Self-Delusion အကြောင်း ကျမ်းစာအခန်းငယ်များ: Our lives shall be prolonged
Our lives shall be prolonged အကြောင်း အခန်းငယ်များ
လာကြ။ စပျစ်ရည်ကို ယူခဲ့မည်။ သေရည် သေရက်ကို ဝစွာသောက်ကြစို့။ ယနေ့ဖြစ်သကဲ့သို့ နက်ဖြန်နေ့ဖြစ်လိမ့်မည်။ ထိုမျှမက၊ သာ၍ ကြွယ်ဝလိမ့် မည်ဟု ဆိုတတ်ကြ၏။
ငါ့ဝိညာဉ်အားလည်း၊ အချင်းဝိညာဉ်၊ သင်သည် နှစ်ပေါင်းများစွာသုံးဆောင်ရန် ဥစ္စာများကို သိုထား လျက်ရှိပြီ။ ငြိမ်ဝပ်စွာနေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းကို ပြုလော့။ ငါပြောမည်ဟု သူဌေးအကြံရှိ၏။
ယနေ့ နက်ဖြန် ဤမည်သောမြို့သို့ သွားကြကုန်အံ့။ ထိုမြို့၌ တနှစ်ပတ်လုံးနေ၍ ကုန်သွယ်သဖြင့် အမြတ်ရအောင် ပြုကြကုန်အံ့ဟု ဆိုတတ်သောသူတို့၊ နားထောင်ကြလော့။