Skip to content

Sling အကြောင်း ကျမ်းစာအခန်းငယ်များ

15 အခန်းငယ် · 4 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ထိုလူအပေါင်းတို့တွင် လက်ဝဲလက်ကို သုံးတတ်သဖြင့်၊ ဆံခြည်တပင်ကို လောက်လွှဲနှင့်မှန်အောင် ပစ်နိုင်သော ယောက်ျားကောင်း ခုနှစ်ရာပါသတည်း။

  2. တဖန် မိမိတောင်ဝေးကို ကိုင်လျက်၊ ချောသောကျောက်ငါးလုံးကို ချောင်းထဲက ရွေး၍၊ သိုးထိန်း တန်ဆာတည်းဟူသော လွယ်အိတ်၌ ထည့်ပြီးမှ၊ လောက်လွှဲကိုလည်းကိုင်၍ ဖိလိတ္တိလူရှိရာသို့ ချဉ်းလေ၏။

  3. ဖိလိတ္တိလူသည်လည်း ဒါဝိဒ်ရှိရာသို့ ချဉ်း၍ သူ့ရှေ့မှာ ဒိုင်းလွှားကို ဆောင်သောသူလည်း သွား၏။

  4. ဖိလိတ္တိလူသည် ကြည့်၍ ဒါဝိဒ်ကို မြင်သောအခါ မထီမဲ့မြင်ပြု၏။ အကြောင်းမူကား၊ သူသည် နုပျိုသောသူ၊ ဆံပင်နီ၍ မျက်နှာလှသောသူ ဖြစ်၏။

  5. ဖိလိတ္တိလူက၊ သင်သည် တောင်ဝေးနှင့် ငါ့ထံသို့ လာရမည်အကြောင်း၊ ငါသည် ခွေးဖြစ်သလောဟု မေးလျက်၊ မိမိဘုရားတို့ကို တိုင်တည်၍ ဒါဝိဒ်ကို ကျိန်ဆဲလေ၏။

  6. တဖန် ဖိလိတ္တိလူက လာခဲ့။ သင့်အသားကို မိုဃ်းကောင်းကင် ငှက်နှင့်တောသားရဲတို့အား ငါပေးမည်ဟု ဒါဝိဒ်ကိုဆို၏။

  7. ဒါဝိဒ်ကသင်သည် ထား၊ လှံ၊ ကိဒုန်ပါလျက် ငါ့ထံသို့ လာ၏။ ငါသည် သင် ကြိမ်းပသော ဣသရေလ ဗိုလ်ခြေတို့၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ နာမတော်ပါလျက် သင်ရှိ ရာသို့လာ၏။

  8. ထာဝရဘုရားသည် သင့်ကို ငါ့လက်၌ ယနေ့ အပ်တော်မူသဖြင့်၊ သင့်ကို ငါသတ်၍ လည်ပင်းကို ဖြတ်မည်။ ဖိလိတ္တိဗိုလ်ခြေ အသေကောင်များကို မိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲတို့အား ယနေ့ ငါပေးမည်။ ဣသရေလအမျိုး၌ ဘုရားသခင် ရှိတော်မူသည်ကို မြေကြီးသားအပေါင်းတို့ သည်သိရကြလိမ့်မည်။

  9. ထာဝရဘုရားသည် ထားလှံအားဖြင့် ကယ်တင်တော်မမူကြောင်းကို၊ ဤပရိသတ်အပေါင်းတို့သည် သိရကြလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် စစ်မှုကို ပိုင်၍၊ ငါတို့လက်သို့ အပ်နှံတော် မူမည်ဟု ဖိလိတ္တိလူအား ဆို၏။

  10. ဖိလိတ္တိလူသည် ထ၍ ဒါဝိဒ်နှင့်တွေ့ခြင်းငှါ ချဉ်းလာသောအခါ၊ ဒါဝိဒ်သည်လည်း ဖိလိတ္တိလူနှင့် တွေ့ခြင်းငှါ ဗိုလ်ခြေရှိရာသို့ အလျင်အမြန် ပြေးပြီးမှ၊-

  11. လွယ်အိတ်ထဲက ကျောက်တလုံးကို နှိုက်ယူ၍ လွှဲပစ်၏။ ဖိလိတ္တိလူ၏ နဖူးကို မှန်၍ နဖူးပေါက် သဖြင့် သူသည် မြေပေါ်မှာ ငိုက်စိုက်လဲလေ၏။

  12. ထိုသို့ ဒါဝိဒ်သည် လောက်လွှဲနှင့် ကျောက်တလုံးအားဖြင့် နိုင်လျက် ထိခိုက်၍ သတ်လေ၏။

  13. မြို့တို့ကိုဖြိုဖျက်ကြ၏။ ကောင်းသော မြေကွက် ရှိသမျှတို့အပေါ်မှာ လူအပေါင်းတို့သည် ကျောက်ခဲ ပစ်ချ၍ ဖုံးလွှမ်းကြ၏။ ရေတွင်းရှိသမျှတို့ကိုလည်း မြေဖို့ ၍၊ အသုံးဝင်သော သစ်ပင်ရှိသမျှတို့ကို ခုတ်လှဲကြ၏။ ကိရဟရက်မြို့၌သာ မြို့ရိုးကို ချန်ထားရာတွင်၊လောက်လွှဲ သမားတို့သည် ဝိုင်း၍ ပစ်ကြ၏။

  14. ဩဇိမင်းသည်လည်း၊ ဗိုလ်ခြေအပေါင်းတို့အဘို့ ဒိုင်းလွှား၊ လှံ၊ သံခမောက်လုံး၊ သံချပ်၊ လေး၊ ကျောက်နှင့် ပစ်စရာလောက်လွှဲတို့ကို ပြင်ဆင်လေ၏။

  15. မိုက်သောသူကို ချီးမြှောက်ခြင်းသည် ကျောက်ပုံ ၌ ကျောက်မြတ်ကို ပစ်ထားခြင်းကဲ့သို့ ဖြစ်၏။