Skip to content

Megiddo အကြောင်း ကျမ်းစာအခန်းငယ်များ

13 အခန်းငယ် · 8 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. တာနက်မင်းကြီးတပါး၊ မေဂိဒ္ဒေါမင်းကြီးတပါး၊

  2. ထိုခရိုင်၌ မနာရှေအမျိုးရသော ပြည်သုံးပြည်ဟူ မူကား၊ ဗက်ရှန်မြို့နှင့် သူ့မြို့ရွာများ၊ ဣဗလံမြို့နှင့် သူ့မြို့ ရွာများ၊ ဒေါရမြို့နှင့် သူ့မြို့ရွာများ၊ အင်္ဒေါရမြို့နှင့် သူ့မြို့ ရွာများ၊ တာနက်မြို့နှင့် သူ့မြို့ရွာများ၊ မေဂိဒ္ဒေါမြို့နှင့် သူ့မြို့ရွာများတို့ကို ရသေး၏။

  3. ရှင်ဘုရင်တို့သည် လာ၍ စစ်တိုက်ကြ၏။ ခါနနိရှင်ဘုရင်တို့သည် မေဂိဒ္ဒေါအိုင်၊ တာနက်မြို့အနားမှာ တိုက်သော်လည်း၊ ငွေကို လုယူ၍ မရကြ။

  4. တာနက်မြို့၊ မေဂိဒ္ဒေါမြို့နှင့် တကွဗက်ရှန်မြို့မှ အာဗေလမဟောလမြို့တိုင်အောင်မက၊ ယုတ်နန်မြို့ အလွန်၊ ယေဇရေလမြို့ အောက်ဇာတနမြို့နှင့်နီးစပ် သော ဗက်ရှန်မြို့နယ်လုံးကို စီရင်သော အဟိလုပ်၏သား ဗာန၊

  5. ရှောလမုန်မင်းကြီးသည် ငွေခွဲရသောအကြောင်းဟူမူကား၊ ဗိမာန်တော်၊ နန်းတော်၊ မိလ္လောမြို့၊ ယေရုရှလင်မြို့ရိုး၊ ဟာဇော်မြို့၊ မေဂိဒ္ဒေါမြို့ ဂေဇာမြို့တို့ကို တည်ဆောက်ခြင်းငှါ ငွေခွဲရသတည်း။

  6. ထိုအမှုကို ယုဒရှင်ဘုရင် အာခဇိသည်မြင်လျှင်၊ ဥယျာဉ်စံနန်းလမ်းဖြင့် ပြေး၏။ ယေဟုကလည်း၊ သူ့ကို ရထားပေါ်မှာ ထိုးတော့ဟု လိုက်လျက်ဆိုသည်အတိုင်း၊ ဣဗလံမြို့နား၊ ဂုရမြို့သို့သွားလောလမ်းတွင် ပြုကြသဖြင့်၊ သူသည်မေဂိဒ္ဒေါမြို့သို့ပြေး၍ သေ၏။

  7. ထိုမင်းလက်ထက်၌ အဲဂုတ္တု ဖာရောဘုရင် နေခေါသည် ဥဖရတ်မြစ်တိုင်အောင် အာရှုရိရှင်ဘုရင်ကို စစ်ချီ၍၊ ယောရှိမင်းကြီးသည် ဆီးတားခြင်းငှါ ထွက်ရာ တွင်၊ မေဂိဒ္ဒေါမြို့မှာ မင်းချင်းတွေ့သောအခါ၊ ယောရှိမင်း သည် အသက်ဆုံးလေ၏။

  8. ကျွန်တို့သည် ရထားတော်ပေါ်မှာ တင်ပြီးလျှင်၊ မင်းကြီးသေစဉ်တွင် မေဂိဒ္ဒေါမြို့မှ ယေရုရှလင်မြို့သို့ ဆောင်သွား၍ သင်္ချိုင်းတော်၌ သင်္ဂြိုဟ်ကြ၏။ ပြည်သူ ပြည်သားတို့သည် ယောရှိသားယောခတ်ကို ယူ၍ဘိသတ် ပေးလျက် ခမည်းတော်အရာ၌ နန်းတင်ကြ၏။

  9. မနာရှေအမျိုးသားနေရာအနားမှာ ဗက်ရှန်မြို့ နှင့်ကျေးလက်၊ တာနက်မြို့နှင့်ကျေးလက်၊ မေဂိဒ္ဒေါမြို့ နှင့်ကျေးလက်၊ ဒေါရမြို့နှင့် ကျေးလက်တည်း။ ဤမြို့ရွာ တို့၌ ဣသရေလ၏သားဖြစ်သော ယောသပ်၏ သားတို့ သည် နေရာကျကြ၏။

  10. သို့ရာတွင် ယောရှိသည် မလွှဲမရှောင်၊ နေခေါ ဆင့်ဆိုသော ဘုရားသခင်၏ အမိန့်တော်ကို နား မထောင်၊ စစ်တိုက်ခြင်းငှါ ခြားနားသော အယောင်ကို ဆောင်လျက်၊ မေဂိဒ္ဒေါချိုင့်၌ စစ်ပွဲထဲသို့ ဝင်လေ၏။

  11. လေးသူရဲတို့သည် ယောရှိမင်းကြီးကိုပစ်၍ မှန် သဖြင့်၊ မင်းကြီးက ငါ့ကိုဆောင်သွားလော့။ ပြင်းစွာ အထိအခိုက်ခံရသည်ဟု ကျွန်တို့အား ဆိုလျှင်၊

  12. ကျွန်တို့သည် ရထားတော်ပေါ်ကချ၍၊ ဒုတိယ ရထားတော်ပေါ်၌ တင်ပြီးလျှင်၊ ယေရုရှလင်မြို့သို့ ဆောင်သွားသောအခါ၊ အနိစ္စရောက်၍ ဘိုးဘေးတို့ သင်္ချိုင်း သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ ယုဒပြည်သူ၊ ယေရု ရှလင်မြို့ သားအပေါင်းတို့သည်၊ ယောရှိမင်းအနိစ္စ ရောက်သောကြောင့် ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။

  13. မေဂိဒ္ဒေါချိုင့်တွင် ဟာဒဒြိမ္မုန်မြို့မှာ ငိုကြွေးမြည် တမ်းသကဲ့သို့၊ ထိုကာလ၌ ယေရုရှလင်မြို့မှာ ကြီးစွာသော ငိုကြွေးမြည်တမ်းခြင်း ရှိလိမ့်မည်။