Tithe အကြောင်း ကျမ်းစာအခန်းငယ်များ: The tenth of, given by the Levites to the priests as their portion
The tenth of, given by the Levites to the priests as their portion အကြောင်း အခန်းငယ်များ
သင်တို့အမွေခံစရာ ငါပေးသော ဣသရေလ အမျိုးသားတို့၏ ဥစ္စာဆယ်ဘို့တဘို့ကို သင်တို့သည် ခံယူ သောအခါ၊ ထိုအဘို့ကို ဆယ်ဘို့ဘို့ ပြန်၍ တဘို့ကို ထာဝရ ဘုရားအား ပူဇော်သက္ကာပြုရကြမည်။
ထိုသို့ သင်တို့သည် ဣသရေလအမျိုးသားတို့မှ ခံယူသော ဆယ်ဘို့တဘို့ထဲက၊ ထာဝရဘုရားအား ပူဇော် သက္ကာပြုရကြမည်။ ထိုပူဇော်သက္ကာကိုလည်း၊ ယဇ်ပုရော ဟိတ်အာရုန်အား လှူရကြမည်။
လေဝိသားတို့သည် ဆယ်ဘို့တဘို့ကို ခံယူသော အခါ၊ အာရုန်အမျိုး ယဇ်ပုရောဟိတ်ရှိရမည်။ လေဝိသား တို့သည်လည်း ဆယ်ဘို့တဘို့ထဲက ဆယ်ဘို့တဘို့ကို နှုတ် ယူ၍ ဗိမာန်တော်အခန်း ဘဏ္ဍာတိုက်ထဲသို့ သွင်းရကြ မည်။