Consolation Under Affliction အကြောင်း ကျမ်းစာအခန်းငယ်များ: To the poor
To the poor အကြောင်း အခန်းငယ်များ
သို့သော်လည်း၊ ကိုယ်တော်သည် မြင်တော်မူပြီ။ အကြောင်းမူကား၊ ပင်ပန်းစေခြင်းနှင့် နှောင့်ရှက်စေခြင်း ကို လက်ဝါးတော်၌ မှတ်သားမည်ဟု ကြည့်ရှုတော်မူ တတ်ပါ၏။ ဆင်းရဲသောသူသည် ကိုယ်တော်၌ ကိုယ်ကို အပ်တတ်ပါ၏။ ကိုယ်တော်သည် မိဘမရှိသော သူ၏ ခိုလှုံရာဖြစ်တော်မူ၏။
ဤဆင်းရဲသောသူ၏ အော်ဟစ်ခြင်းအသံကို ထာဝရဘုရားသည် နားထောင်၍၊ ခပ်သိမ်းသောဆင်းရဲ ထဲက ကယ်လွှတ်တော်မူ၏။
ထာဝရဘုရား၏ သန့်ရှင်းသူတို့၊ ထာဝရဘုရား ကို ကြောက်ရွံ့ကြလော့။ ကြောက်ရွံ့သောသူတို့၌ ဆင်းရဲ ခြင်းမရှိရာ။
ခြင်္သေ့တို့သည် ဆင်းရဲ၍ ငတ်မွတ်ခြင်းကို ခံရ သော်လည်း၊ ထာဝရဘုရားကို ရှာသောသူတို့၌ ကောင်း သောအရာတစုံတခုမျှ မလိုရာ။