Skip to content

Slander အကြောင်း ကျမ်းစာအခန်းငယ်များ

116 အခန်းငယ် · 71 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အာတဇေရဇ်လက်ထက်၌ ဗိရှလံ၊ မိသရေဒတ်၊ တဗေလနှင့် အခြားသောအေပေါင်းအဘော်တို့သည်၊ ရှုရိဘာသာစကားနှင့် ရေးသော လွှာစာကို၊ ပေရသိ ရှင်ဘုရင် အာတဇေရဇ်ထံသို့ ပေးလိုက်ကြ၏။

  2. စာတိုက်စိုးရေဟုံနှင့် မြို့စာရေးရှိမရှဲတို့သည်၊ ယေရုရှလင်မြို့ကို ရန်ဘက်ပြုလျက်၊ အာတဇေရဇ် မင်းကြီးထံသို့ စာပေးလိုက်၍၊

  3. စာတိုက်စိုးရေဟုံ၊ မြို့စာရေးရှိမရှဲနှင့် အခြားသော အပေါင်းအဘော်၊ ဒိနဲပြည်သား၊ အဖာသသက်ပြည်သား၊ တာပေလပြည်သား၊ အဖာရသပြည်သား၊ အာခေဝပြည် သား၊ ဗာဗုလုန်ပြည်သား၊ ရှုရှနက်ပြည်သား၊ ဒေဟဝ ပြည်သား၊ ဧလံပြည်သား အစရှိသော၊

  4. ကြီးမြတ်သောမင်း အာသနပ္ပါးဆောင်ခဲ့၍၊ ရှမာရိမြို့ရွာတို့၌ နေရာချသော သူများနှင့်၊ မြစ်နောက် ဘက်၌နေသော အခြားသူများတို့သည်၊ ဤမည်သော နေ့ရက်ကာလတွင်၊

  5. အာတဇေရဇ် မင်းကြီးထံသို့ပေးလိုက်သော စာဟူမူကား၊ မြစ်အနောက်ဘက်၌နေသော ကိုယ်တော် ကျွန်တို့သည်၊ ဤမည်သောနေ့ ရက်ကာလတွင် လျှောက် ပါ၏။

  6. အထံတော်မှ ကျွန်တော်တို့ရှိရာသို့ ရောက်လာသော ယုဒလူတို့သည် ဆိုးညစ်၍၊ ပုန်ကန်တတ်သော ယေရု ရှလင်မြို့ကို တည်လျက်၊ မြို့ရိုးအမြစ်ကိုချ၍ လက်စသတ် လုသည်ကို သိမှတ်တော်မူပါ။

  7. ထိုမြို့ကိုတည်ပြန်၍ မြို့ရိုးကိုလက်စသတ်လျှင်၊ ငွေတော်ခွဲခြင်းကိုမခံ၊ အခွန်တော်အကောက်တော်ကို မပေးဘဲနေ၍၊ နိုင်ငံတော်အကျိုးနည်းပါလိမ့်မည်ကို သိမှတ်တော်မူပါ။

  8. ကျွန်တော်တို့သည် ကျေးဇူးတော်အားဖြင့် အသက်မွေးရသော သူဖြစ်သည်နှင့်အညီ၊ ကိုယ်တော်၌ ဘုန်းတော်လျော့ကြောင်းကို ကြည့်၍မ နေသင့်သော ကြောင့်၊ ဘိုးတော်ဘေးတော်တို့၏မှတ်စာကို စစ်ကြော တော်မူမည်အကြောင်း ဤလျှောက်စာကို ပေးလိုက်ပါ၏။

  9. ယေရုရှလင်မြို့သည် ပုန်ကန်တတ်သောမြို့၊ ရှင်ဘုရင်အကျိုးနှင့် နိုင်ငံတော်အကျိုးစီးပွားကို ဖျက်ဆီး တတ်သောမြို့ဖြစ်ဘူး၍၊ ရှေးကာလ၌ မြို့ထဲမှာ ပုန်ကန် သောအကြံကို အစဉ်ပြုစုသောကြောင့်၊ အတိုက်အဖျက်ခံ ရပါသည် အကြောင်းအရာများကို ထိုမှတ်စာ၌ တွေ့၍ သိတော်မူပါလိမ့်မည်။

  10. ထိုမြို့ကိုတည်ပြန်၍ မြို့ရိုးကို လက်စသတ်လျှင်၊ ကိုယ်တော်သည် မြစ်အနောက်ဘက်၌ အစိုးရတော်မမူ ကြောင်းကို ကျွန်တော်တို့ လျှောက်ထားပါသည်ဟု စာ၌ ပါသတည်း။

