Skip to content

Simplicity အကြောင်း ကျမ်းစာအခန်းငယ်များ

27 အခန်းငယ် · 20 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထာဝရဘုရား၏ တရားတော်သည် စုံလင်သည် ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။ ထာဝရဘုရား၏ သက်သေခံတော်မူချက်သည် ဟုတ်မှန်သည်ဖြစ်၍ မလိမ္မာသော သူတို့ကို လိမ္မာစေတတ်၏။

  2. ထာဝရဘုရားသည် မလိမ္မာသော သူတို့ကို စောင့်မတော်မူ၏။ ငါသည် နှိမ့်ချလျက်ရှိသောအခါ ကယ်တင်တော်မူ၏။

  3. နှုတ်ကပတ်တော်ကို ဖွင့်ပြခြင်းသည် အလင်းကို ပေး၍၊ မလိမ္မာသောသူတို့ကို လိမ္မစေတတ်ပါ၏။

  4. အိုထာဝရဘုရား၊ အကျွန်ုပ်သည် စိတ်မမြင့်ပါ။ မျက်နှာလည်း မမော်ပါ။ ကိုယ်နှင့်မတန်၊ ကြီးမြင့်သော အမှုတို့၌ မကျင်လည်ပါ။

  5. အကယ်စင်စစ် အကျွန်ုပ်သည် အမိနို့နှင့် ကွာ သော သူငယ်ကဲ့သို့၊ ကိုယ်စိတ်ကို ဖြေ၍ ငြိမ်းစေပါပြီ။ အကျွန်ုပ်စိတ်နှလုံးသည် နို့ကွာသော သူငယ်ကဲ့သို့ ဖြစ်ပါ ၏။

  6. ဒါဝိဒ်၏ သားတော်ဖြစ်သော ဣသရေလရှင်ဘုရင်ရှောလမုန် စီရင်သော သုတ္တံစကားဟူမူကား၊

  7. မထီမဲ့မြင်ပြုသောသူကို ရိုက်လျှင် ဉာဏ်တိမ် သောသူသည် သတိရလိမ့်မည်။ ဉာဏ်ကောင်းသော သူကိုဆုံးမလျှင်၊ သူသည် ပညာတရားကို နားလည် လိမ့်မည်။

  8. မထီမဲ့မြင်ပြုသောသူသည် အပြစ်ဒဏ်ကို ခံရသောအခါ၊ ဉာဏ် တိမ်သောသူသည်သတိရတတ်၏။ သတိရသောသူသည်လည်း သွန်သင်ခြင်းကိုခံသောအခါ၊ ပညာတိုးပွါးတတ်၏။

  9. ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ အကျွန်ုပ် သည် မဟောမပြောတတ်ပါ။ သူငယ်ဖြစ်ပါ၏ဟု လျှောက်လျှင်၊

  10. မျက်စိကား ကိုယ်၏ ဆီမီးဖြစ်၏။ ထိုကြောင့် မျက်စိကြည်လင်လျှင် တကိုယ်လုံးလင်းလိမ့်မည်။

  11. ထိုအခါ ယေရှုက၊ ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသောအဘ၊ ကိုယ်တော်သည် ပညာ အလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အား ဘော်ပြတော် မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။

  12. သူငယ်တယောက်ကိုခေါ်တော်မူ၍၊ တပည့်တော်တို့အလယ်၌ထားပြီးမှ၊

  13. ငါအမှန်ဆိုသည်ကား၊ သင်တို့သည်ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မ ရောက်ရကြ။

  14. ထိုသူတို့သည်လည်း ဗိမာန်တော်၌ နေ့တိုင်းအစဉ်တညီတညွတ်တည်းနေ၍၊ ကိုယ်အိမ်၌ မုန့်ကိုဖဲ့ လျက် ကြည်ဖြူရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် အစာအာဟာရကိုသုံးဆောင်ကြ၏။

  15. ယုံကြည်သောသူအပေါင်းတို့သည် စိတ်နှလုံး တညီတညွတ် တည်းရှိကြ၍၊ အဘယ်သူမျှ မိမိဥစ္စာတစုံ တခုကို ငါ့ဥစ္စာဟူ၍မဆိုဘဲလျက်၊ ရှိသမျှသောဥစ္စာတို့ကို ဆက်ဆံသဖြင့် သုံးဆောင်ကြ၏။

