Skip to content

Self-Delusion အကြောင်း ကျမ်းစာအခန်းငယ်များ

47 အခန်းငယ် · 23 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုသို့သောသူသည် ဤကျိန်ခြင်းစကားကို ကြား သောအခါ၊ စိတ်ခိုင်မာသည်အတိုင်း၊ ငါကျင့်၍ ရေငတ် ခြင်းအပေါ်၌ ယစ်မူးခြင်းကို ထပ်ဆင့်သော်လည်း၊ ချမ်းသာရမည်ဟု စိတ်ထဲမှာ ကိုယ်ကိုကိုယ် ကောင်းကြီး ပေးမည်ဟူ၍၎င်း စိုးရိမ်စရာရှိ၏။

  2. ဣသရေလအမျိုးသားတို့သည် စာရင်းဝင်၍ ရိက္ခာကို ပြင်ဆင်ပြီးမှစစ်ချီကြ၏။ ရှုရိလူတို့သည် တပြည် လုံးအနှံ့ အပြားနေလျက်၊ သူတို့ရှေ့မှာ ဣသရေလ လူတို့သည် ငယ်သောဆိတ်သငယ်နှစ်စုကဲ့သို့တပ်ချကြ ၏။

  3. ဗင်္ဟာဒဒ်ကလည်း၊ ငါ့အဘသည် ကိုယ်တော် အဘ၏ လက်မှ လုယူသော မြို့တို့ကို ငါပြန်ပေးပါမည်။ ငါ့အဘသည် ရှမာရိမြို့၌ ရှုရိတန်းကို လုပ်သကဲ့သို့ ကိုယ်တော်သည် ဒမာသက်မြို့၌ ဣသရေလတန်းကို လုပ်ရပါသည်ဟုဆိုလျက်၊ အာဟပ်ကထိုသို့ မိဿဟာယ ဖွဲ့လျက်၊ သင့်ကို ငါလွှတ်လိုက်မည်ဟုဆို၍ မိဿဟာယ ဖွဲ့လျက် လွှတ်လိုက်လေ၏။

  4. ငါသည်အစဉ်မရွေ့ရ၊ ဆင်းရဲခြင်းသို့ မရောက်ရ ဟု အောက်မေ့တတ်ပါ၏။

  5. ထိုသူက၊ ဘုရားသခင်သည် မေ့လျော့တော်မူ ၏။ မျက်နှာကို လွှဲတော်မူ၏။ မြင်တော်မမူဟု အောက်မေ့ တတ်ပါ၏။

  6. ငါသည် လှုပ်ရှားခြင်းနှင့် အစဉ်ကင်းလွတ်လိမ့် မည်ဟု ကောင်းစားစဉ်အခါ အကျွန်ုပ်အောက်မေ့ပါ၏။

  7. ထိုသူသည် အသက်ရှင်စဉ်အခါ၊ မိမိညာဉ်ကို ကောင်းကြီးပေး တတ်၏။ မိမိအကျိုးကို ပြုစုသော အခါ သူတပါးတို့သည်ချီးမွမ်းတတ်ကြ၏။

  8. ငါ၏လူများမူကား၊ ငါ့စကားကို နားမထောင် ကြ။ ဣသရေလအမျိုးသည် ငါ့ကိုအလိုမရှိကြပါတကား။

  9. ငါသည်လည်း ထိုသူတို့ကို သူတို့နှလုံးခိုင်မာ ခြင်း၌ အပ်၍၊ သူတို့သည် မိမိတို့အလိုသို့ လိုက်ကြ၏။

  10. လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော် လည်း၊ အဆုံး၌ သေခြင်းသို့ပို့သော လမ်းတမျိုးရှိ၏။

  11. ငါသည် စင်ကြယ်၏ဟု မိမိကိုယ်ထင်သော် လည်း၊ မိမိအညစ်အကြေးမှ မဆေးကြောသေးသော လူတမျိုး၊

  12. သင်ကလည်း၊ ငါသည် အရှင်မ၏အရာ၌ အစဉ် အမြဲနေမည်ဟု ထင်သောကြောင့်၊ ဤအမှုအရာတို့ကို မဆင်ခြင်။ သင်၌ နောက်ဆုံးဖြစ်လတံ့သော အမှုကို မအောက်မေ့။

