အကြောင်းအရာသို့ ကျော်သွားရန်

Spiritual Peace အကြောင်း ကျမ်းစာအခန်းငယ်များ

65 အခန်းငယ် · 53 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ကြွင်းသေးသောစကားဟူမူကား၊ ညီအစ်ကိုတို့၊ သင်တို့၌ မင်္ဂလာရှိပါစေသော။ စုံလင်ခြင်း၊ သက်သာ ဝမ်းမြောက်ခြင်းရှိကြလော့။ စိတ်တညီတညွတ်တည်း ဖြစ်၍၊ အချင်းချင်းအသင့်အတင့်နေကြလော့။ သို့ဖြစ်၍ မေတ္တာကို၎င်း၊ အသင့်အတင့်နေခြင်း ချမ်းသာကို၎င်း ပေးတော်မူသော ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလတံ့။

  2. ဝိညာဉ်ပကတိ၏အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူး ပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊

  3. ဤနည်းဥပဒေသအတိုင်းကျင့်သော သူရှိသမျှ တို့အပေါ်၌၎င်း၊ ဘုရားသခင်၏ ဣသရေလ အမျိုး အပေါ်၌၎င်း၊ ငြိမ်သက်ခြင်းနှင့်သနားတော်မူခြင်း သက်ရောက်ပါစေသော။

  4. အဘယ်သို့နည်းဟူမူကား၊ ထိုသခင်သည် ငါတို့ ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူ၏။

  5. ဝိနည်းအထုံးအဖွဲ့နှင့်စပ်ဆိုင်သော ပညတ်တရားတည်းဟူသော ရန်ငြိုးဖွဲ့ခြင်း၏အကြောင်းကို ကိုယ် ခန္ဓာတော်တွင် ပယ်ရှင်းတော်မူသဖြင့်၊ ပိုင်းခြားလျက်ရှိသော စပ်ကြားအုတ်တန်တိုင်းနံရံကို ဖြိုဖျက်၍ လူမျိုး နှစ်စုတို့ကို တစုတည်းဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ရန်ကို ငြိမ်းစေပြီးလျှင်၊

  6. ထိုခရစ်တော်သည်လည်းကြွလာ၍၊ ဝေးလျက်ရှိသော သင်တို့အား၎င်း၊ နီးလျက်ရှိသောငါတို့အား၎င်း၊ ရန်ငြိမ်းခြင်းတရားတည်းဟူသော ဧဝံဂေလိတရားကို ဟောတော်မူ၏။

  7. သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက် ခြင်းသည် သင်တို့၌ ရှိပါစေသော။

  8. ထိုသို့ပြုလျှင် အဘယ်သူမျှကြုံ၍ မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။

  9. ကောလောသဲမြို့၌နေသော သန့်ရှင်းသူတည်းဟူသော၊ ခရစ်တော်ကို ယုံကြည်သောညီအစ်ကိုတို့ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။

  10. လက်ဝါးကပ်တိုင်မှာ သွန်းသောအသွေးတော်အားဖြင့် ရန်ကိုငြိမ်းစေ၍၊ ကောင်းကင်အရာဖြစ်စေ၊ မြေကြီးအရာဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို သားတော်အားဖြင့် ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေ ခြင်းငှါ၎င်း အလိုရှိတော်မူ၏။

  11. သင်တို့စိတ်နှလုံးအထဲ၌ ခရစ်တော်၏ ငြိမ်သက်ခြင်း အုပ်စိုးစေ။ ထိုသို့အလိုငှါ သင်တို့သည် တလုံး တကိုယ်တည်း၌ ခေါ်ထားတော်မူခြင်းကို ခံကြသည် ဖြစ်၍၊ ကျေးဇူးတော်ကို သိသောစိတ်ရှိကြလော့။

  12. ပေါလု၊ သိလွာနု၊ တိမောသေတို့သည် ခမည်းတော်ဘုရားနှင့် သခင်ယေရှုခရစ်၌ တည်ရှိသော သက်သာလောနိတ်မြို့သား အသင်းတော်ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။

  13. ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင် ကိုယ်တော်တိုင်လည်း၊ သင်တို့ကို အကုန်အစင် သန့်ရှင်းစေတော်မူ ပါစေသော။ ငါတို့ သခင်ယေရှု ခရစ်ကြွလာတော်မူသောအခါ၊ သင်တို့၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်အပေါင်းကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူပါစေသော။

  14. ငြိမ်သက်ခြင်း၏ သခင်သည် ကိုယ်တော်တိုင် သင်တို့၌ အစဉ်မပြတ်ခပ်သိမ်းသော အမူအရာအားဖြင့် ငြိမ်သက်ခြင်းကို ပေးသနားတော်မူပါစေသော။ သခင်ဘုရားသည် သင်တို့အပေါင်းနျင့်အတူ ရှိတော်မူပါစေ သော။

  15. ထာဝရပဋိညာဉ်တရား၏ အသွေးတော်အားဖြင့်၊ သိုးများကိုထိန်းသော သိုးထိန်းကြီးဖြစ်သော ငါတို့သခင်ယေရှုကိုသေခြင်းမှ နှုတ်ဆောင်တော်မူသော၊ ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည်၊