Truth အကြောင်း ကျမ်းစာအခန်းငယ်များ: Approve themselves by
Approve themselves by အကြောင်း အခန်းငယ်များ
ဆိတ်ကွယ်ရာအရပ်၌ပြုသော ရှက်ဘွယ်သော အမှုများကိုပယ်ကြ၏။ ပရိယာယ်ကိုမသုံး၊ ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်ကို တိမ်ဝှက်မှောက်လှန်ခြင်းမရှိ။ သမ္မာတရားကိုအတည့်အလင်း ဘော်ပြ၍၊ ဘုရား သခင့်ရှေ့တော်၌ လူအပေါင်းတို့၏ စိတ်အထင်အတိုင်း ချီးမွမ်းဘွယ်သော အကျင့်ဓလေ့ကို ကျင့်ကြ၏။
သမ္မာတရားကိုဟောခြင်း ဘုရားသခင်၏ တန်ခိုးတော်ကိုပြခြင်း၊ ဖြောင့်မတ်သောအကျင့်တည်း ဟူသော လက်နက်များကို လက်ျာဘက် လက်ဝဲဘက်၌ ဝတ်ဆောင်ခြင်းအားဖြင့်၎င်း၊
အသရေထင်ရှားခြင်းနှင့်ရှုတ်ချခြင်း၊ ချီးမွမ်းခြင်းနှင့် ကဲ့ရဲ့ခြင်းကို ခံသဖြင့်၎င်း၊ လှည့်စားသောသူ ကဲ့သို့ဖြစ်သော်လည်း၊ ဟုတ်မှန်သောသူ၊
အထက်ကငါသည် သင်တို့ကိုအကြောင်းပြု၍ ဝါကြွားသော စကားကိုထိုသူအားပြောပြီးလျှင်၊ ယခု ရှက်ကြောက်ခြင်းမရှိ။ ငါတို့သည် အရာရာ၌ သင်တို့အား ဟုတ်မှန်စွာပြောသည်နည်းတူ၊ တိတုရှေ့၌ ငါ ဝါကြွားသောစကားသည်လည်း မှန်သောစကားဖြစ်ကြောင်း ထင်ရှား၏။