  13. ထိုကြောင့်၊ ကာမဂုဏ်၌ ပျော်မွေ့၍၊ သောက ကင်းလွတ်လျက်နေသော သူ၊ ငါရှိ၏။ ငါမှတပါး အဘယ် သူမျှမရှိ။ ငါသည် မုတ်ဆိုးမကဲ့သို့ ထိုင်၍ မနေရ။ သား ဆုံးခြင်းကို ငါမခံရဟု အောက်မေ့သောသူ၊ နားထောင် လော့။

  14. သင်သည် ပြုစားသော အတတ်နှင့် နတ်ဝိဇ္ဇာ အတတ်များတို့ကို အလွန်ပြုစုသော်လည်း၊ တနေ့တခဏ ခြင်းတွင် သားဆုံးခြင်းနှင့် လင်ဆုံးခြင်းတည်းဟူသော ဘေးနှစ်ပါးတို့သည် သင်၌ ရောက်လိမ့်မည်။ သင်၏ အပေါ်၌ အကုန်အစင် သင့်ရောက်လိမ့်မည်။

  15. သင်သည် ကိုယ်ပြုသော အဓမ္မအမှုကို ကိုးစား ပြီ။ ငါ့ကို အဘယ်သူမျှ မမြင်ဟု ဆိုပြီ။ သင့်ဉာဏ်နှင့် သင့်ပညာအတတ်သည်၊ သင်၏စိတ်ကို မှောက်လှန်သည် ဖြစ်၍၊ သင်က ငါရှိ၏၊ ငါမှတပါး အဘယ်သူမျှမရှိဟု အောက်မေ့ပြီ။

  16. ထို့ကြောင့်၊ အဆုံးမထင်သော ဘေးဥပဒ်သည် သင်၏အပေါ်မှာ ရောက်လိမ့်မည်။ သင်သည် မဖြေနိုင် သော အပြစ်ဒဏ်နှင့်၎င်း၊ မမြော်လင့်နိုင်အောင် ချက် ခြင်း ဖျက်ဆီးခြင်းနှင့်၎င်း တွေ့ကြုံရလိမ့်မည်။

  17. လာကြ။ စပျစ်ရည်ကို ယူခဲ့မည်။ သေရည် သေရက်ကို ဝစွာသောက်ကြစို့။ ယနေ့ဖြစ်သကဲ့သို့ နက်ဖြန်နေ့ဖြစ်လိမ့်မည်။ ထိုမျှမက၊ သာ၍ ကြွယ်ဝလိမ့် မည်ဟု ဆိုတတ်ကြ၏။

  18. သူတို့က၊ ထာဝရဘုရားမရှိ။ ငါတို့အပေါ်၌ ဘေးဥပဒ် မရောက်ရ။ ထားဘေး၊ မွတ်သိပ်ခြင်းဘေးကို ငါတို့သည် မတွေ့ရကြ။

  19. ငါတို့မှစ၍ ငါတို့ဘိုးဘေး၊ ရှင်ဘုရင်၊ မှူးမတ် တို့သည် ယုဒမြို့များ၊ ယေရုရှလင်လမ်းများ၌ ပြုဘူး သကဲ့သို့၊ ကောင်းကင်မိဖုရားအဘို့ နံ့သာပေါင်းကို မီးရှို့၍၊ သွန်းလောင်းရာ ပူဇော်သက္ကာကိုပြုခြင်းငှါ၊ ကိုယ် အလိုအလျောက် စီရင်သည်အတိုင်း ဆက်ဆက်ပြုမည်။ အထက်က ဝစွာစားရကြ၏။ ဘေးနှင့်လွတ်၍ ချမ်းသာ စွာ နေရကြ၏။

  20. ဧဖရိမ်သည်ရုပ်တုတို့၌စွဲကပ်လျက်ရှိ၏။ သူ့ကိုတတ်တိုင်းရှိစေလော့။

  21. သို့ရာတွင်၊ ဧဖရိမ်က၊ ငါသည် ရတတ်၏။ ဘဏ္ဍာကို သိုထားပြီ။ ကြိုးစားသမျှတို့၌ အပြစ်ပါသော လွန်ကျူးခြင်းကို ရှာ၍ မတွေ့ရာဟု ဆိုလိမ့်မည်။

  22. အာဗြဟံသည် ငါတို့အဘဖြစ်သည်ဟူ၍ စိတ်ထဲ၌မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤကျောက်ခဲတို့မှ အာဗြဟံတို့ကို ထုတ်ဘော်ဖန်ဆင်းနိုင်တော်မူသည်ဟု ငါအမှန်ဆို၏။

  23. သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။

  24. ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။

  25. ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။