အကြောင်းအရာသို့ ကျော်သွားရန်

Purim အကြောင်း ကျမ်းစာအခန်းငယ်များ: A feast instituted to commemorate the deliverance of the Jews from the plot of Haman.

13 အခန်းငယ် · 1 ရှုထောင့်

A feast instituted to commemorate the deliverance of the Jews from the plot of Haman. အကြောင်း အခန်းငယ်များ

  1. တဖန် မော်ဒကဲသည် ဤအမှုအရာတို့ကို ရေးထား၏။

  2. ယုဒလူတို့သည် ရန်သူလက်မှ လွတ်၍ ချမ်းသာ ရသောနေ့၊

  3. သူတို့ဝမ်းနည်းခြင်းနှင့် မြည်တမ်းခြင်းပျောက်၍ ဝမ်းမြောက်ခြင်းနှင့်ပျော်မွေကခြင်းသို့ ရောက်သော လတည်းဟူသော အာဒါလ တဆယ်လေးရက်နှင့် တဆယ်ငါးရက်နေ့တို့ကို နှစ်တိုင်းစောင့်၍ ပွဲခံရာနေ့၊ ပျော်မွေ့ရာနေ့၊ တယောက်ကိုတယောက် လက်ဆောင် ပေးလိုက်၍၊ ဆင်းရဲသောသူတို့အား စွန့်ကြဲရာနေ့ဖြစ်စေ သော ထုံးစံကို စီရင်ခြင်းငှါ၊ ရှင်ဘုရင် အာရွှေရု နိုင်ငံ တော်အပြည်ပြည်၌ အနီးအဝေးရှိသော ယုဒလူအပေါင်း တို့နေရာသို့ မှာစာကို ပေးလိုက်လေ၏။

  4. ယုဒလူတို့ကလည်း၊ ပြုစရှိ၍ မော်ဒကဲမှာလိုက် သည်အတိုင်း အမြဲပြုပါမည်ဟု ဝန်ခံကြ၏။

  5. ယုဒလူအပေါင်းတို့၏ ရန်သူဖြစ်သော အာဂတ် အမျိုး၊ ဟမ္မေဒါသသား ဟာမန်သည် ယုဒအမျိုးကို ဖျက်ဆီးမည်အကြံရှိ၍၊ ဖျက်ဆီးပယ်ရှင်းခြင်းငှါ ပုရ စာရေးတံချသောကြောင့်၎င်း၊

  6. ဧသတာသည် ရှင်ဘုရင်ထံတော်သို့ဝင်၍ ယုဒ လူတို့တဘက်၌ ဟာမန်ကြံစည်သော အဓမ္မအကြံကို သူ၏ခေါင်းပေါ်သို့ ပြန်ရောက်စေမည်အကြောင်း၊ သူနှင့် သူ၏သားတို့ကိုလည်း လည်ဆွဲချတိုင်၌ ဆွဲထားစေမည် အကြောင်း၊ အမိန့်တော်စာကို ပေးတော်မူသည်ဖြစ်၍၎င်း၊

  7. ပုရဟူသောစကားကို အစွဲပြုသဖြင့်၊ ထိုနေ့ကို ပုရနေ့ဟူ၍ ခေါ်ဝေါ်ကြ၏။ ထိုအမိန့်တော်စာချက်နှင့် ကိုယ်တိုင်တွေ့မြင်သော အမှုကို ထောက်လျက်၊

  8. ယုဒလူတို့သည် ကိုယ်တိုင်မှစ၍ သားမြေး၊ ဘာသာဝင်သူ အပေါင်းတို့နှင့်တကွ၊ မော်ဒကဲမှာစာ၌ စီရင်ထုံးဖွဲ့သည်အတိုင်း၊ ထိုနေ့ နှစ်ရက်ကိုနှစ်တိုင်း အစဉ်မပြတ်စောင့်မည်အကြောင်း၊

  9. ထိုပုရနေ့တို့သည် ယုဒအမျိုး၌မပျောက်၊ သားစဉ်မြေးဆက်တို့သည် မမေ့မလျော့၊ အပြည်ပြည် အမြို့မြို့၌ နေသောအဆွေအမျိုးအသီးအသီး အစဉ် အဆက်တို့သည်အောက်မေ့ စောင့်ရှောက်မည်အကြောင်း ဝန်ခံကြ၏။

  10. ထိုအခါ အဘိဟဲလသမီး မိဖုရားဧသတာနှင့် ယုဒအမျိုး မော်ဒကဲတို့သည်၊ ပုရနေ့တို့ကို မြဲမြံစွာ တည်စေခြင်းငှါ ကျပ်တည်းစွာ အာဏာထား၍ မှာစာကို တဖန်ရေးထားကြ၏။

  11. ယုဒအမျိုးသား မော်ဒကဲနှင့် မိဖုရားဧသတာ မှာထား၍၊

  12. ယုဒလူတို့သည် ကိုယ်အဘို့နှင့် သားစဉ် မြေးဆက်အဘို့ စီရင်သည်အတိုင်း၊ ချိန်းချက်သော အချိန်၌ အစာရှောင်ခြင်း၊ ဆုတောင်းခြင်းနှင့်တကွ ပုရနေ့တို့ကို အမြဲစောင့်စေခြင်းငှါ၊ အာရွှေရုနိုင်ငံတော် တွင် တိုင်းပြည်တရာနှစ်ဆယ်ခုနစ်ပြည်၌ရှိသော ယုဒလူ အပေါင်းတို့ နေရာသို့ ငြိမ်သက်စေသော သစ္စာစကားနှင့် ထိုမှာစာကို မော်ဒကဲပေးလိုက်လေ၏။

  13. ဧသတာစီရင်သောအားဖြင့်၊ ပုရနေ့တို့ကို စောင့်ရာ ထုံးစံသည် အမြဲတည်၍ ဤစာ၌ရေးထား လျက်ရှိသတည်း။