အကြောင်းအရာသို့ ကျော်သွားရန်

Consolation Under Affliction အကြောင်း ကျမ်းစာအခန်းငယ်များ: To the troubled in mind

6 အခန်းငယ် · 22 ရှုထောင့်

"Consolation Under Affliction" ကို ရှာဖွေရန်

To the troubled in mind အကြောင်း အခန်းငယ်များ

  1. အိုငါ့ဝိညာဉ်၊ သင်သည်အဘယ်ကြောင့် ညှိုးငယ် သနည်း။ ငါ့အထဲမှာအဘယ်ကြောင့် မငြိမ်းမဝပ်ရှိသ နည်း။ ဘုရားသခင်ကို မြော်လင့်လျက်နေလော့။ ငါ့ကို ကယ်တင်တော်မူသောအရှင်၊ ငါကိုးကွယ်သော ဘုရား သခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာပြုရလေအံ့ သတည်း။

  2. အကျွန်ုပ်၏ နှလုံးထဲမှာ စိတ်များပြားသောအခါ၊ ကိုယ်တော်သည် သက်သာစေတော်မူသဖြင့်၊ အကျွန်ုပ်၏ ဝိညာဉ်သည် ရွှင်လန်းပါ၏။

  3. တဖန်တုံယေရှုက၊ သင်တို့ စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။

  4. ငြိမ်သက်ခြင်းကို သင်တို့၌ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်။

  5. ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် ငိုကြွေးမြည်တမ်းခြင်းရှိကြလိမ့်မည်။ လောကီသားတို့သည် ဝမ်းမြောက်ခြင်းရှိကြလိမ့်မည်။ သင်တို့မူကား ဝမ်းနည်းခြင်းရှိသော်လည်း ထိုဝမ်းနည်းခြင်းသည် တဖန် ဝမ်းမြောက်ခြင်း ဖြစ်လိမ့်မည်။

  6. ထိုနည်းတူ၊ ယခုတွင် သင်တို့သည် ဝမ်းနည်းခြင်းရှိကြသော်လည်း၊ နောက်တဖန်သင်တို့ကို ငါတွေ့မြင် သဖြင့် သင်တို့သည်စိတ်နှလုံးဝမ်းမြောက်ခြင်း ရှိကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကို အဘယ်သူမျှ လုယူ ဖျက်ဆီးခြင်းငှါ မတတ်နိုင်။