Skip to content

Tithe အကြောင်း ကျမ်းစာအခန်းငယ်များ

46 အခန်းငယ် · 20 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သင်တို့နှင့်ရော၍ အဘို့မရှိ၊ အမွေကို မခံရသော လေဝိသား၊ သင်တို့နေရာအရပ်၌ ရှိသော တပါးအမျိုး သား၊ မိဘမရှိသော သူငယ်၊ မုတ်ဆိုးမများတို့သည် လာ၍ ဝစွာစားရကြမည်။ သို့ဖြစ်လျှင် သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့ပြုလေရာရာ၌ ကောင်းကြီး ပေးတော်မူမည်။

  2. သုံးနှစ်တွင် ဆယ်ဘို့တဘို့ပေးရသော တတိယ နှစ် ရောက်သောအခါ၊ အစီးအပွားရှိသမျှတို့ကို ဆယ်ဘို့ တဘို့ ကောက်ယူ၍၊ လေဝိသား၊ တပါးအမျိုးသား၊ မိဘမရှိ သောသူ၊ မုတ်ဆိုးမတို့ကို သင့်နေရာမြို့များ၌ ဝစွာကျွေး မွေးပြီးမှ၊

  3. သင်၏ဘုရားသခင် ထာဝရဘုရားအား၊ ကိုယ် တော်သည် အကျွန်ုပ်ကို မှာထားတော်မူသမျှအတိုင်း၊ သန့်ရှင်းသောဥစ္စာတို့ကို အိမ်မှထုတ်၍ လေဝိသား၊ တပါး အမျိုးသား၊ မိဘမရှိသောသူ၊ မုတ်ဆိုးမတို့အား ပေးပါပြီ။ ပညတ်တော်တို့ကို မလွန်ကျူး၊ မမေ့လျော့ပါ။

  4. မသာအမှုကို ဆောင်စဉ်အခါ ထိုဥစ္စာကို အကျွန်ုပ်မစားပါ။ မစင်ကြယ်သော အသုံးအဆောင်ဘို့ အနည်းငယ်ကိုမျှ မယူပါ။ သေသောသူတို့အဘို့ အနည်း ငယ်ကိုမျှ မပေးပါ။ အကျွန်ုပ်ဘုရားသခင် ထာဝရဘုရား ၏ စကားတော်ကို နားထောင်ပါပြီ။ ကိုယ်တော်မှာထား တော်မူသမျှအတိုင်း ပြုပါပြီ။

  5. ကိုယ်တော်၏ သန့်ရှင်းသော နေရာကောင်းကင် ဘုံမှ ငုံ့ကြည့်၍၊ ကိုယ်တော်၏ လူဣသရေလအမျိုးကို၎င်း၊ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသည်အတိုင်း၊ အကျွန်ုပ်တို့ အား ပေးတော်မူသောပြည်၊ နို့နှင့် ပျားရည်စီးသော ပြည်ကို၎င်း ကောင်းကြီးပေးတော်မူပါဟု လျှောက်ဆို ရမည်။

  6. လေဝိအမျိုးအား အမွေကိုမပေး။ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် အမိန့်တော် ရှိသည်အတိုင်း သူတို့အမွေဖြစ်တော်မူသတည်း။

  7. သင်တို့မျိုးစေ့ စပျစ်သီးဆယ်ဘို့တဘို့ကို ယူ၍ သူ၏အရာရှိ အမှုထမ်းတို့အား ပေးလိမ့်မည်။

  8. သင်တို့သိုးစုဆယ်ဘို့ တဘို့ကိုလည်းယူ၍ သင်တို့သည် သူ၏ ကျွန်ခံရကြမည်။

  9. ထိုအမိန့်တော်ကို ဣသရေလအမျိုးသားတို့ သည် အနှံ့အပြား ကြားသိကြသောအခါ၊ အဦးသီးသော စပါး၊ စပျစ်ရည်၊ ဆီ၊ ပျားရည်အစရှိ သော မြေအသီးအနှံ ကို၎င်း၊ အခြားသောဥစ္စာရှိသမျှ ဆယ်ဘို့တဘို့ကို၎င်း၊ များစွာဆောင်ခဲ့ကြ၏။

  10. ယုဒမြို့တို့၌နေသောဣသရေလအမျိုးနှင့် ယုဒ အမျိုးသားတို့သည်လည်း၊ သိုးနွားဆယ်ဘို့တဘို့ကို၎င်း၊ သူတို့၏ဘုရားသခင် ထာဝရဘုရားအား ပူဇော်၍ သန့်ရှင်းသော ဥစ္စာဆယ်ဘို့တဘို့ကို၎င်း ဆောင်ခဲ့၍ အသီးအသီးပုံထားကြ၏။