  16. နှိုးဆော်သွေးဆောင်သောသူသည် ထိုအမှုကို ဆောင်ရွက်စေ။ အစွန့်အကြဲဝေငှသောသူသည် လျစ်လျူသောစိတ်နှင့်ဝေငှစေ။ အုပ်ချုပ်သောသူသည် လုံ့လဝိရိယနှင့် အုပ်ချုပ်စေ။ မစသနားခြင်း အမှုကိုပြုသောသူသည် စေတနာစိတ်နှင့်ပြုစေ။

  17. သင်တို့ ယုံကြည်နားထောင်ခြင်း အကြောင်းအရာသည် လူအပေါင်းတို့တွင် ကျော်စောသည်ဖြစ်၍၊ ငါဝမ်းမြောက်ခြင်းရှိ၏။ သို့သော်လည်း၊ သင်တို့သည် ကောင်းသောအမှု၌ကား၊ ပညာရှိစေခြင်းငှါ၎င်း၊ ဆိုးသော အမှု၌ကား၊ အပြစ်ကင်းစေခြင်းငှါ၎င်း၊ ငါအလိုရှိ၏။

  18. အဘယ်သူမျှ ကိုယ်ကို မလှည့်ဖြားစေနှင့်။ သင်တို့တွင် အကြင်သူသည် ဤလောက၌ ပညာရှိဖြစ် သည်ဟု ကိုယ်ကိုထင်၏။ ထိုသူသည်ပညာရှိ အဖြစ်သို့ ရောက်လိုသောငှါ လူမိုက်ဖြစ်ပါစေ။

  19. ညီအစ်ကိုတို့၊ သင်တို့သည် ဉာဏ်အရာ၌ သူငယ်မဖြစ်ကြနှင့်။ မတရားသောအမှုအရာ၌ နို့စို့ သူငယ်ဖြစ်ကြလော့။

  20. ငါတို့ဝါကြွားဝမ်းမြောက်ခြင်း အကြောင်း ဟူမူကား၊ လောကီ ပညာကိုအမှီမပြု၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြု၍ လျစ်လျူသောစိတ်နှင့်၎င်း၊ ဘုရားသခင် အလိုတော်ရှိသောကြည်ဖြူခြင်းနှင့်၎င်း၊ ငါတို့သည်ဤလောက၌ ကျင့်ကြံပြုမူ၍ သင်တို့ဆီမှာလည်း ထိုသို့အထူးသဖြင့် ကျင့်ကြံပြုမူသည်ဟု ကိုယ်ကို ကိုယ်သိသော စိတ်သည်သက်သေခံသတည်း။

  21. မြွေသည်မိမိပရိယာယ်အားဖြင့် ဧဝကိုလှည့်စားသကဲ့သို့၊ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း၍၊ ခရစ်တော်ကို အကြွင်းမဲ့ချစ်သောစိတ် ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏။

  22. ငါတို့သည် မှားယွင်းခြင်း၊ ညစ်ညူးခြင်း၊ လှည့်ဖြားခြင်းအားဖြင့် သင်တို့ကို တိုက်တွန်းသွေးဆောင် ကြသည်မဟုတ်။

  23. ဧဝံဂေလိတရားကို စောင့်ထိုက်သောသူဟု ငါတို့ကို ဘုရားသခင်လက်ခံတော်မူသည်နှင့်အညီ၊ လူကို နှစ်သက်စေသကဲ့သို့မဟုတ်၊ ငါတို့စိတ်နှလုံးကို စစ်ကြောစုံစမ်းတော်မူသော ဘုရားသခင်ကို နှစ်သက်စေသကဲ့သို့ ဟောပြောကြ၏။

  24. အဘယ်သို့နည်းဟူမူကား၊ သင်တို့သိကြသည်နှင့်အညီ၊ ငါတို့သည် ချော့မော့သောစကားကို တခါမျှမသုံး၊ ဝှက်ထားသော လောဘစိတ်အလျှင်းမရှိကြောင်းကို ဘုရားသခင်သည် ငါတို့သက်သေ ဖြစ်တော်မူ၏။

  25. ထိုမှတပါး၊ ခရစ်တော်၏တမန်တော်ဖြစ်၍၊ လေးသောဝန်ကို တင်ပိုင်သော်လည်း၊ လူပေးသော ဘုန်းအသရေကို သင်တို့တွင်မရှာ၊ အခြားသူတို့တွင်လည်း မရှာဘဲ၊