အကြောင်းအရာသို့ ကျော်သွားရန်

Seeking God အကြောင်း ကျမ်းစာအခန်းငယ်များ

88 အခန်းငယ် · 64 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အလျင်အမြန်သွား၍ မာရိနှင့်ယောသပ်ကို၎င်း၊ နွားစားခွက်၌ သိပ်ထားလျက်ရှိသောသူငယ်ကို၎င်း တွေ့ကြ၏။

  2. အစာထက် အသက်မြတ်သည်မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ်သည်မဟုတ်လော။

  3. ထိုအရာများကို လောကီသားအမျိုးမျိုးတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို သင်တို့အဘ သိတော်မူ၏။

  4. သင်တို့မူကား ဘုရားသခင်၏ နိုင်ငံတော်ကို ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော် မူလတံ့။

  5. အချင်းချင်းပေးသော ဘုန်းအသရေကိုသာခံ၍၊ ဘုရားသခင်သာလျှင် ပေးတော်မူတတ်သော ဘုန်း အသရေကို အလိုမရှိသောသင်တို့သည် အဘယ်သို့ ယုံကြည်နိုင်မည်နည်း။

  6. နားလည်သောသူမရှိ၊ ဘုရားသခင်ကို ရှာသော သူမရှိ။

  7. လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း အသုံးမရသောသူဖြစ်ကြပြီ။ ကောင်းသော အကျင့်ကို ကျင့်သောသူမရှိ၊ တယောက်မျှမရှိ။

  8. ယေရုခရစ်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ကြသည်ကို၊ အပြစ်ထင်ရှားသော တပါး အမျိုးသားမဟုတ်ဘဲ၊ ဇာတိအမျိုးအားဖြင့် ယုဒလူဖြစ်သောငါတို့သည် အမှန်သိသည်နှင့်အညီ ပညတ်တရား၏ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့မရောက်၊ ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ၊ ငါတို့ပင် ယေရှုခရစ်ကိုယုံကြည်ကြပြီ။ အကြောင်းမူကား၊ ပညတ်တရား၏ အကျင့်အားဖြင့် အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်နိုင်ရာ။

  9. ခရစ်တော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ ငါတို့သည် ကြိုးစားလျက်ပင်၊ အပြစ် ထင်ရှား သောသူဖြစ်သေးသည်မှန်လျှင်၊ ခရစ်တော်သည် အပြစ်တရားကို ပြုစုသောသူဖြစ်သလော။

  10. ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့် အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူသည်ကို၎င်း၊ ယုံကြည်ရမည်။

  11. အကြောင်းမူကား၊ ဘုရားသခင် တည်ထောင်ပြုစုတော်မူသော၊ ခိုင်ခံ့မြဲမြံသောမြို့ကိုမြော်လင့် သတည်း။

  12. ထိုပြည်ကိုမအောက့်မေ့ဘဲ၊ ကောင်းကင်ပြည် တည်းဟူသော သာ၍မြတ်သောပြည်ကို တောင့်တခြင်း ရှိကြ၏။ ထိုကြောင့်၊ ဘုရားသခင်သည် သူတို့၏ ဘုရား ဟူ၍ ခေါ်ဝေါ်ခြင်းကိုရှက်တော်မမူ၊ သူတို့နေစရာ ဘို့မြို့ ကို တည်ထောင်တော်မူပြီ။

  13. အကြောင်းမူကား၊ ငါတို့သည် ဤဘဝ၌ အမြဲတည်သော မြို့မရှိ၊ နောက်ဖြစ်လတံ့သော မြို့ကိုရှာကြ၏။