Skip to content

Jezebel အကြောင်း ကျမ်းစာအခန်းငယ်များ

23 အခန်းငယ် · 7 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ဧလိယပြုသော အမှုနှင့် ပရောဖက်အပေါင်းတို့ကို ထားနှင့် ကွပ်မျက်သောအမှုကို၊ အာဟပ်သည် ယေဇဗေလအား အကုန်အစင်ကြားပြော၏။

  2. ယေဇဗေလက၊ နက်ဖြန်နေ့ယခုအချိန်ရောက်မှ၊ သင့်အသက်သည် ထိုပရောဖက်တို့၏ အသက်ကဲ့သို့ ငါမဖြစ်စေလျှင်၊ ဘုရားတို့သည် ငါ၌ထိုမျှမကပြုပါစေ သောဟု တမန်ကို ဧလိယထံသို့စေလွှတ်၍ ကြား လိုက်၏။

  3. ထိုအခါ ဧလိယသည်ကြောက်သဖြင့်၊ ထ၍ အသက်လွတ်အောင် ယုဒခရိုင် ဗေရရှေဘမြို့သို့သွား၏။ ထိုမြို့၌ ကျွန်ကို ထားခဲ့၍၊

  4. ခင်ပွန်းယေဇဗေလသည်လာ၍၊ အစာကို မစားနိုင်အောင် စိတ်တော်သည် အဘယ်ကြောင့် ညှိုးငယ် တော်မူသနည်းဟုမေးလျှင်၊

  5. မင်းကြီးက၊ ယေဇရေလမြို့သားနာဗုတ်ကို ငါခေါ်၍ သင့်စပျစ်ဥယျာဉ်ကို ရောင်းပါ။ သို့မဟုတ် သင်အလို ရှိလျှင် အခြားသောဥယျာဉ်ကို ငါပေးမည်ဟုဆိုသော်၊ ထိုဥယျာဉ်ကို ကိုယ်တော်အားမပေးရဟု ပြန်ပြော သောကြောင့် စိတ်ညှိုးငယ်သည်ဟုဆို၏။

  6. ခင်ပွန်းယေဇဗေလက၊ ကိုယ်တော်သည် ဣသ ရေလနိုင်ငံကို အစိုးရတော်မူသည် မဟုတ်လော။ ထ၍ ရွှင်လန်းသော စိတ်နှင့် စားတော်ခေါ်ပါ။ ကျွန်မသည် ယေဇရေလမြို့သားနာဗုတ်၏ စပျစ်ဥယျာဉ်ကို ဆက်ပါ မည်ဟုဆိုသည်အတိုင်း၊

  7. အာဟပ်မင်း၏ အခွင့်နှင့်စာရေး၍ တံဆိပ် တော်နှင့် ခတ်ပြီးမှ၊ နာဗုတ်နေရာမြို့၌ သူနှင့်အတူ နေသော အသက်ကြီးသူနှင့်မှူးမတ်များထံသို့ ပေးလိုက် လေ၏။

  8. စာချက်ဟူမူကား၊ အစာရှောင်ရာအချိန်ကို ကြွေးကြော်၍၊ နာဗုတ်ကို လူများရှေ့မှာ မြှောက်ထား ကြလော့။

  9. သူ့ရှေ့မှာ အဓမ္မလူနှစ်ယောက်ကိုထား၍၊ သင်သည် ဘုရားသခင်နှင့် ရှင်ဘုရင်ကိုစွန့်ပယ်ပြီဟု သက်သေခံပါလေစေ။ သို့ပြီးမှ သူ့ကို ထုတ်၍ သေစေခြင်း ငှါ ကျောက်ခဲနှင့်ပစ်ကြလော့ဟု ပါသတည်း။

  10. ယေဇဗေလပေးလိုက်သော စာ၌ ပါသည် အတိုင်း၊ နာဗုတ်နေသောမြို့သား အသက်ကြီးသူနှင့် မှူးမတ်တို့သည် ပြုလျက်၊

  11. အစာရှောင်ရာအချိန်ကို ကြွေးကြော်၍ နာဗုတ် ကို လူများရှေ့မှာ မြှောက်ထားကြ၏။

  12. အဓမ္မလူနှစ်ယောက်သည် လာ၍သူ့ရှေ့မှာ ထိုင်လျက်၊ နာဗုတ်သည် ဘုရားသခင်နှင့်ရှင်ဘုရင်ကို စွန့်ပယ်ပြီဟု လူများရှေ့တွင် နာဗုတ်တဘက်၌ သက်သေ ခံကြလျှင်၊ နာဗုတ်ကို မြို့ပြင်သို့ ထုတ်၍ သေအောင် ကျောက်ခဲနှင့်ပစ်ကြ၏။

