Skip to content

Mysteries အကြောင်း ကျမ်းစာအခန်းငယ်များ

51 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. မထင်ရှားသောအရာတို့သည်၊ ငါတို့ဘုရား သခင် ထာဝရဘုရား၏ အငန်းအတာဖြစ်ကြ၏။ ဘော်ပြ တော်မူသောအရာတို့သည် ကာလအစဉ်မပြတ် ငါတို့နှင့် ငါတို့သားသမီးများတို့၏ အငန်းအတာဖြစ်၍၊ ဤပညတ် တရားစကားအလုံးစုံတို့ကို စောင့်ရှောက်ရမည်အ ကြောင်းတည်း။

  2. ဘုရားသခင်နှင့် တိတ်ဆိတ်စွာတိုင်ပင်ဘူး သလော။ ပညာကို ကိုယ်၌အကုန်အစင် သိမ်းထားပြီ လော။

  3. ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် ကိုယ်တော်မြတ်နှင့် မိဿဟာယဖွဲ့ရသောအခွင့်နှင့် ပဋိညာဉ်တရားတော်ကို သိရသော အခွင့်ရှိကြ၏။

  4. အကြောင်းမူကား၊ ထာဝရဘုရားသည် သဘော ကောက်သော သူတို့ကို စက်ဆုပ်ရွံ့ရှာတော်မူ၏။ ဖြောင့် မတ်သောသူတို့မူကား၊ ကိုယ်တော်နှင့်မိဿဟာယ ဖွဲ့ရ သောအခွင့်ရှိကြ၏။

  5. အကယ်စင်စစ် အရှင်ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့အား မဘော်မပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ။

  6. ထိုအခါ ယေရှုက၊ ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသောအဘ၊ ကိုယ်တော်သည် ပညာ အလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အား ဘော်ပြတော် မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။

  7. ကိုယ်တော်က၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်၏နက်နဲသော အရာတို့ကိုသိရသော အခွင့်ရှိကြ၏။ ထိုသူတို့မူကား အခွင့်မရှိကြ၊

  8. ထိုသို့သောအားဖြင့် ပရောဖက်စကားဟူမူကား၊ ငါသည်နှုတ်ကိုဖွင့်၍ ဥပမာများကိုမြွက်ဆိုအံ့။ ကမ္ဘာဦးမှစ၍ ထိမ်ဝှက်သောအရာတို့ကိုဘော်ပြပေအံ့ဟု ဟောဘူးသောစကားသည် ပြည့်စုံခြင်းသို့ ရောက် သတည်း။

  9. ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏နက်နဲသောအရာကို သိရသောအခွင့်ရှိကြ၏။

  10. ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏ နက်နဲသောအရာတို့ကို သိရသောအခွင့်ရှိကြ ၏။ ကြွင်းသောသူတို့မူကား၊ မြင်လျက်ပင် အာရုံမပြုဘဲမြင်၍၊ ကြားလျက်ပင်အနက်ကို နားမလည်ဘဲ ကြားရ သည်တိုင်အောင် သူတို့အား ဥပမာအားဖြင့် ဟောရ၏။

  11. လေသည် အလိုရှိတိုင်းသွားလာ၏။ လေ၏အသံကို သင်သည်ကြားရသော်လည်း အဘယ်အရပ်က ဖြစ်သည်၊ အဘယ်အရပ်သို့သွားသည်ကိုမသိနိုင်။ ထိုနည်းတူ ဝိညာဉ်တော်မွေးသောသူဖြစ်သည်ဟု မိန့် တော်မူ၏။

  12. နိကောဒင်ကလည်း၊ ဤအမူအရာသည် အဘယ်သို့ဖြစ်နိုင်ပါမည်နည်းဟု လျှောက်ပြန်လျှင်၊

  13. တဖန်ယေရှုက၊ သင်သည် ဣသရေလလူတို့တွင် ဓမ္မဆရာဖြစ်လျက်ပင် ဤအမူအရာကို မသိ သလော။

  14. ငါအမှန်အကန်ဆိုသည်ကား၊ ငါတို့သည် ကိုယ်သိသောအရာကိုပြော၏၊ ကိုယ်မြင်သောအရာကို သက်သေခံ၏။ သို့သော်လည်း ငါတို့၏ သက်သေခံချက်ကို သင်တို့သည် မခံမယူကြ။