  11. လှူသောဥစ္စာ၊ ဆယ်ဘို့တဘို့ဥစ္စာ၊ ပူဇော်သော ဥစ္စာများကို တရားနှင့်အညီ သွင်းထားကြ၏။ လေဝိသားကောနနိသည်တိုက်အုပ်၊ သူ၏ညီရှိမိသည် တိုက်စာရေးဖြစ်၏။

  12. အဦးလုပ်သော မုန့်စိမ်း၊ ပူဇော်သက္ကာ၊ သစ်သီး အမျိုးမျိုး၊ စပျစ်ရည်၊ ဆီကိုယဇ်ပုရောဟိတ်တို့ရှိရာ ဗိမာန်တော် အခန်းသို့၎င်း၊ လယ်လုပ်သော မြို့ရွာရှိသမျှ တို့၌ မြေအသီးအနှံဆယ်ဘို့တဘို့ကို လေဝိ သားတို့ထံသို့ ၎င်း၊ ဆောင်ခဲ့ရမည်အကြောင်း စီရင်ထုံးဖွဲ့ကြ၏။

  13. လေဝိသားတို့သည် ဆယ်ဘို့တဘို့ကို ခံယူသော အခါ၊ အာရုန်အမျိုး ယဇ်ပုရောဟိတ်ရှိရမည်။ လေဝိသား တို့သည်လည်း ဆယ်ဘို့တဘို့ထဲက ဆယ်ဘို့တဘို့ကို နှုတ် ယူ၍ ဗိမာန်တော်အခန်း ဘဏ္ဍာတိုက်ထဲသို့ သွင်းရကြ မည်။

  14. အမှုတော်စောင့်၊ လေဝိသား၊ သီချင်းသည် တို့သည် အသီးအသီး မိမိတို့လယ်ယာသို့ ပြေးသွားကြ သည်ကို ငါထောက်၍၊ သူတို့ခံအပ်သော စားစရာ ရိက္ခာကို မံမရကြောင်းကို ငါရိပ်မိလျက်၊

  15. ဘုရားသခင်၏ အိမ်တော်ကို အဘယ်ကြောင့် စွန့်ပစ်ကြသနည်းဟု မင်းတို့ကို အပြစ်တင်၍၊ လေဝိသား တို့ကို စုဝေးစေပြီးမှ၊ သူတို့နေရာ၌ ခန့်ထားပြန်၏။

  16. ထိုအခါ ယုဒလူအပေါင်းတို့သည် ဆန်စပါး၊ စပျစ်ရည်၊ ဆီဆယ်ဘို့တဘို့ကို ဘဏ္ဍာတော်တိုက်သို့ ဆောင်ခဲ့ပြန်ကြ၏။

  17. ယဇ်ပုရောဟိတ် ရှေလမိ၊ ကျမ်းတတ်ဇာဒုတ်၊ လေဝိသား ပေဒါယ၊ သူ့နောက်မဿနိသားဖြစ်သော ဇက္ကုရ၏သား ဟာနန်တို့ကို ဘဏ္ဍာတော်တိုက်စိုးအရာ၌ ငါခန့်ထား၏။ ထိုသူတို့သည် သစ္စာစောင့်ခြင်း အသရေ ရှိသည်ဖြစ်၍၊ အမျိုးသားချင်းတို့အား ဝေဖန်ရကြ၏။

  18. လူသည် ဘုရားသခင်၏ဥစ္စာတော်ကို လုယူရ မည်လော။ သို့သော်လည်း၊ သင်တို့သည် ငါ့ဥစ္စာကို လုယူ ကြပြီ။ အကျွန်ုပ်တို့သည် အဘယ်သို့ လုယူပါသနည်းဟု သင်တို့မေးလျှင်၊ ဆယ်ဘို့တဘို့ကို၎င်း၊ ပူဇော်သက္ကာတို့ ကို၎င်း လုယူကြပြီ။

  19. ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်းရွက်၊ လျူရွက်မျိုးမှစ၍ မြက်ပင် အမျိုးမျိုးကို ဆယ်ဘို့တဘို့ လှူကြသည်တွင်၊ တရားသဖြင့်စီရင်ခြင်း၊ ဘုရားသခင်ကိုချစ်ခြင်းအမှုကိုကား လှပ်၍ ထားကြ၏။ အရင်ဆိုသောအရာတို့ကို မလှပ်မထား၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည်။

  20. အကျွန်ုပ်သည် ခုနှစ်ရက်တွင် နှစ်ရက်အစာရှောင်ပါ၏။ ဥစ္စာရှိသမျှတို့ကို ဆယ်ဘို့တဘို့ လှူပါ၏ဟူ ၍ ဆုတောင်းပဌနာပြု၏။

  21. သူတို့ အမျိုးမဟုတ်သော ထိုမင်းမူကား၊ အာဗြဟံ၏ လက်မှ ဆယ်ဘို့တဘို့ကို ခံလေ၏။ ဂတိတော် တို့ကိုခံရသော သူကိုလည်း ကောင်းချီးပေးလေ၏။