အကြောင်းအရာသို့ ကျော်သွားရန်

Holy Spirit အကြောင်း ကျမ်းစာအခန်းငယ်များ

145 အခန်းငယ် · 2 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထ၍ဆင်းလော့။ တွေးတောခြင်းမရှိဘဲ ထိုသူတို့နှင့်အတူ လိုက်သွားလော့။ အကြောင်းမူကား၊ ထိုသူတို့သည် ငါစေလွှတ်သော သူဖြစ်ကြသည်ဟု မိန့်တော်မူလျှင်၊

  2. ထိုစကားကို မြွက်ဆိုစဉ်၊ နှုတ်ကပတ်တရား တော်ကို ကြားနာရသော သူအပေါင်းတို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သည် သက်ရောက်တော်မူ၏။

  3. တပါးအမျိုးသားတို့ အပေါ်သို့သန့်ရှင်းသော ဝိညာဉ်တော်၏ ကျေးဇူးကိုသွန်းလောင်းသောကြောင့်၊ အရေဖျားလှီးခြင်းကို ခံသောသူ တည်းဟူသော ပေတရု နှင့် ပါသမျှသော တပည့်တော်တို့သည် မိန်းမော တွေဝေခြင်းရှိကြ၏။

  4. အကြောင်းမူကား၊ ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကား အားဖြင့်ပြော၍၊ ဘုရားသခင်ကို ချီးမွမ်း သည်ကိုကြားကြလေ၏။

  5. ထိုအခါကေတရုက၊ ငါတို့ကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော် ကိုခံရသော ဤသူတို့ကို ဗတ္တိဇံ မပေးစေ ခြင်းငှါ အဘယ်သူသည် ရေကို မြစ်တားနိုင်သနည်း ဟုဆိုလျက်၊

  6. ငါသည်ဟောပြောစပြုစဉ်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ရှေ့ဦးစွာ ငါတို့အပေါ်သို့ သက် ရောက်တော်မူသည်နည်းတူ၊ ထိုသူတို့ အပေါ်သို့လည်း သက်ရောက်တော်မူ၏။

  7. ယောဟန်သည် ရေ၌ဗတ္တိဇံကိုပေး၏။ သင်တို့ သည် သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံကို ခံရကြလိမ့် မည်ဟု သခင်ဘုရား မိန့်တော်မူသော စကားကို ထိုအခါ ငါအောက်မေ့၏။

  8. သခင်ယေရှုခရစ်ကို ယုံကြည်သောငါတို့အား ဘုရားသခင်သည် ဆုကျေးဇူးကို ပေးတော်မူသည် နည်းတူ၊ ထိုသူတို့အားလည်း ပေးတော်မူသည်ဖြစ်သောကြောင့်၊ ငါသည်အဘယ်သို့သောသူဖြစ်၍ ဘုရားသခင်ကို ဆီးတားနိုင်သနည်းဟု ပေတရုဆို၏။

  9. ဖြူဂိပြည်၊ ဂလာတိပြည်ကို ရှောက်သွားပြီးမှ အာရှိပြည်၌ နှုတ်ကပတ်တရားတော်ကို မဟောစေခြင်းငှါ သန့်ရှင်းသော ဝိညာဉ် တော်သည်မြစ်တားတော်မူသဖြင့်၊

  10. မုသိပြည်သို့ရောက်၍၊ ဗိသုန်ပြည်သို့ သွားမည်ပြုကြစဉ်၊ ဝိညာဉ်တော်သည် အခွင့်ပေး တော်မူသောကြောင့်၊

  11. သင်တို့သည် ယုံကြည်သည်နောက်၊ သန့်ရှင်း သော ဝိညာဉ်တော် ကိုခံကြပြီဟု မေးသည်ရှိသော်၊ သန့်ရှင်းသော ဝိညာဉ်တော်သက်ရောက်သည်ကို အကျွန်ုပ်တို့မသိပါဟု ပြောဆိုကြ၏။

  12. ပေါလုကလည်း၊ သို့ဖြစ်လျှင်၊ သင်တို့သည် အဘယ်မည်သော ဗတ္တိဇံကို ခံကြသနည်းဟု မေးလျှင်၊ ယောဟန်၏ဗတ္တိဇံကိုခံပါသည်ဟု ပြောဆိုကြ၏။

