Skip to content

Mercy အကြောင်း ကျမ်းစာအခန်းငယ်များ: To backsliders

6 အခန်းငယ် · 16 ရှုထောင့်

To backsliders အကြောင်း အခန်းငယ်များ

  1. ငါထ၍ အဘထံသို့ သွားမည်။ အဘ၊ အကျွန်ုပ်သည် ဘုရားသခင်ကို၎င်း၊ ကိုယ်တော်ကို၎င်း ပြစ်မှား ပါပြီ။

  2. ယခုမှစ၍ ကိုယ်တော်၏သားဟူ၍ ခေါ်ခြင်းကိုမခံထိုက်ပါ။ သူငှါးအရာ၌ အကျွန်ုပ်ကို ထားတော် မူပါဟု ငါပြောမည်ဟူ၍ အကြံရှိသည်နှင့်၊

  3. ထ၍ အဘထံသို့ သွားလေ၏။ သွား၍ ဝေးသေးသောအခါ အဘသည် သူ့ကိုမြင်လျှင်၊ သနားသော စိတ်ရှိသည်နှင့် ပြေးသွား၍ သား၏လည်ပင်းကို ပိုက်ဘက်လျက် နမ်းရှုပ်လေ၏။

  4. အများသောသူတို့စီရင်သော ဒဏ်သည်ထိုသူ၏ အပြစ်နှင့် တန်ပြီ။

  5. သို့ဖြစ်၍ ထိုသို့သောသူသည် ဝမ်းနည်းခြင်း အားကြီးလျက်၊ မိန်းမောတွေဝေခြင်း မရှိစေခြင်းငှါ၊ သင်တို့သည်ခြားနားသော အားဖြင့် သူ၏အပြစ်ကို လွှတ်၍ သူ့ကိုနှစ်သိမ့်စေခြင်းငှါ ပြုသင့်၏။

  6. ထိုကြောင့်သင်တို့သည် သူ့ကိုအမှန်ချစ်ကြသည်ကို ထင်ရှားစွာပြမည်အကြောင်း ငါတောင်းပန်၏။