  15. မြေကြီးအရာကို ငါပြော၍ သင်တို့သည် မယုံလျှင်၊ ကောင်းကင်အရာကို ငါပြောသောအခါ အဘယ် သို့ ယုံကြလိမ့်မည်နည်း။

  16. ရှေးကပ်ကာလပတ်လုံး ဝှက်ထားပြီးလျှင် ယခုမှာ ထင်ရှားသည်ဖြစ်၍၊

  17. လူမျိုးအပေါင်းတို့သည် ယုံကြည်နားထောင်ကြမည်အကြောင်း ပရောဖက်တို့၏ကျမ်းစာများလာသည် နှင့်အညီ၊ ထာဝရဘုရားသခင်၏ ပညတ်တော်အတိုင်း ထိုသူတို့အားဘော်ပြရသော နက်နဲရာကို ဖွင့်ထားခြင်း ကျေးဇူးတော်နှင့်လျော်စွာ၊ ငါဟောသောဧဝံဂေလိတရားတည်းဟူသော ယေရှုခရစ်၏ အကြောင်းကို ဟောပြောခြင်းအားဖြင့်၊ သင်တို့ကို မြဲမြံခိုင်ခံ့စေခြင်းငှါ တတ်နိုင်တော်မူသောအရှင်၊

  18. ဤကမ္ဘာမတည်မရှိမှီ၊ ငါတို့၏ ဘုန်းအသရေ ဖြစ်စေခြင်းငှါ၊ ဘုရားသခင်စီရင်တော်မူသော ပညာ၊ နက်နဲသောအရာ၌ ဝှက်ထားသော ဘုရားသခင်၏ ပညာကို ငါတို့သည်ပြသကြ၏။

  19. ထိုပညာကို လောကီမင်းတစုံတယောက်မျှမသိ။ သိလျှင်၊ ဘုန်းကြီးတော်မူသောသခင်ကို လက်ဝါးကပ် တိုင်မှာ မကွပ်မျက်ကြပြီ။

  20. ကျမ်းစာလာသည်နှင့်အညီ၊ ဘုရားသခင်ကို ချစ်သော သူတို့အဘို့အလိုငှါ၊ ဘုရားသခင်ပြင်ဆင်တော် မူသော အရာတို့ကို လူမျက်စိဖြင့်မမြင်၊ နားဖြင့်မကြား၊ စိတ်နှလုံးဖြင့် မကြံစည်သေး။

  21. ထိုအရာတို့ကို ဘုရားသခင်သည် မိမိဝိညာဉ်တော်အားဖြင့် ငါတို့အားဘော်ပြတော်မူ၏။ ဝိညာဉ်တော် သည် ဘုရားသခင်၏ နက်နဲသော အရာတိုင်အောင် ခပ်သိမ်းသော အရာတို့ကိုစစ်တော်မူ၏။

  22. ထိုသို့သော ယုံကြည်မြော်လင့်ခြင်းရှိသည်ဖြစ်၍ ငါတို့သည် တိမ်ဝှက်ခြင်း အလျှင်းမရှိ။ အတည်အလင်း ဟောပြောကြ၏။

  23. ပယ်ရှင်းသောအရာ၏အဆုံးကို ဣသရေလအမျိုးသားတို့သည် စေ့စေ့မကြည့်ရှုစေခြင်းငှါ မောရှ သည် မိမိမျက်နှာကို ဖုံးအုပ်သကဲ့သို့ ငါတို့သည်မပြုကြ။

  24. သူတို့စိတ်နှလုံးသည် မိုက်မဲလျက်ရှိ၍၊ ယခုတိုင်အောင် စမ္မကျမ်းစာကို ဘတ်ကြသောအခါ အနက် အဓိပ္ပါယ်သည် ဖုံးအုပ်လျက်ရှိ၏။ အကြောင်းမူကား၊ ခရစ်တော်အားဖြင့်သာ ထိုဖုံးအုပ်ခြင်း အကြောင်းကို ပယ်ရှင်းရ၏။

  25. ယခုတိုင်အောင်လည်း၊ မောရှ၏ကျမ်းစာကို ဘတ်ကြသောအခါ၊ သူတို့စိတ်နှလုံးသည် ဖုံးအုပ်လျက်ရှိ သေး၏။