Skip to content

Eli အကြောင်း ကျမ်းစာအခန်းငယ်များ

33 အခန်းငယ် · 9 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ယခု ဆုတောင်းသည်အတိုင်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ပေးသနားတော် မူပါစေသောဟု မြွက်ဆို၏။

  2. ဟန္နကလည်း၊ ကိုယ်တော်၏ ကျွန်မသည် ရှေ့တော်၌ မျက်နှာရပါစေသောဟု လျှောက်ပြီးမှ၊ ခြားနား သော မျက်နှာနှင့် သွား၍ အစာစားလေ၏။

  3. နို့ကွာပြီးမှ၊ အသက်သုံးနှစ်ရှိသော နွားတကောင်၊ မုန့်ညက် တဧဖာ၊ စပျစ်ရည်တဘူးနှင့်တကွ သူငယ်ကို ဆောင်သွား၍၊ ရှိလောမြို့၌ ထာဝရဘုရား၏ အိမ်တော်သို့ ရောက်လေ၏။ ထိုအခါ သူငယ်သည် အသက်နုသေး၏။

  4. နွားကိုသတ်၍ သူငယ်ကို ဧလိထံသို့ သွင်းလျက်၊ ဟန္နက၊ ကျွန်မ၏သခင်၊-

  5. ကိုယ်တော် အသက်ရှင်သည်အတိုင်း၊ ကျွန်မသည် ယမန်တခါ ဤအရပ်၌ ကိုယ်တော်အနားမှာ ရပ်လျက် ဆုတောင်းသော မိန်းမဖြစ်ပါ၏။

  6. ထိုအခါ ဤသူငယ်ကို ရမည်အကြောင်း ဆုတောင်းပါ၏။ တောင်းသည်အတိုင်း ထာဝရဘုရားသည် ပေးသနားတော်မူပြီ။

  7. ထိုကြောင့် ကျွန်မသည် သူ့ကို ထာဝရဘုရားအား ငှါးပါပြီ။ သူသည် တသက်လုံး ထာဝရဘုရားထံ တော်၌ အငှါးခံ၍ နေရပါမည်သခင်ဟု လျှောက်ပြီးမှ၊ ထိုအရပ်၌ ထာဝရဘုရားကို ကိုးကွယ်ကြ၏။

  8. ဧလိသည် အသက်အရွယ်လွန်သောအခါ၊ သူ၏သားတို့သည် ဣသရေလလူအပေါင်းတို့၌ ပြုသမျှ ကို၎င်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ စည်းဝေးသောမိန်းမနှင့် မှားယွင်းကြောင်းကို ၎င်း ကြားသိလျှင်၊

  9. သင်တို့သည် အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ သင်တို့ပြုသော ဒုစရိုက်တို့ကို လူအပေါင်းတို့ သည် ပြော၍ ငါကြားရ၏။

  10. မကောင်းဘူးငါ့သားတို့။ ငါကြားသော သိတင်းသည် ကောင်းသော သိတင်းမဟုတ်။ ထာဝရဘုရား ၏ လူတို့သည် ပြစ်မှားရမည်အကြောင်း၊ သင်တို့ပြုကြသည် တကား။

  11. လူချင်းတယောက်ကို တယောက်ပြစ်မှားလျှင်၊ တရားသူကြီး စစ်ကြောစီရင်ရ၏။ လူသည် ထာဝရ ဘုရားကို ပြစ်မှားလျှင်၊ သူ့အတွက် အဘယ်သူ တောင်းပန်လိမ့်မည်နည်းဟု ဆုံးမသော်လည်း၊ သူ တို့သည် အဘ၏ စကားကို နားမထောင်ကြ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ကွပ်မျက်ခြင်း ငှါ အလိုရှိတော်မူ၏။

  12. ဘုရားသခင်၏ လူတယောက်သည် ဧလိထံသို့လာ၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တု ပြည်၊ ဖာရောဘုရင်ထံ၌နေရသော သင့်အဘ၏ အမျိုးအား ငါ ထင်ရှားသည် မဟုတ်လော။ -

  13. ငါ၏ ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ခြင်း၊ နံ့သာပေါင်းကို မီးရှို့ခြင်း၊ ငါ့ရှေ့မှာ သင်တိုင်းကို ဝတ်ခြင်း အမှုကို စောင့်ရသော ငါ၏ ယဇ်ပုရောဟိတ် ဖြစ်စေခြင်းငှါ၊ သူ့ကို ဣသရေလအမျိုးအပေါင်းတို့ အထဲက ငါရွေးကောက်သည် မဟုတ်လော။ ဣသရေလအမျိုးသားတို့သည် မီးဖြင့်ပြုသော ပူဇော်သက္ကာ ရှိသမျှတို့ကို၊ သင့်အဘ၏ အမျိုးအား ငါပေးသည်မဟုတ်လော။-

