The Pomegranate Tree အကြောင်း ကျမ်းစာအခန်းငယ်များ
အဓိက ကျမ်းစာအခန်းငယ်များ
ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့်လုပ်သော သလဲသီးများကို၎င်း၊
ရွှေစင်ဆည်းလည်းများကို၎င်း၊ ဝတ်လုံအောက်စွန်းနားပတ်လည်၌၊
သလဲသီးတလုံး၊ ဆည်းလည်းတလုံးစီခြားလျက် အစဉ်အတိုင်း ဆွဲထားသဖြင့်၊ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ အမှုတော်ကို ဆောင်ရသော ဝတ်လုံးကို လုပ်၍ပြီးလေ၏။
ဧရှကောလချိုင့်သို့ ရောက်လျှင် အသီးတပြွတ် ပါသောစပျစ်နွယ်ပင် အခက်တခက်ကို ခုတ်၍ လူ နှစ်ယောက်တို့သည် ထမ်းဘိုးနှင့်ထမ်းကြ၏။ သလဲသီး၊ သင်္ဘောသဖန်းသီးများကိုလည်း ဆောင်ခဲ့ကြ၏။
ငါတို့ကို အဲဂုတ္တုပြည်မှ ထွက်စေ၍၊ ဤဆိုးသော အရပ်သို့ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ ဤအရပ် သည် လယ်လုပ်စရာမကောင်း၊ သင်္ဘောသဖန်းပင်၊ စပျစ် နွယ်ပင်၊ သလဲပင်စိုက်စရာမကောင်း။ သောက်စရာရေမျှ မရှိဟု မောရှေကို အပြစ်တင်၍ ဆိုကြ၏။
ဂျုံ၊ မုယော၊ စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်နှင့် ပြည့်စုံသောပြည်၊ သံလွင်ဆီ၊ ပျားရည်နှင့် ပြည့်စုံသောပြည်၊
ရှောလုသည် ဂိဗာမြို့စွန်း၊ မိဂြုန်ရွာ၊ ရိမ္မုန်ကျောက်ဆောင်နားမှာ နေ၍၊ အထံတော်၌ လူခြောက် ရာခန့်မျှရှိ၏။
ကြေးဝါသလဲသီးတို့ကိုလည်း လုပ်၍၊ တိုင်ထိပ် ကွန်ရွက်အပေါ်မှာ ထိပ်တခုလျှင် သလဲသီးနှစ်တန်းစီဖြင့် တန်ဆာဆင်လေ၏။
နှုတ်ခမ်းသည်လည်း နီတွေးသောကြိုးနှင့်တူ၏။ စကားသံလည်း သာယာပေ၏။ နားပန်းဆံကြားမှာ ပါးတို့ သည် သလဲသီးရှက်နှင့်တူကြ၏။
သင်၏ပျိုးပင်တို့ကား၊ ချိုသောအသီးကို သီးတတ် သော သလဲတော၊ နာဒုပင်နှင့် ရောသောဟင်္နာတော၊
နားပန်းဆံကြားမှာ ပါးတို့သည် သလဲသီးရှက် နှင့် တူကြ၏။
ချိုင့်ထဲမှာ သစ်သီးများကိုကြည့်ရှု၍၊ စပျစ်နွယ် ပင် သန်သည် မသန်သည်ကို၎င်း၊ သလဲပင်ပွင့်သည် မပွင့်သည်ကို၎င်း သိခြင်းငှါ၊ ငါပြုစုသော ဥယျာဉ်သို့ ငါဆင်းသွား၏။
နံနက်စောစောထ၍ စပျစ်ဥယျာဉ်သို့သွားကြ ကုန်အံ့။ စပျစ်နွယ်ပင် သန်သည်မသန်သည်ကို၎င်း၊ အပွင့်များသည် မများသည်ကို၎င်း၊ သလဲပင်ပွင့်သည် မပွင့်သည်ကို၎င်း၊ ကြည့်ရှုကြကုန်အံ့၊ ထိုအရပ်၌ ကျွန်မ၏ မေတ္တာကို ကိုယ်တော်၌ အပ်ပေးပါမည်။
ကိုယ်တော်ကို လက်ဆွဲ၍၊ မိခင်၏အိပ်ခန်းထဲသို့ ဆောင်သွားပါလိမ့်မည်။ သူသည်လည်း ကျွန်မကို သွန်သင်သဖြင့်၊ ကျွန်မသည်ဆေးရောသော စပျစ်ရည် နှင့် ကျွန်မသလဲရည်ကို ကိုယ်တော်အား သောက်တော် မူပါစေမည်။
စပျစ်နွယ်ပင်သည် ညှိုးနွမ်း၏။ သင်္ဘောသဖန်း ပင်လည်း သွေ့ခြောက်၏။ သလဲပင်။ စွန်ပလွံပင်၊ ရှောက်ချိုပင်မှစ၍ တောသစ်ပင်ရှိသမျှတို့သည် ညှိုးနွမ်း ကြ၏။ အကယ်စင်စစ်လူသားတို့၌ ဝမ်းမြောက်စရာ အကြောင်းသည် သွေ့ခြောက်၏။
စပါးကျီ၌ စပါးရှိသလော။ မရှိ။ စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်၊ သံလွင်ပင်တို့သည် အသီး ကို မသီးကြသေး။ သို့သော်လည်း၊ ယနေ့မှစ၍ သင်တို့ကို ငါကောင်းကြီးပေးမည်ဟု မိန့်တော်မူ၏။