  11. စာချက်ဟူမူကား၊ သင်နှင့်ယုဒလူတို့သည် ပုန်ကန်မည်အကြံရှိသည်ဟု လူအမျိုးမျိုး ပြောဆိုကြ၏။ ဂေရှင်လည်း သက်သေခံ၏။ ထိုစကားနှင့်အညီ သင် သည် ယုဒရှင်ဘုရင်ဖြစ်လိုသောငှါ၊ မြို့ရိုးကို တည်၏။

  12. တဖန်ဟာမန်သည် ရှင်ဘုရင် အာရွှေရုထံတော် သို့ဝင်၍၊ အခြားတပါးသော လူမျိုးအပေါင်းတို့နှင့် ကျင့်ရာ ထုံးတမ်းမတူ၊ အရှင်မင်းကြီး စီရင်တော်မူချက်တို့ကို နားမထောင်၊ နိုင်ငံတော်အတွင်း၊ တိုင်းသူပြည်သား အမျိုးမျိုးတို့တွင် အရပ်ရပ်ကွဲပြားလျက်နေသော လူမျိုး တမျိုးရှိပါ၏။ ထိုအမျိုးကို အခွင့်ပေးတော်မူရာ၌ ကျေးဇူး တော်မရှိပါ။

  13. သင်သည်ကဲ့ရဲ့ခြင်းဘေးနှင့် ကင်းလွတ်၍ ပျက်စီးခြင်းဘေးရောက်သော်လည်း မကြောက်ရ။

  14. အိုထာဝရဘုရား၊ တဲတော်၌ အဘယ်သူသည် တည်းရပါမည်နည်း။ သန့်ရှင်းသောတောင်တော်ပေါ်မှာ အဘယ်သူသည် နေရပါမည်နည်းဟူမူကား၊

  15. သူတပါး၏အသရေကို ပျက်စေခြင်းငှါ ပြောဆို ခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ အကျိုးကိုပြစ်မှားခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သော သူကိုလည်း ကဲ့ရဲ့ခြင်းကို ရှောင်ထ သော၊

  16. လူများ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရပါ၏။ ပတ် ဝန်းကျင်အရပ်တို့၌ ကြောက်မက်ဘွယ်သောအကြောင်း ရှိပါ၏။ လူများတို့သည် အချင်းချင်းသင်းဖွဲ့လျက်၊ အကျွန်ုပ်အသက်ကို သတ်မည်အကြောင်း ကြံစည်ကြပါ ၏။

  17. ကိုယ်လျှာကို မကောင်းသောအရာနှင့် ကင်းစေ လော့။ နှုတ်ခမ်းလည်း မုသာစကားကို မပြောစေနှင့်။

  18. မမှန်သောသက်သေတို့သည်ပေါ်လာ၍၊ ငါမသိသောမှုပြစ်တို့ကို ငါ့အပေါ်မှာတင်ကြ၏။

  19. အကျွန်ုပ်အသက်ကို ရှာသောသူတို့သည် ကျော့ ကွင်းများကို ထောင်ထားကြပါ၏။ အကျွန်ုပ်၌ အပြစ် ပြုခြင်းအခွင့်ကို ရှာသောသူတို့သည် တနေ့လုံးမနာလို သောစကားကိုပြော၍၊ မကောင်းသောပရိယာယ်ကို ကြံစည်ကြပါ၏။

  20. ငါ့ရန်သူတို့က၊ သူသည်သေ၍ သူ၏နာမသည် အဘယ်ကာလမှ တိမ်မြှပ်လိမ့်မည်နည်းဟု ငါ့ကိုမနာလို၍ ဆိုတတ်ကြ၏။

  21. ငါ့ကို ကြည့်လာသောသူသည် မုသာစကားကို ပြောတတ်၏။ သူ၏နှလုံးသည်လည်း မကောင်းသော အကြံကို ဆည်းဖူးသည်နှင့်၊ ထွက်သွားသောအခါ ထုတ်ဘော်ပြောတတ်၏။

  22. ငါ့ကိုမုန်းသော သူအပေါင်းတို့သည် ငါ့ကို ရန်ဘက်ပြု၍၊ တယောက်နှင့်တယောက် တိုးတိုးပြော လျက်၊ ငါ၌မကောင်းသောအကြံကို ကြံစည်တတ်ကြ၏။

  23. သူ၌ အဓမ္မအမှုအရာစွဲကပ်သည်ဖြစ်၍၊ တခါလဲလျှင် နောက်တဖန်မထရဟု ဆိုကြ၏။

  24. အကယ်စင်စစ်ငါယုံ၍၊ ငါ့မုန့်ကိုစားသော အဆွေခင်ပွန်းသည် ငါ့ကို ခြေနှင့်ကျောက်သတည်း။

  25. သင်သည်ထိုင်လျက်၊ ကိုယ်ညီအစ်ကိုကို ဆန့်ကျင်ဘက်ပြု၍ ပြောဆိုတတ်၏။ ကိုယ်အမိ၏သားကို ဆဲရေးတတ်၏။