  14. ငါ့အိမ်၌ ငါစီရင်သောယဇ်၊ ငါ့ပူဇော်သက္ကာကို အဘယ်ကြောင့် ခြေနှင့်ကန်သနည်း။ ငါ၏လူ ဣ သရေလအမျိုးသား တင်လှူသော ပူဇော်သက္ကာရှိသမျှတို့တွင်၊ အမြတ်ဆုံးသော အရာကို ဝစွာစား စေ၍၊ သင်၏သားတို့ကို ငါ့အပေါ်မှာ အဘယ်ကြောင့် ချီးမြှောက်သနည်း။

  15. ထိုသို့ပြုသောကြောင့်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့် အမျိုး၊ သင့်အဘ၏အမျိုးသည် ငါ့ရှေ့မှာအစဉ် သွားလာရလိမ့်မည်ဟု ငါဆိုမိသော်လည်း၊ တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုဂတိသည် ငါနှင့်ဝေးပါစေ။ ငါ့ကို ချီးမြှောက်သော သူတို့ ကို ငါချီးမြှောက်မည်။ ငါ့ကို မထီမဲ့မြင်ပြုသော သူတို့သည် ဂုဏ်သရေ ပျက်ကြလိမ့်မည်။-

  16. သင်၏ အမျိုးတွင် အိုသောသူတယောက်မျှ မရှိစေခြင်းငှါ၊ သင်၏ လက်ရုံးနှင့် သင့်အဆွေအမျိုး ၏ လက်ရုံးကို ငါဖြတ်သော အချိန်ကာလရောက်လိမ့်မည်။-

  17. ဣသရေလအမျိုးအား ငါပေးသော စည်းစိမ်ရှိရာ အိမ်ပေါ်မှာ ဘေးဥပဒ်ရောက်ကြောင်းကို သင် မြင်ရလိမ့်မည်။ သင်၏ အမျိုးတွင် အိုသောသူတယောက်မျှ အစဉ်မရှိရ။-

  18. ငါ၏ယဇ်ပလ္လင်မှ ငါမပယ်မဖြတ်သော သင်၏အမျိုးသားသည်၊ သင့်မျက်စိပျက်၍ စိတ်ကြင်နာဘို့ ရာဖြစ်လိမ့်မည်။ သင်၏ သားစဉ်မြေးဆက်တို့သည် အသက်ပျိုစဉ်ပင် သေရကြလိမ့်မည်။-

  19. သင်၏သား ဟောဖနိနှင့် ဖိနဟတ်နှစ်ယောက်တို့၌ ဖြစ်စေ၍၊ သင့်အား ငါပေးသော ပုပ္ပနိမိတ် ဟူမူကား၊ ထိုသူနှစ်ယောက်တို့သည် တနေ့ခြင်းတွင် သေလိမ့်မည်။ -

  20. တဖန် ငါ့စိတ်နှလုံးအလိုသို့ လိုက်၍ သစ္စာစောင့်သော ယဇ်ပုရောဟိတ်ကို ငါပေါ်ထွန်းစေမည်။ မြဲသောအိမ်ကို သူ့အဘို့ ငါဆောက်ပေးသဖြင့်၊ သူသည် ငါ့ထံ၌ ဘိသိက်ခံသောသူရှေ့မှာ အစဉ် သွားလာရလိမ့်မည်။

  21. သင်၏ အမျိုး၌ ကျန်ကြွင်းသော သူတိုင်းသူ့ထံသို့လာ၍၊ ကျွန်တော်သည် မုန့်အနည်းငယ်ကို စားရ မည်အကြောင်း၊ ယဇ်ပုရောဟိတ်အရာနှင့်ဆိုင်သော အမှုတစုံတခု၌ ကျွန်တော်ကို စေခိုင်းပါလော့ ဟု ငွေစ၊ မုန့်စကို ရလိုသောငှါ၊ ရှိခိုးလျက် တောင်းပန်လိမ့်မည်ဟု အမိန့်တော်ကို ပြန်လေ၏။

  22. ထာဝရဘုရားက၊ သိတင်းကြားသောသူတိုင်း နားနှစ်ဘက်ခါးစေခြင်းငှါ၊ ငါသည် ဣသရေလ အမျိုး၌ တစုံတခုကိုပြုမည်။

  23. ဧလိအိမ်သားတို့တဘက်၌ ငါပြောသမျှအတိုင်း ထိုနေ့တွင် ငါပြုမည်။ ပြုစရှိပြီးမှ လက်စသတ်မည်။-

  24. ထိုသူ၏သားတို့သည် ကိုယ်ယုတ်မာသည်တိုင်အောင်၊ ကိုယ်ပြုသော ဒုစရိုက်အပြစ်ကို သူသိသော် လည်း ကျပ်တည်းစွာ မဆုံးမဘဲနေသောကြောင့်၊ သူ၏ အိမ်သားတို့၌ ငါသည် အစဉ်အမြဲ ဒဏ်ပေး မည်ဟု ငါပြောပြီ။-

  25. ထိုကြောင့် ဧလိ၏အိမ်သားတို့ အပြစ်သည် ယဇ်နှင့်ပူဇော်သက္ကာအားဖြင့် မဖြေ၊ အစဉ်အမြဲ တည်ရ မည်အကြောင်း သူတို့အား ငါ ကျိန်ဆိုပြီဟု မိန့်တော်မူ၏။