Tithe အကြောင်း ကျမ်းစာအခန်းငယ်များ: To be consumed at home every third year to promote hospitality and charity
To be consumed at home every third year to promote hospitality and charity အကြောင်း အခန်းငယ်များ
တတိယနှစ်တွင် သိမ်းသောအသီးအနှံ ဆယ်ဘို့တဘို့ ရှိသမျှကို ထုတ်၍ မြို့ထဲမှာ သိုထားရမည်။
သင်တို့နှင့်ရော၍ အဘို့မရှိ၊ အမွေကို မခံရသော လေဝိသား၊ သင်တို့နေရာအရပ်၌ ရှိသော တပါးအမျိုး သား၊ မိဘမရှိသော သူငယ်၊ မုတ်ဆိုးမများတို့သည် လာ၍ ဝစွာစားရကြမည်။ သို့ဖြစ်လျှင် သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့ပြုလေရာရာ၌ ကောင်းကြီး ပေးတော်မူမည်။
သုံးနှစ်တွင် ဆယ်ဘို့တဘို့ပေးရသော တတိယ နှစ် ရောက်သောအခါ၊ အစီးအပွားရှိသမျှတို့ကို ဆယ်ဘို့ တဘို့ ကောက်ယူ၍၊ လေဝိသား၊ တပါးအမျိုးသား၊ မိဘမရှိ သောသူ၊ မုတ်ဆိုးမတို့ကို သင့်နေရာမြို့များ၌ ဝစွာကျွေး မွေးပြီးမှ၊
သင်၏ဘုရားသခင် ထာဝရဘုရားအား၊ ကိုယ် တော်သည် အကျွန်ုပ်ကို မှာထားတော်မူသမျှအတိုင်း၊ သန့်ရှင်းသောဥစ္စာတို့ကို အိမ်မှထုတ်၍ လေဝိသား၊ တပါး အမျိုးသား၊ မိဘမရှိသောသူ၊ မုတ်ဆိုးမတို့အား ပေးပါပြီ။ ပညတ်တော်တို့ကို မလွန်ကျူး၊ မမေ့လျော့ပါ။
မသာအမှုကို ဆောင်စဉ်အခါ ထိုဥစ္စာကို အကျွန်ုပ်မစားပါ။ မစင်ကြယ်သော အသုံးအဆောင်ဘို့ အနည်းငယ်ကိုမျှ မယူပါ။ သေသောသူတို့အဘို့ အနည်း ငယ်ကိုမျှ မပေးပါ။ အကျွန်ုပ်ဘုရားသခင် ထာဝရဘုရား ၏ စကားတော်ကို နားထောင်ပါပြီ။ ကိုယ်တော်မှာထား တော်မူသမျှအတိုင်း ပြုပါပြီ။
ကိုယ်တော်၏ သန့်ရှင်းသော နေရာကောင်းကင် ဘုံမှ ငုံ့ကြည့်၍၊ ကိုယ်တော်၏ လူဣသရေလအမျိုးကို၎င်း၊ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသည်အတိုင်း၊ အကျွန်ုပ်တို့ အား ပေးတော်မူသောပြည်၊ နို့နှင့် ပျားရည်စီးသော ပြည်ကို၎င်း ကောင်းကြီးပေးတော်မူပါဟု လျှောက်ဆို ရမည်။