Truth အကြောင်း ကျမ်းစာအခန်းငယ်များ
အဓိက ကျမ်းစာအခန်းငယ်များ
ထိုမှတပါး ဘုရားသခင်ကို ကြောက်ရွံ့လျက်၊ သစ္စာနှင့်ပြည့်စုံလျက်၊ လောဘကို ရွံရှာလျက်၊ တတ်စွမ်းနိုင်သောသူတို့ကို လူအပေါင်းတို့အထဲက ရွေးကောက်၍၊ တထောင်အုပ်၊ တရာအုပ်၊ ငါးဆယ်အုပ်၊ တဆယ်အုပ်အရာ၌ ခန့်ထားရမည်။
ထာဝရဘုရားသည် မောရှေရှေ့၌ ကြွသွားတော်မူလျက်၊ ထာဝရဘုရား၊ ထာဝရဘုရား၊ ချစ်သနား ခြင်း မေတ္တာကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူထသော၊
ဘုရားသခင်သည် မူလအမြစ်ဖြစ်၍၊ အမှုတော် သည် စုံလင်ပေ၏။ စီရင်တော်မူသမျှတို့သည် တရားနှင့် ညီလျက်၊ သစ္စာစောင့်သောဘုရား၊ အပြစ်ကင်းလွတ်၍ ဟုတ်မှန်ဖြောင့်မတ်သော ဘုရားဖြစ်တော်မူ၏။
ယခုမှာ ထာဝရဘုရားကို ကြောက်ရွံ့၍ ကြည်ဖြူ ခြင်း၊ သစ္စာစောင့်ခြင်းနှင့်တကွ ဝတ်ပြုကြလော့။ မြစ်ကြီး တဘက်၌၎င်း၊ အဲဂုတ္တုပြည်၌၎င်း၊ ဘိုးဘေးတို့ဝတ်ပြု သော ဘုရားများကို ပယ်၍ ထာဝရဘုရားကိုသာ ဝတ်ပြု ကြလော့။
သို့ရာတွင် ထာဝရဘုရားကို ကြောက်ရွံ့၍ သစ္စာနှင့်တကွ စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုကြလော့။ သင်တို့အဘို့ အဘယ်မျှလောက် ပြုတော်မူပြီးသည်တို အောက်မေ့ကြလော့။
သင်၏သားမြေးတို့သည် စိတ်နှလုံးအကြွင်းမဲ့ ငါ့ရှေ့မှာ သမ္မာတရား၌ ကျင်လည်ခြင်းငှါ မိမိတို့သွားရာ လမ်းကို သတိပြုလျှင်၊ ဣသရေ လနိုင်ငံရာဇပလ္လင်ပေါ် မှာ ထိုင်ရသော သင်၏အမျိုးမင်းရိုးမပြတ်ရဟု မိန့်တော် မူသော စကားတော်တည်၍၊ သင်သည်ပြုလေရာရာ၊ သွားလေရာရာ၌ အောင်မြင်မည်အကြောင်းသင်၏ ဘုရားသခင်ထာဝရဘုရား၏ လမ်းတော်သို့ လိုက်၍၊ မောရှေ၏ပညတ္တိကျမ်း၌ပါသော စီရင်ထုံးဖွဲ့ချက်၊ သက်သေခံချက်၊ ပညတ်တရားတော်တို့ကို စောင့်ရှောက် စေခြင်းငှါ မှာထားတော်မူသော စကားကို နားထောင် လော့။
အိုထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ သစ္စာစောင့်လျက်၊ စုံလင်သော စိတ်နှလုံးနှင့်ကျင့်၍ နှစ်သက်တော်မူသည်အတိုင်း ပြုကြောင်းကို အောက်မေ့ တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန်ငိုကြွေး လျက် ထာဝရဘုရားကို ဆုတောင်းလေ၏။
သစ္စာစောင့်တော်မူသော ဘုရားသခင် ထာဝရ ဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ရွေးနှုတ်တော်မူ သည်ဖြစ်၍၊ အကျွန်ုပ်၏ဝိညာဉ်ကို ကိုယ်တော်လက်၌ အပ်ပါ၏။
အကျွန်ုပ်၌ဖြစ်လေသမျှသော အမှုအရာတို့ကို ကိုယ်တော်စီရင်ပိုင်တော်မူ၏။ ရန်သူတို့နှင့် ညှဉ်းဆဲတတ် သောသူတို့ လက်မှအကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။