  13. ပေါလုကလည်း၊ ယောဟန်က၊ ငါ့နောက်ကြွလာသောသူကို ယုံကြည်ရမည်ဟု လူများတို့အား ပြောဆို လျက်၊ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံကိုပေး၏။ ထိုသို့ဆိုရာ၌ ယေရှုခရစ်ကို ဆိုလိုသည်။

  14. ဟူသောစကားကို ကြားလျှင်၊ ထိုသူတို့သည် သခင်ယေရှု၏ နာမ၌ဗတ္တိဇံကို ခံကြ၏။

  15. ပေါလုသည်လည်း၊ သူတို့အပေါ်၌ လက်ကိုတင်လျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ဆင်းသက်တော် မူသဖြင့်၊ ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကားကို ပြော၍ ပရောဖက်ပြုကြ၏။

  16. ထိုမျှမက၊ ဒုက္ခဆင်းရဲခြင်းကိုခံ၍ ဝါကြွား ဝမ်းမြောက်ခြင်းရှိကြ၏။ အကြောင်းမူကား၊ ဒုက္ခ ဆင်းရဲခြင်းသည် သည်းခံခြင်းကို ပြုစုတတ်၏။

  17. သည်းခံခြင်းသည်လည်း သက်သေထင်ရှားခြင်းကို ပြုစုတတ်၏။ သက်သေထင်ရှားခြင်းသည်လည်း မြော်လင့်ခြင်းကို ပြုစုတတ်၏။

  18. ထိုမြော်လင့်ခြင်းသည် ရှက်ကြောက်စရာ အကြောင်းနှင့် ကင်းလွတ်၏။ အဘယ်ကြောင့်နည်းဟူမူ ကား၊ ငါတို့အားပေးတော်မူသောသန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်၏မေတ္တာတော်ကို ငါတို့ စိတ်နှလုံးထဲသို့ ညွှန်းလောင်းတော်မူ၏။

  19. ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ် ပကတိအတိုင်း ကျင့်သောသူတို့သည် အပြစ်စီရင်ခြင်း နှင့် လွတ်ကြ၏။

  20. ယေရှုခရစ်၌တည်၍ အသက်ရှင်စေသော ဝိညာဉ်တော်၏တရားသည် အပြစ်တရား၏ လက်မှ၎င်း၊ သေခြင်းတရား၏လက်မှ၎င်း၊ ငါ့ကိုကယ်လွှတ်ပြီ။

  21. ဇာတိပကတိကြောင့် ပညတ်တရားသည် အားနည်း၍ မတတ်နိုင်သောအမှုကို ဘုရားသခင်ပြု တော်မူခြင်းငှါ၊ အပြစ်နှင့်ပြည့်စုံသော ဇာတိပကတိ၏ သဏ္ဌာန်ကို ဆောင်သော မိမိသားတော်ကို စေလွှတ် တော်မူ၍၊ အပြစ်ဖြေဘို့ရာဇာတိပကတိ၌ အပြစ်ကို ဒဏ်ပေးတော်မူ၏။

  22. အကြောင်းမူကား၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်သောငါတို့သည်၊ တရား၌ ပါသောပညတ်တို့ကို စောင့်ရှောက်မည်အကြောင်းတည်း။

  23. ဇာတိပကတိရှိသောသူတို့သည် ဇာတိပကတိ နှင့် စပ်ဆိုင်သော အရာတို့ကိုစွဲလမ်းသော စိတ်သဘော ရှိကြ၏။ ဝိညာဉ်ပကတိရှိသော သူတို့မူကား၊ ဝိညာဉ် ပကတိနှင့်စပ်ဆိုင်သောအရာတို့ကို စွဲလမ်းသော စိတ်သဘောရှိကြ၏။

  24. ဇာတိပကတိစိတ်သဘောသည် သေခြင်းအကြောင်းဖြစ်၏။ ဝိညာဉ်ပကတိစိတ်သဘောသည် အသက်ရှင်ခြင်းအကြောင်းနှင့် ငြိမ်သက်ခြင်းအကြောင်း ဖြစ်၏။

  25. အဘယ်ကြောင့်နည်းဟူမူကား၊ ဇာတိပကတိ စိတ်သဘောသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်၏။ ဘုရးသခင်၏ တရားတော်အလို သို့မလိုက်တတ်။ ထိုမျှမကမလိုက်နိုင်။