  13. ထိုအခါ နာဗုတ်သည် ကျောက်ခဲနှင့် ပစ်ခြင်း ကိုခံရ၍ သေပါပြီဟု ယေဇဗေလထံသို့ စေလွှတ်၍ ကြားလျှောက်ကြ၏။

  14. ထိုအကြောင်းကို ယေဇဗေလသည် ကြားလျှင်၊ ယေဇရေလမြို့ သားနာဗုတ် မရောင်းလိုသော စပျစ် ဥယျာဉ်ကို ထ၍ သိမ်းယူတော်မူပါ။ နာဗုတ်အသက်မရှိ၊ သေပါပြီဟု ဆို၏။

  15. နာဗုတ်သေကြောင်းကို အာဟပ်သည် ကြားလျှင်၊ ယေဇရေလမြို့ သားနာဗုတ်၏ စပျစ်ဥယျာဉ်ကို သိမ်းယူခြင်းငှါ ထသွား၏။

  16. ယေဟုသည် ယေဇရေလမြို့သို့ရောက်သည်ကို ယေဇဗေလသည် ကြားလျှင်၊ မျက်ခမ်းတို့ကို ဆေးသုတ်၍ ဆံပင်ကိုတန်ဆာဆင်ပြီးမှ၊ ပြတင်းပေါက်ဝ၌ ကြည့်ရှု လျက် နေ၏။

  17. ယေဟုသည် တံခါးဝသို့ဝင်သောအခါ ယေဇ ဗေလက၊ မိမိသခင် ကိုသတ်သောဇိမရိသည် ချမ်းသာ ရသလောဟု မေးလျှင်၊

  18. ယေဟုသည် မျှော်ကြည့်၍၊ ငါ့ဘက်မှာ အဘယ် သူနေသနည်း။ အဘယ်သူဟုမေးလေသော်၊ မိန်းမစိုး နှစ်ယောက်သုံးယောက်တို့သည် ပြတင်းပေါက်ထဲက ကြည့်ရှုကြ၏။

  19. ယေဟုက၊ သူ့ကို တွန်းချလိုက်ဟုဆိုသည် အတိုင်း တွန်ချသဖြင့်၊ သူ၏အသွေးသည် နန်းတော်ထရံ အပေါ်၌၎င်း၊ မြင်းတို့အပေါ်၌၎င်း စဉ်၏။ ယေဟုသည် သူ့ကိုယ်ကို နင်းလေ၏။ အထဲသို့ဝင်၍၊

  20. စားသောက်ပြီးမှ၊ ထိုကျိန်အပ်သော မိန်းမသည် ရှင်ဘုရင် သမီးဖြစ်သောကြောင့်၊ သွားကြည့်၍သင်္ဂြိုဟ် လော့ဟု ဆိုသည်အတိုင်း၊

  21. သင်္ဂြိုဟ်ခြင်းငှါသွားသောအခါ၊ ဦးခေါင်းခွံ၊ ခြေဖျား၊ လက်ဝါးတို့ကိုသာ တွေ့သောကြောင့်၊ တဖန် လာ၍ ကြားလျှောက်ကြ၏။

  22. ယေဟုက၊ ယေဇရေလေမြေကွက်၌ ခွေးတို့သည် ယေဇဗေလ၏အသားကို စားကြလိမ့်မည်ဟု ထာဝရ ဘုရားသည် မိမိကျွန်တိရှဘိမြို့သားဧလိယအားဖြင့် မိန့်တော်မူသော စကားတော်သည် ဤသို့ ပြည့်စုံပြီ။

  23. သို့ဖြစ်၍ ဤသင်္ချိုင်းသည် ယေဇဗေလသင်္ချိုင်း ဖြစ်၏ဟု အဘယ်သူမျှ မပြောနိုင်မည်အကြောင်း၊ သူ၏ အလောင်းကောင်သည် ယေဇရေလမြေကွက်တွင်၊ လယ်ပြင်၌ နောက်ချေးကဲ့သို့ရှိရလိမ့်မည်ဟု ဆို၏။