Skip to content

Offence အကြောင်း ကျမ်းစာအခန်းငယ်များ: Old prophet

9 အခန်းငယ် · 31 ရှုထောင့်

Old prophet အကြောင်း အခန်းငယ်များ

  1. ပရောဖက်ကလည်း၊ ငါသည် သင်ကဲ့သို့ ပရောဖက်ဖြစ်၏။ သင်သည်မုန့်ကိုစား၍ ရေကိုသောက်စေ ခြင်းငှါ သင့်ကိုငါ့အိမ်သို့ ခေါ်ရမည်အကြောင်း၊ ကောင်းကင်တမန်သည် ထာဝရဘုရား၏ နှုတ်ကပတ်တော် အားဖြင့် မှာထားပြီဟု မုသာသုံး၍ ပြောဆို၏။

  2. ထိုကြောင့် ဘုရားသခင်၏လူသည် ပရောဖက် နှင့်အတူ ပြန်လာ၍၊ သူ၏အိမ်မှာ မုန့်ကိုစား၏။ ရေကို လည်း သောက်၏။

  3. ထိုသူနှစ်ပါးတို့သည် စားပွဲနားမှာ ထိုင်စဉ်တွင်၊ ခေါ်ခဲ့သော ပရောဖက်သို့ ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ရောက်၍၊

  4. ယုဒပြည်မှ လာသောဘုရားသခင်၏လူအား၊ သင်သည် ထာဝရဘုရား၏နှုတ်တော်ထွက်ကို နား မထောင်၊ သင်၏ဘုရားသခင် ထာဝရဘုရားထားတော်မူ သော ပညတ်တော်ကို မစောင့်၊

  5. ဤမည်သော အရပ်၌ မုန့်ကိုမစားနှင့်။ ရေကို မသောက်နှင့်ဟု ပညတ်တော်မူသော အရပ်သို့ပြန်လာ၍ မုန့်နှင့်ရေကိုစားသောက်သောကြောင့်၊ သင်၏အလောင်းသည် ဘိုးဘေးတို့၏ သင်္ချိုင်းသို့မရောက်ရဟု ထာဝရ ဘုရားမိန့်တော်မူကြောင်းကို အော်ဟစ်၍ ဆင့်ဆို၏။

  6. မုန့်နှင့်ရေကို စားသောက်ပြီးမှ၊ ထိုပရောဖက်သည် ပြန်လာသော ပရောဖက်အဘို့ မိမိမြည်းကို ကုန်းနှီး တင်၍ လွှတ်လိုက်လေ၏။

  7. လမ်းမှာခြင်္သေ့တွေ့၍ သတ်၏။ အသေကောင်သည် လမ်း၌ လဲ၍၊ မြည်းနှင့်ခြင်္သေ့သည် အနားမှာ ရပ်နေ၏။

  8. အသေကောင်သည် လမ်း၌လဲ၍ မည်းနှင့်ခြင်္သေ့သည် အနားမှာ ရပ်နေသည်ကို ခရီးသွားသော သူတို့သည် မြင်လျှင်၊ အသက်ကြီးသော ပရောဖက်နေသော မြို့သို့လာ၍ သိတင်းပြောကြ၏။

  9. ခေါ်ခဲ့သောပရောဖက်သည် ထိုသိတင်းကိုကြားလျှင်၊ ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်သော ဘုရားသခင်၏ လူဖြစ်လိမ့်မည်။ ထာဝရဘုရားသည် ထိုသူအား မိန့်တော်မူသော စကားအတိုင်း၊ သူ့ကိုခြင်္သေ့၌ အပ်တော်မူသဖြင့်၊ ခြင်္သေ့သည် ကိုက်သတ်လေပြီတကား ဟု ဆိုလျက်၊