အကြောင်းအရာသို့ ကျော်သွားရန်

Jezebel အကြောင်း ကျမ်းစာအခန်းငယ်များ: Death of, at the hand of Jehu

8 အခန်းငယ် · 7 ရှုထောင့်

Death of, at the hand of Jehu အကြောင်း အခန်းငယ်များ

  1. ယေဟုသည် ယေဇရေလမြို့သို့ရောက်သည်ကို ယေဇဗေလသည် ကြားလျှင်၊ မျက်ခမ်းတို့ကို ဆေးသုတ်၍ ဆံပင်ကိုတန်ဆာဆင်ပြီးမှ၊ ပြတင်းပေါက်ဝ၌ ကြည့်ရှု လျက် နေ၏။

  2. ယေဟုသည် တံခါးဝသို့ဝင်သောအခါ ယေဇ ဗေလက၊ မိမိသခင် ကိုသတ်သောဇိမရိသည် ချမ်းသာ ရသလောဟု မေးလျှင်၊

  3. ယေဟုသည် မျှော်ကြည့်၍၊ ငါ့ဘက်မှာ အဘယ် သူနေသနည်း။ အဘယ်သူဟုမေးလေသော်၊ မိန်းမစိုး နှစ်ယောက်သုံးယောက်တို့သည် ပြတင်းပေါက်ထဲက ကြည့်ရှုကြ၏။

  4. ယေဟုက၊ သူ့ကို တွန်းချလိုက်ဟုဆိုသည် အတိုင်း တွန်ချသဖြင့်၊ သူ၏အသွေးသည် နန်းတော်ထရံ အပေါ်၌၎င်း၊ မြင်းတို့အပေါ်၌၎င်း စဉ်၏။ ယေဟုသည် သူ့ကိုယ်ကို နင်းလေ၏။ အထဲသို့ဝင်၍၊

  5. စားသောက်ပြီးမှ၊ ထိုကျိန်အပ်သော မိန်းမသည် ရှင်ဘုရင် သမီးဖြစ်သောကြောင့်၊ သွားကြည့်၍သင်္ဂြိုဟ် လော့ဟု ဆိုသည်အတိုင်း၊

  6. သင်္ဂြိုဟ်ခြင်းငှါသွားသောအခါ၊ ဦးခေါင်းခွံ၊ ခြေဖျား၊ လက်ဝါးတို့ကိုသာ တွေ့သောကြောင့်၊ တဖန် လာ၍ ကြားလျှောက်ကြ၏။

  7. ယေဟုက၊ ယေဇရေလေမြေကွက်၌ ခွေးတို့သည် ယေဇဗေလ၏အသားကို စားကြလိမ့်မည်ဟု ထာဝရ ဘုရားသည် မိမိကျွန်တိရှဘိမြို့သားဧလိယအားဖြင့် မိန့်တော်မူသော စကားတော်သည် ဤသို့ ပြည့်စုံပြီ။

  8. သို့ဖြစ်၍ ဤသင်္ချိုင်းသည် ယေဇဗေလသင်္ချိုင်း ဖြစ်၏ဟု အဘယ်သူမျှ မပြောနိုင်မည်အကြောင်း၊ သူ၏ အလောင်းကောင်သည် ယေဇရေလမြေကွက်တွင်၊ လယ်ပြင်၌ နောက်ချေးကဲ့သို့ရှိရလိမ့်မည်ဟု ဆို၏။