Mercy အကြောင်း ကျမ်းစာအခန်းငယ်များ: Denunciations against those devoid of
Denunciations against those devoid of အကြောင်း အခန်းငယ်များ
အိုဣသရေလအမျိုးသားတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ထာဝရဘုရားသည် ပြည်သူပြည်သားတို့နှင့် တရားတွေ့မူရှိတော်မူ၏။ အကြောင်းမူကား၊ သူတို့သည် သစ္စာမရှိ၊ ကရုဏာမရှိ၊ ဘုရားသခင်ကို မသိကြ။
ထိုကြောင့်၊ ပြည်သည် ငြိုငြင်လိမ့်မည်။ ပြည် သားအပေါင်းတို့နှင့်တကွ၊ တောသားရဲ၊ မိုဃ်းကောင်းကင် ငှက်တို့သည် အားလျော့ကြလိမ့်မည်။ ပင်လယ်ငါးတို့ သည်လည်း ကုန်ကြလိမ့်မည်။
ထို့ကြောင့် ကောင်းကင်နိုင်ငံတော်သည်၊ မိမိကျွန်များတို့ကိုစာရင်းယူခြင်းငှာ အလိုရှိသောမင်းကြီး တ ဦးနှင့်တူ၏။
စာရင်းယူစဉ်တွင်၊ ငွေအခွက်တသိန်းကြွေးတင်သောသူတယောက်ကို ရှေ့တော်သို့ဆောင်ခဲ့ကြ၏။
ထိုသူသည် ကြွေးဆပ်ရန်မရှိသောကြောင့်၊ ကိုယ်မှစ၍ သားမယားဥစ္စာရှိသမျှတို့ကိုရောင်း၍ ကြွေးကို ဆပ်စေဟု သူ၏သခင်စီရင်၏။
ကရုဏာမရှိသောသူသည်၊ ကရုဏာကိုမရဘဲ၊ တရားစီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာသည် တရား စီရင်ခြင်းကိုအောင်၍ ဝါကြွားတတ်၏။