Skip to content

Mercy အကြောင်း ကျမ်းစာအခန်းငယ်များ

43 အခန်းငယ် · 16 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထို့ကြောင့် ကောင်းကင်နိုင်ငံတော်သည်၊ မိမိကျွန်များတို့ကိုစာရင်းယူခြင်းငှာ အလိုရှိသောမင်းကြီး တ ဦးနှင့်တူ၏။

  2. စာရင်းယူစဉ်တွင်၊ ငွေအခွက်တသိန်းကြွေးတင်သောသူတယောက်ကို ရှေ့တော်သို့ဆောင်ခဲ့ကြ၏။

  3. ထိုသူသည် ကြွေးဆပ်ရန်မရှိသောကြောင့်၊ ကိုယ်မှစ၍ သားမယားဥစ္စာရှိသမျှတို့ကိုရောင်း၍ ကြွေးကို ဆပ်စေဟု သူ၏သခင်စီရင်၏။

  4. လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်း၊ စမွှတ်၊ ဇိယာ၊ အသီးအရွက်တို့ကို ဆယ်ဘို့တဘို့ လှူကြသည်တွင် တရားသဖြင့်စီရင်ခြင်း၊ သူတပါးကို သနား ခြင်း၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ်၍ထားကြ၏။ အရင် ဆိုသောအရာတို့ကို မလှပ်မထား၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည်။

  5. ထိုဘုရားသည် ကျေးဇူးမသိသောသူ၊ ဆိုးညစ်သောသဘောရှိသော သူတို့အားကျေးဇူးပြုတော်မူ၏။ ထိုကြောင့် သင်တို့အဘသည် သနားခြင်းစိတ်ရှိတော်မူသည်နည်းတူ သင်တို့သည်လည်း သနားခြင်းစိတ်ရှိကြ လော့။

  6. ကျမ်းတတ်ကလည်၊ လူနာကိုသနားသောသူသည် စပ်ဆိုင်သောသူဖြစ်ပါ၏ဟုလျှောက်သော် ယေရှု က၊ သင်သည်သွား၍ ထိုနည်းတူပြုလော့ဟု မိန့်တော်မူ၏။

  7. ငါထ၍ အဘထံသို့ သွားမည်။ အဘ၊ အကျွန်ုပ်သည် ဘုရားသခင်ကို၎င်း၊ ကိုယ်တော်ကို၎င်း ပြစ်မှား ပါပြီ။

  8. ယခုမှစ၍ ကိုယ်တော်၏သားဟူ၍ ခေါ်ခြင်းကိုမခံထိုက်ပါ။ သူငှါးအရာ၌ အကျွန်ုပ်ကို ထားတော် မူပါဟု ငါပြောမည်ဟူ၍ အကြံရှိသည်နှင့်၊

  9. ထ၍ အဘထံသို့ သွားလေ၏။ သွား၍ ဝေးသေးသောအခါ အဘသည် သူ့ကိုမြင်လျှင်၊ သနားသော စိတ်ရှိသည်နှင့် ပြေးသွား၍ သား၏လည်ပင်းကို ပိုက်ဘက်လျက် နမ်းရှုပ်လေ၏။

  10. နှိုးဆော်သွေးဆောင်သောသူသည် ထိုအမှုကို ဆောင်ရွက်စေ။ အစွန့်အကြဲဝေငှသောသူသည် လျစ်လျူသောစိတ်နှင့်ဝေငှစေ။ အုပ်ချုပ်သောသူသည် လုံ့လဝိရိယနှင့် အုပ်ချုပ်စေ။ မစသနားခြင်း အမှုကိုပြုသောသူသည် စေတနာစိတ်နှင့်ပြုစေ။

  11. ထိုကြောင့်သင်၏ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေးလော့။ ရေငတ်လျှင် သောက်စရာဘို့ပေးလော့။ ထိုသို့ပြုလျှင်။ သူ၏ခေါင်းပေါ်၌ မီးခဲကိုပုံထားလိမ့်မည်။

  12. အဆိုးအာဖြင့် အရှုံးမခံနှင့် အကောင်းအားဖြင့် အဆိုးကို နိုင်လော့။

  13. အများသောသူတို့စီရင်သော ဒဏ်သည်ထိုသူ၏ အပြစ်နှင့် တန်ပြီ။

  14. သို့ဖြစ်၍ ထိုသို့သောသူသည် ဝမ်းနည်းခြင်း အားကြီးလျက်၊ မိန်းမောတွေဝေခြင်း မရှိစေခြင်းငှါ၊ သင်တို့သည်ခြားနားသော အားဖြင့် သူ၏အပြစ်ကို လွှတ်၍ သူ့ကိုနှစ်သိမ့်စေခြင်းငှါ ပြုသင့်၏။

  15. ထိုကြောင့်သင်တို့သည် သူ့ကိုအမှန်ချစ်ကြသည်ကို ထင်ရှားစွာပြမည်အကြောင်း ငါတောင်းပန်၏။

  16. ထို့ကြောင့် သင်တို့သည် ဘုရားသခင် ရွေးကောက်သောသူ၊ သန့်ရှင်းသောသူ၊ ချစ်အပ်သောသူ ကဲ့သို့၊ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင် ကြလော့။

  17. တယောက်၌တယောက် အပြစ်တင်စရာအခွင့် ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော်သည် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူပြုကြလော့။

  18. ကရုဏာမရှိသောသူသည်၊ ကရုဏာကိုမရဘဲ၊ တရားစီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာသည် တရား စီရင်ခြင်းကိုအောင်၍ ဝါကြွားတတ်၏။