အကြောင်းအရာသို့ ကျော်သွားရန်

Sadducees အကြောင်း ကျမ်းစာအခန်းငယ်များ

71 အခန်းငယ် · 4 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သူ၏မယာကိုသူ့ညီအကြီးသိမ်းယူ၍ သားမရှိဘဲသေပြန်လေ၏။

  2. ထို့အတူ တတိယသူမှစ၍ တယောက်နောက်တယောက် ခုနစ်ယောက်သောညီအစ်ကိုတို့သည် ထို မိန်းမကိုသိမ်းယူ၍ သားကိုမကျန်ရစ်စေကြ။ နောက်ဆုံး၌ မိန်းမသည်လည်းသေလေ၏။

  3. သို့ဖြစ်၍ ထမြောက်ရာကာလ၌ သူတို့သည်ထမြောက်ကြသောအခါ ထိုမိန်းမသည် အဘယ်သူ၏ မယားဖြစ်ပါမည်နည်း။ ထိုခုနစ်ယောက်တို့သည် ထိုမိန်းမနှင့် စုံဘက်ခြင်းကို ပြုကြပြီဟု မေးလျှောက်ကြ၏။

  4. ယေရှုကလည်း၊ သင်တို့သည်ကျမ်းစာကို နားမလည်၊ ဘုရားသခင်၏တန်ခိုးတော်ကို မသိသောကြောင့် မှားသောအယူကို ယူကြ၏။

  5. သေခြင်းမှ ထမြောက်သောအခါ စုံဘက်ခြင်းကိုမပြု၊ ထိမ်းမြားပေးစားခြင်းကိုမပြု၊ ကောင်းကင်တမန် ကဲ့သို့ ဖြစ်ကြ၏။

  6. ထိုမှတပါး သေလွန်သောသူတို့သည် ထမြောက်ခြင်းအရာမှာ၊ ဘုရားသခင်က ငါသည် အာဗြဟံ၏ ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်ဟု မောရှေအား မိန့်တော်မူကြောင်းကို မောရှေ၏ကျမ်း၊ ချုံခဏ်၌ သင်တို့သည် မဘတ်ဘူးသလော။

  7. ဘုရားသခင်သည် သေနေသောသူတို့၏ဘုရားမဟုတ်၊ အသက်ရှင်သောသူတို့၏ ဘုရားဖြစ်တော်မူ၏။ ထိုကြောင့် သင်တို့သည် အလွန်မှားကြသည်ဟု မိန့်တော်မူ၏။

  8. ထိုအခါ၊ ဗတ္တိဇံကို ခံအံ့သောငှါလာကြသော လူအစုအဝေးတို့အား ယောဟန်ဟောပြောသည်ကား၊ အချင်းမြွေဆိုးအမျိုးတို့၊ ရောက်လုသောဘေးဒဏ်မှ ပြေးသွားစိမ့်သောငှါ အဘယ်သူသည် သင်တို့ကို သတိ ပေးဘိသနည်း။

  9. နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကို ကျင့်ကြလော့။ အာဗြဟံသည် ငါတို့အဘဖြစ်သည်ဟူ၍ စိတ်ထဲ၌ မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤ ကျောက်ခဲတို့မှ အာဗြဟံသားတို့ကိုထုတ်ဘော် ဖန်ဆင်း နိုင်တော်မူသည်ဟု ငါအမှန်ဆို၏။

  10. သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက်ရှိသည် ဖြစ်၍၊ ကောင်းသောအသီးမသီးသောအပင်ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်ရသည်ဟု ဟောပြောလေ၏။

  11. ထမြောက်ရှင်ပြန်ခြင်းမရှိဟု ငြင်းခုံတတ်သော ဇဒ္ဒုကဲအချို့သည်လည်း အထံတော်သို့ ချဉ်းကပ်၍၊

  12. အရှင်ဘုရား၊ မယားရှိသောသူသည် သားမရှိဘဲသေလျှင်၊ သူ၏မယားကို သူ့ညီသိမ်းယူ၍ အစ်ကို အမျိုးမပြတ်ဆက်နွယ်စေဟု အကျွန်ုပ်တို့အား မောရှေစီရင်ပါပြီ။

  13. ညီအစ်ကိုခုနစ်ယောက်ရှိပါ၏။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဘက်၍ သားမရှိဘဲသေလျှင်၊

  14. သူ၏မယားကို သူ့ညီအကြီးသိမ်းယူ၍ သားမရှိဘဲ သေပြန်လေ၏။

  15. ထိုအတူ တတိယသူမှစ၍ တယောက်နောက်တယောက်ခုနစ်ယောက်သော ညီအစ်ကိုတို့သည် ထို မိန်းမကို သိမ်းယူ၍ သားကို မကျန်ရစ်စေဘဲ သေကြ၏။

  16. နောက်ဆုံး၌ မိန်းမသည်လည်း သေလေ၏။

  17. သို့ဖြစ်၍ ထမြောက်ရာကာလ၌ ထိုမိန်းမသည် အဘယ်သူ၏မယားဖြစ်ရပါမည်နည်း။ ထိုသူခုနစ် ယောက်တို့သည် ထိုမိန်းမနှင့် စုံဘက်ကြပြီဟု လျှောက်ကြ၏။

  18. ယေရှုကလည်း၊ ယခု ဘဝသားတို့သည် စုံဘက်ခြင်း၊ ထိမ်းမြားပေးစားခြင်းကို ပြုတတ်ကြ၏။

  19. နောင်ဘဝကို၎င်း၊ သေခြင်းမှ ထမြောက်ခြင်းကို၎င်း ရထိုက်သည်ဟု မှတ်တော်မူခြင်းကို ခံရသောသူ တို့သည် စုံဘက်ခြင်း၊ ထိမ်းမြားပေးစားခြင်းကို မပြုတတ်ကြ။

  20. သေခြင်းနှင့်အစဉ်ကင်းလွတ်၍ ကောင်းကင်တမန်ကဲ့သို့ဖြစ်သည်သာမက၊ ထမြောက်ခြင်း၏သားဖြစ် သောကြောင့် ဘုရားသခင်၏သားဖြစ်ကြ၏။

  21. ထိုမှတပါး၊ မောရှေသည် ထာဝရဘုရားကို အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား ဟု ချုံခဏ်း၌ ခေါ်ဝေါ်သောအခါ သေလွန်သောသူတို့သည် ထမြောက်ကြောင်းကို ဘော်ပြခဲ့ပြီ။

  22. ဘုရားသခင်သည် သေနေသောသူတို့၏ဘုရားမဟုတ်။ အသက်ရှင်သောသူတို့၏ဘုရား ဖြစ်တော်မူ၏။ ထိုသူအပေါင်းတို့သည် ဘုရားသခင်၌ အသက်ရှင်ကြသည်ဟု မိန့်တော်မူ၏။

  23. ကျမ်းပြုဆရာအချို့တို့က၊ အရှင်ဘုရား၊ ကိုယ်တော်၏စကားသည် လျှောက်ပတ်ပါ၏ဟု လျှောက် ကြ၏။

  24. နောက်တဖန် အလျှင်းမမေးမလျှောက်ဝံ့ကြ၊

  25. ထိုသို့ တမန်တော်တို့သည် လူများတို့အားဟောပြောစဉ်တွင်၊ ဗိမာန်တော်မှူးမှစသော ယဇ်ပုရောဟိတ် တို့နှင့် ဇဒ္ဒုကဲများတို့သည်လာကြသဖြင့်၊