် တယောက်တည်းရှိတော်မူ၏။ တပည့်တော်တို့ သည် မိမိတို့မြင်သောအရာကိုဝှက်ထား၍၊ ထိုကာလ၌ အဘယ်သူအားမျှမကြားမပြောဘဲနေကြ၏။