အကြောင်းမူကား၊ ထာဝရဘုရား၏ နှုတ် ကပတ်တော်သည် ဖြောင့်မတ်ပေ၏။ စီရင်တော်မူသမျှ သော အမှုတို့သည်လည်း သစ္စာတရား နှင့်ညီကြ၏။
ဖြောင့်မတ်စွာ စီရင်တော်မူခြင်းတရားကို အကျွန်ုပ်သည် ကိုယ်နှလုံးထဲမှာ ဝှက်၍မထားပါနှင့်။ သစ္စာစောင့်တော်မူခြင်းတရားနှင့် ကယ်တင်တော်မူခြင်း တရားနှင့် ကယ်တင်တော်မူခြင်းတရားကို ဟောပြော ပါပြီ။ ကရူဏာတော်နှင့် သစ္စာတော်ကို ပရိသတ်ကြီး အလယ်မှာ မထိမ်းဝှက်ပါ။
ဟုတ်မှန်ဖြောင့်မတ်သော စိတ်နှလုံးကို နှစ်သက် တော်မူသည်ဖြစ်၍၊ အကျွန်ုပ်၏ စိတ်နှလုံးထဲမှာ ပညာကို သွန်သင်တော်မူပါ။
ကောင်းကင်ကလက်တော်ကို ဆန့်တော်မူမည်။ ငါ့ကို ကိုက်စားအံ့သောသူကို အရှက်ခွဲသဖြင့်၊ ငါ့ကို ကယ်တင်တော်မူမည်။ ကရုဏာတော်နှင့်သစ္စာတော်ကို ဘုရားသခင် စေလွှတ်တော်မူမည်။
အကြောင်းမူကား၊ ကရုဏာတော်သည် ကောင်း ကင်သို့၎င်း၊ သစ္စာတော်သည် မိုဃ်းတိမ်သို့၎င်း မှီပါ၏။
ကရုဏာနှင့်သစ္စာဆုံမိပြီ။ တရားနှင့်ချမ်းသာ သည် တပါးကို တပါးနမ်းကြပြီ။
သစ္စာသည် မြေကြီးထဲက ပေါက်လိမ့်မည်။ တရားသည်လည်း ကောင်းကင်ပေါ်ကငုံ့ကြည့်လိမ့်မည်။
အို ထာဝရဘုရား၊ ကိုယ်တော်သည် သနား စုံမက်တတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ သည်းခံတတ်သောသဘော၊ ကရုဏာနှင့်သစ္စာ ကြွယ်ဝ သော သဘောနှင့် ပြည့်စုံသောဘုရားဖြစ်တော်မူ၏။
တရားသဖြင့် စီရင်ခြင်း၊ ဖြောင့်မတ်စွာ ဆုံးဖြတ် ခြင်းသည် ပလ္လင်တော်၏ တည်ရာဖြစ်ပါ၏။ ကရုဏာနှင့် သစ္စာသည် မျက်နှာတော်ရှေ့၌ သွားကြပါ၏။
အကြောင်းမူကား၊ ကိုယ်တော်သည် ကြွလာ တော်မူ၏။ မြေကြီးသားတို့ကို တရားစီရင်ခြင်းငှါ ကြွလာ တော်မူ၏။ လောကသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့်၎င်း၊ လူများကို သစ္စာတော်နှင့်၎င်း စီရင်ဆုံးဖြတ်တော် မူလတံ့။
ဣသရေလအမျိုးသားတို့၌ ကရုဏာတော်နှင့် သစ္စာတော်ကို အောက်မေ့တော်မူပြီ။ ငါတို့ဘုရားသခင် ၏ ကယ်တင်တော်မူခြင်းကျေးဇူးကို မြေကြီးစွန်းအပေါင်း တို့သည် မြင်ရကြပြီ။
အကြောင်းမူကား၊ ထာဝရဘုရားသည် ကောင်း မြတ်တော်မူ၏။ ကရုဏာတော်သည် အစဉ်အမြဲရှိ၍၊ သစ္စာတော်သည် ကာလအဆက်ဆက် တည်လေ သတည်း။
အကြောင်းမူကား၊ ကရုဏာတော်သည် ကောင်း ကင်သို့၎င်း၊ သစ္စာတော်သည် မိုဃ်းတိမ်သို့၎င်း မှီပါ၏။
ထာဝရဘုရားသည် ပဌနာပြုသောသူအပေါင်း၊ သစ္စာနှင့်တကွ ပဌနာပြုသော သူအပေါင်း တို့၏ အနီးအပါးရှိတော်မူ၏။
ကရုဏာတရားနှင့် သစ္စာတရားကို သင်နှင့် မကွာစေနှင့်။ ထိုတရားတို့ကို သင်၏လည်ပင်း၌ဆွဲထား လော့။ နှလုံးအင်းစာရင်း၌ ရေးသွင်းလော့။
မှန်သောစကားကို ပြောသောသူသည် ဖြောင့် မတ်ခြင်းတရား၊ မမှန်သောသက်သေကို ခံသောသူမူကား၊ မုသာတရားကို ပြသတတ်၏။